Saturday, February 28, 2009

နစက ပစ်ခတ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တဦး သေဆုံး

ငြိမ်းချမ်း
စနေနေ့၊ ဖေဖေါ်ဝါရီလ 28 2009 14:23 - မြန်မာစံတော်ချိန်


ဘင်္ဂလားဒေ့ရှ် (မဇ္ဈိမ)။ ။ မြန်မာနယ်စပ် နတ်မြစ်အတွင်း နယ်စပ်ဒေသေ စိစစ်ကြီးကြပ်ရေး - နစက က ပစ်ခတ်သဖြင့် ယခုလ ၂၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည်တဦး သေဆုံးကာ၊ တဦး ဒဏ်ရာ ရရှိခဲ့သည်။

မြန်မာနိုင်ငံဘက်ခြမ်း မောင်တောသို့ လှေတစီးဖြင့် ငါးဝယ်သွားစဉ် နံနက် ၆ နာရီခန့်တွင် ငခူရ အခြေစိုက် အမှတ် ၄ နစက ပစ်ခတ်ခဲ့သဖြင့် ဝိုက်ကျောင်းကျေရွာနေ ၃ဝ နှစ်အရွယ် စူလတန် အာမက် (Sulatan Armad) သေဆုံးခဲ့ပြီး ၃၂ နှစ်အရွယ် စိုးယွတ်ဟူဆင် (Soyout Hossain) မှာ ညာဘက်ရင်ဘတ်တွင် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

“ငခူရ နစက လှမ်းပစ်တာ သေနတ် သုံးချက်ပစ်တယ်။ ပထမ တချက်မှာ ကျနော့် ရင်ဘတ်ကိုမှန်ပြီး ဒဏ်ရာရသွားတဲ့ အချိန်မှာ စူလတန်က လှေကို ကျနော်တို့ နိုင်ငံဘက်ကို ပြန်လှည့်တဲ့အချိန်မှာ တတိယ ကျည်ဆံက သူ့ကို မှန်ပြီးတော့ ရေထဲကို ကျသွားတယ်” ဟု သေနတ်ဒဏ်ရာဖြင့် ဆေးရုံတင်ခံထားရသူ စိုးယွတ်ဟူဆင် (Soyout Hossain) က မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် အခြား ငါးဖမ်းလှေများက ရင်ဘတ်တွင် ဒဏ်ရာရခဲ့သူ စိုးယွတ်ဟူဆင် လှေကို ဘင်္ဂလားဒေ့ရှ်သို့ ဆွဲလာပြီး ကော့စ်ဘာဇာ ဆေးရုံသို့ ပို့ခဲ့ကြသည်။ ယခုအခါ စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိတော့ပါ။

ပစ်ခတ်မှုနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အမှတ် ၄၃ ရိုင်ဖယ်က ဗိုလ်မှူး ဟေလာခမ်း (BDR of Major Hallakhan) ဦးဆောင်ပြီး သေဆုံးသူ၏ ကျေးရွာအုပ်စု ဥက္ကဋ္ဌ၊ ကျေးရွာ ဥက္ကဋ္ဌနှင့် ဇနီးဖြစ်သူ ဘဲဂွန်းခါလက်တို့က အခင်းဖြစ်သည့်နေ့ ညနေပိုင်းတွင် နစက နှင့် တွေ့ဆုံကာ သေဆုံးသူ၏ ရုပ်အလောင်းကို ပြန်တောင်းခဲ့သည်။

သေဆုံးသွားသူနှင့် ဆွေးမျိုးတော်စပ်သူ မူဟာမက် ယူစွတ်က (MD, Usout) “ကျန်ရစ်သူ မိသားစုကလည်း သေဆုံးသွားတဲ့ အလောင်းကို လိုချင်တယ်၊ မြင်ချင်တယ်။ ခင်ပွန်းသည်ရဲ့ နောက်ဆုံး သွားရာလမ်းမှာ အလောင်းကို မူစလင် ထုံးစံအရ လုပ်ချင်လို့ အလောင်းကို ပြန်တောင်းနေတာ မရဘူး။ သူတို့က ငါတို့ဆီမှာ မရှိဘူးလို့ ပြောတယ်” ဟု မဇ္ဈိမကို ပြောသည်။

တက္ကနာမြို့နယ် ထောက်လှမ်းရေး မူဟာမက် နိုဒူ (MD, Nodu) ကလည်း “ဆွေးနွေးပွဲမှာ အလောင်းပြန်ရဖို့၊ နောက်ထပ် ဒီပြဿနာမျိုး မဖြစ်ဖို့ ဆွေးနွေးကြတယ်။ ဘယ်အချက်ကိုမှ သဘောတူညီချက် မရသေးဘူး” ဟု ဆိုသည်။

နောက်ဆက်တွဲသတင်းအရ သေဆုံးသူ၏ ရုပ်ကလာပ်ကို ယခု ၂၆ ရက်နေ့တွင် တက္ကနာမြို့အနီး နတ်မြစ်အတွင်းက ပြန်ရခဲ့ပြီး လက်ဝဲဘက် ရင်အုံတွင် ကျည်ဆံ ထိမှန်ခဲ့ကြောင်း ယူစွတ်က အတည်ပြု ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် လာရောက် သစ်ခုတ်သဖြင့် နစက တပ်၏ ပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့ နှစ်အတွင်းက သေဆုံးမှုအချို့ ရှိခဲ့သည်။

ရွှေ့ပြောင်း ရိုဟင်ဂျာများကို လက်ခံရန် မြန်မာက စည်းကမ်းသတ်မှတ်

ဥဆာ ဖိချိုင်း
စနေနေ့၊ ဖေဖေါ်ဝါရီလ 28 2009 14:38 - မြန်မာစံတော်ချိန်


ဟွာဟင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမှ ‘ဘင်္ဂါလီ’ များဟု စိစစ်တွေ့ရှိရသူ ရွှေ့ပြောင်း နိုင်ငံသားများကိုသာ ပြန်လည် လက်ခံမည်ဟု မြန်မာစစ်အစိုးရက ပြောဆိုကြောင်း ထိုင်းအစိုးရ နိုင်ငံခြားရေး ဝန်ကြီးက ထိုင်းနိုင်ငံတွင် ကျင်းပသော ဒေသတွင်း အာဆီယံအဖွဲ့ကြီး၏ ထိပ်သီး အစည်းဝေးတွင် ပြောကြားလိုက်သည်။

ဒုက္ခသည် ပြဿနာအတွက် အဖြေရှာရန် အရှေ့တောင်အာရှနိုင်ငံများ - အာဆီယံ၏ အဖွဲ့ဝင် ၁ဝ နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အာဆီယံအဖွဲ့ကြီး၏ အတွင်းရေးမှူး အဖွဲ့တို့ ပူးပေါင်း aဆာင်ရွက်ရမည်ဟု အဖွဲ့ဝင် ၁ဝ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အစည်းအဝေး ပြုလုပ်အပြီး၊ အာဆီယံဥက္ကဋ္ဌ ကဆစ် ဖိရူမ်း - Kasit Piromya က သတင်းထောက်များကို သောကြာနေ့က ပြောကြားလိုက်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံက တရားဝင် သတ်မှတ်ထားတဲ့ လူမျိုးစုများစာရင်းမှာ ဘင်္ဂါလီအုပ်စုပဲ ပါတယ်။ ရိုဟင်ဂျာကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးတမျိုးအဖြစ် လက်ခံထားခြင်း မရှိဘူးလို့ မြန်မာ အရာရှိတွေက ပြောပါတယ်” ဟု ပီရောမ်ယားက ပြောသည်။

ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတွင် ရှိသော ရိုဟင်ဂျာ၊ ဘင်္ဂါလီလူမျိုးများကို စိစစ်ပြီး မြန်မာနိုင်ငံမှ လာကြောင်း အတည်ပြုမည်ဟု သူက ပြောသည်။

ဤပြဿနာကို ဖြေရှင်းရန် အဆင့် ၂ ဆင့်ဖြင့် ဆောင်ရွက်ရမည် ဖြစ်သည်၊ ပထမအဆင့်တွင် အာဆီယံမှာ ပတ်သက် ဆက်စပ်နေသည့် နိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်ကူညီမှုကို ရယူရန်၊ နောက်တဆင့်က ပိုအဆင့်မြင့်သည့် ဘာလီဖြစ်စဉ်အတွင်း ဆက်လက်ဆွေးနွေးရန် ဖြစ်သည်။

အာဆီယံအဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်း ပစ်ဆူဝမ် - Dr. Surin Pitsuwan ကလည်း ရိုဟင်ဂျာ ပြဿနာသည် ဒေသတွင်း ပြဿနာဖြစ်ရာ လောလောဆယ်တွင် အာဆီယံ အဖွဲ့တွင်းရှိ နိုင်ငံများ အတွင်း၌သာ ဖြေရှင်းလျှင် ဆွေးနွေးဖြေရှင်း၍ ရမည်မဟုတ်ဟု ဆိုသည်။ ထို့ကြောင့် ဤပြဿနာကို ၂ဝဝ၉ ခုနှစ် ဧပြီလ ၁၄ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပမည့် ‘ဘာလင်ဖြစ်စဉ်’ အစည်းအဝေးတွင် တင်ပြဆွေးနွေးမည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတွင်းရှိ ဘင်္ဂါလီများ၏ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွင်လည်း အာဆီယံ အတွင်းရေးမှူးများအဖွဲ့က ဝင်ရောက် ဆောင်ရွက်မည် ဖြစ်သည်။ သို့သော် အချိန်ဇယား အတိအကျကိုမူ မကြေညာသေးပါ။

ဤအစည်းအဝေးတွင် ရိုဟင်ဂျာပြဿနာအပြင် နာဂစ် ဆိုင်ကလုံးမုန်တိုင်း ကိစ္စများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်။ အာဆီယံ၏ ကယ်ဆယ်ရေး အစီအစဉ်များ အောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့ကြသည်။ ဤအစီအစဉ်ကို ၂ဝ၁ဝ ခုနှစ် နှစ်လည်အထိ နောက်ထပ်တနှစ် ထပ်တိုးရန်လည်း ဆုံးဖြတ်ခဲ့သည်။

“ဤအချိန်ဇယားသည် မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေ ရွေးကောက်ပွဲနှင့်လည်း ဆက်စပ်နေကြောင်း မြန်မာအရာရှိများက ပြောသည်။ သူတို့ (မြန်မာအစိုးရ)အနေနဲ့ နောက်တက်လာမယ့် ရွေးကောက်ခံ အစိုးရကိုယ်စား ဆုံးဖြတ်ဆောင်ရွက်တာ မလုပ်လိုကြောင်းလည်း ပြောသွားပါတယ်” ဟု သူက ဆက်ပြောသည်။

အဖွဲ့ဝင်နိုင်ငံများအကြား ၂ဝဝ၄ ခုနှစ် ဆူနာမီကာလနှင့် ၂ဝဝ၈ ခုနှစ် နာဂစ်ဆိုင်ကလုံးမုန်တိုင်း ကာလတို့တွင် ရရှိခဲ့သော လူသားချင်း စာနာကူညီသည့် လုပ်ငန်းတွင် အတူတကွ ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများသည် ယခု ရိုဟင်ဂျာ ပြဿနာတွင်လည်း အဖြေရရေးအတွက် အထောက်အကူပြုလိမ့်မည် ဖြစ်ကြောင်းဖြင့်လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဆက်ပြောသည်။

ဤအတောအတွင်း လူ့အခွင့်အရေးအဖွဲ့များက ဤသို့လူမျိုးစုကိစ္စ စိစစ်ခြင်းသည် ပြဿနာ အဖြေရှာခြင်း မဟုတ်ကြောင်းဖြင့် ပြောကြားလိုက်ကြသည်။

ထိုင်းနိုင်ငံရှိ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီး (AI) က ဤသို့ တုံ့ပြန်ပြောဆိုမှုသည် ဤကိစ္စတွင် ပတ်သက်ဆက်စပ်နေသော အစိုးရ၏ မရိုးသားမှုကို ပြသနေကြောင်း ပြောသည်။ “ဘာပဲဖြစ်ဖြစ် နောင်မှာတော့ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ တိုးတက်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အစည်းသစ်တခု ထပ်မံ ထူထောင်မယ့်အပေါ် ကျနော်တို့ (လူ့အခွင့်အရေးအဖွဲ့များ) က မျှော်လင့်ချက်ထားပါတယ်” ဟု ထိုင်းနိုင်ငံရှိ ဗ၍ မှ ကုဒ်ချာဝမ်ချိုင်ယာဘုတ် -ုသိခ့တေညေ ဃ့ငေပဘေကအ က ပြောသည်။

သောကြာနေ့က မြန်မာ့ငြိမ်းချမ်းရေးအတွက် ကွန်ရက် (ထိုင်းနိုင်ငံ) (Network for Peace for Burma) ၊ ဝက်ဘ်စတာ တက္ကသိုလ်နှင့် မြန်မာ့ပူပေါင်းဆောင်ရွက်မှုအဖွဲ့ (Webster University and Burma Partnership) တို့က ဟွာဟင်ရှိ ဝက်ဘ်စတာတက္ကသိုလ်တွင် ‘အာဆီယံ-မြန်မာနိုင်ငံသည် ပြည်တွင်းပြဿဿနာလော၊ ဒေသတွင်း အကျပ်အတည်းလော’ (ASEAN: Is Burma an Internal Problem or a Regional Crisis) ဟူသော ခေါင်းဆောင်ဖြင့် နှီးနှောဖလှယ်ပွဲတရပ်ကို ကျင်းပပြီး၊ မြန်မာနိုင်ငံတွင်း တွေ့ကြုံနေရသော ဆင်းရဲဒုက္ခများကို ပိုမို နားလည်နိုင်ရန်နှင့် မြှင့်တင် ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

Friday, February 27, 2009

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဒဏ်ခတ်မှု စစ်အစိုးရကို တရုတ်ကူညီနေသည့်အတွက် အဓိက မအောင်မြင်

NEJ /၂၇ ဖေဖော်ဝါရီ ၂၀၀၉
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း အချက် (၅) ချက် ရှိကြောင်း သမ္မတ ဘွတ်ရှ် လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းသည့် မြန်မာ-အမေရိကန် ဆက်ဆံရေး အစီရင်ခံစာ တစောင်တွင် ဖော်ပြသုံးသပ်ထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါ အစီရင်ခံစာကို အမေရိကန် ကွန်ဂရက်ဆိုင်ရာ သုတေသနဌာန စာတမ်းတခုအသွင်ဖြင့် ၂၀၀၈ ခု ဇွန်လတွင် ကွန်ဂရက်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစီရင်ခံစာပါ အချက်များကြောင့် အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှု ပေါ်လစီကို ပြန်သုံးသပ်ဖို့ ဆုံးဖြတ်ခြင်း ဟုတ်မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

ပထမအချက်အနေနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဒဏ်ခတ်မှု အတိုင်းအတာ မတူသည့်အပေါ် မြန်မာစစ်အစိုးရ အမြတ်ထုတ်သွားနိုင်ခဲ့သည်ဟု ထောက်ပြထားသည်။

“မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ရာတွင် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှုမှာ အကျယ်ပြန့်ဆုံး ပေါ်လစီဖြစ်သည်။ အီးယူ၊ ဂျပန်နှင့် သြစတြေးလျ နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုမှာ အကန့်အသတ်နှင့်သာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု စသည်တို့ လုံးဝ ဖြတ်တောက်ခြင်းမျိုး မဟုတ်ပေ။

မြန်မာနိုင်ငံအပေါ် အီးယူက ဒဏ်ခတ်ပိတ်ဆို့ရာတွင် စစ်ခေါင်းဆောင်များအား ဗီဇာပိတ်ပင်ခြင်း၊ လက်နက်ရောင်းချခွင့် ပိတ်ပင်ခြင်း၊ အီးယူနိုင်ငံများရှိ စစ်ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို ထိန်းချုပ်ခြင်း၊ အထည်ချုပ်လုပ်ငန်းများ အခွန် ကင်းလွတ်ခွင့် ပိတ်ပင်ခြင်း စသည်တို့ ဖြစ်ပြီး မြန်မာကုန်စည်များ အီးယူနိုင်ငံများသို့ တင်သွင်းခွင့် သို့မဟုတ် မြန်မာနိုင်ငံတွင် အီးယူ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတို့ကိုမူ ပိတ်ပင်ခြင်း မရှိပေ။” ဟု အစီရင်ခံစာ၌ ဖော်ပြထားပြီး အင်္ဂလန်၊ ဂျပန်တို့ မြန်မာနိုင်ငံနှင့် မည်သို့ ဆက်ဆံနေသည်ကို ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများဖြင့် အသေးစိတ် ရှင်းလင်းထားသည်။

မြန်မာစစ်အစိုးရသည် မြန်မာထွက်ကုန်များကို အာရှနိုင်ငံများသာမက အခြားနိုင်ငံများသို့ပါ တင်ပို့ ရောင်းချနေနိုင်ခြင်းသည်လည်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း ဒုတိယအချက်ဟု အစီရင်ခံစာမှာ ရေးထားသည်။

အစီရင်ခံစာ၌ “၂၀၀၄ နှင့် ၂၀၀၅ ခုတွင် သဘာဝဓာတ်ငွေ့ ရောင်းချရာမှ မြန်မာစစ်အစိုးရ ၀င်ငွေမှာ ဒေါ်လာသန်း (၁,၀၀၀) ရှိသည်ဟု မှန်းထားသည်” ဟု ရေးထားပြီး မည်သည့်ကုမ္ပဏီများ ရေနံနှင့် သဘောဝဓာတ်ငွေ့ ရှာဖွေရေးတွင် လုပ်ကိုင်နေကြောင်း အသေးစိတ်ရှင်းထားသည်။

ထို့ပြင် မူးယစ်ဆေး မှောင်ခိုရောင်းချမှုမှ ရသည့် မြန်မာနိုင်ငံ၏ ၀င်ငွေမှာ တနှစ်ကို ဒေါ်လာသန်း (၁,၀၀၀) မှ ဒေါ်လာသန်း (၂,၀၀၀) ကြားရှိသည်ဟု ထောက်ပြသည်။ အထူးသဖြင့် မြန်မာစစ်ထောက်လှမ်းရေး အရာရှိများနှင့် ၀ခေါင်းဆောင်းများကြား နားလည်မှု ယူထားရာတွင် ဘိန်းကိုသာ အထွက်လျော့အောင် လုပ်ပေးလျင် ၀တွေ မက်တာအဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်မှုကို ကြိုက်သလောက် တိုးချဲ့ ထုတ်လုပ်ခွင့်ပေးထားသည်ဟုပါ အစီရင်ခံစာမှာ ဖော်ပြထားသည်။

တတိယ အချက်အနေနှင့် ဒဏ်ခတ်မှုနှင့် သံတမန်ရေး ဖိအားကို လျော့ပါးစေသည့် အာဆီယံ နိုင်ငံများ၏ အပြုသဘောဆောင်သည့် ဆက်ဆံရေးသည်လည်း မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု မအောင်မြင်ရခြင်း ဖြစ်သည်ဟု အကျယ်တ၀င့် ရှင်းထားသည်။

စတုတ္တ အချက်လည်းဖြစ် ဒဏ်ခတ်မှု မအောင်မြင်ခြင်း၏ အဓိက အချက်လည်း ဖြစ်သည့် အချက်မှာ မြန်မာနိုင်ငံအပေါ် တရုတ်က စီးပွားရေးနှင့် စစ်ရေး ကူညီနေခြင်းဖြစ်သည်ဟု ကောက်ချက် ဆွဲထားပြီး အထောက်အထားများနှင့်တကွ အကျယ်တ၀င့် ရှင်းပြထားသည်။

ပဉ္စမအချက်ဟု ပြောနိုင်စရာရှိသည့်အချက်မှာ စီးပွားရေးလုပ်ငန်းများ ချုပ်ကိုင်ထားသည့် ထိပ်ပိုင်း စစ်ဘက်အရာရှိများနှင့် ၄င်းတို့ မိသားစုများအတွက် ၀င်ငွေရအောင် စစ်အစိုးရက လုပ်ပေးနေနိုင်သည့်အချက်ဟု ထောက်ပြထားသည်။

ဝန်ကြီးအောင်သောင်းအား ရိုဟင်စစ်ဆင်ရေး တာဝန်ပေး

NEJ /၂၇ ဖေဖော်ဝါရီ ၂၀၀၉

ရိုဟင်ဂျာ ဒုက္ခသည်များ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာစစ်အစိုးရအပေါ် အာဆီယံနိုင်ငံ အချို့က ဖိအားပေးပြောနေချိန်တွင် ပြန်လည်ချေပနိုင်ရန် အခြေခံ အချက်အလက်များ ရှာဖို့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စက်မှု (၁) ၀န်ကြီးဦးအောင်သောင်းအား ရခိုင်ပြည်နယ်သို့ စစ်ဆင်ရေးပုံစံဖြင့် လျှို့ဝှက် တာဝန်ပေးထားသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလဆန်းမှ စပြီး ၀န်ကြီးအောင်သောင်းနှင့် အဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ပြည်နယ်တခုလုံးရှိ ရိုဟင်ဂျာ ရွာများကို အသေးစိတ် စုံစမ်းနေပြီး ရိုဟင်ဂျာများ နောင် မပြန့်ပွားအောင် မည်သို့ လုပ်ကိုင်သင့်သည် စသည့်အချက်များ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုက်ရိုက်တင်ပြရမှာ ဖြစ်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

မကြာခင်ရက်ပိုင်းအတွင်း ၀န်ကြီး ဦးအောင်သောင်း ရခိုင်ပြည်နယ်သို့ ရိုဟင်ဂျာ ကိစ္စအတွက် ထပ်မံသွားရောက်ဦးမှာ ဖြစ်သည်ဟု ၄င်း၏ လက်ထောက်အရာရှိ တဦးက ပြောသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် အထောက်အထားများ အပြီးသတ် စုဆောင်းပြီးချိန်တွင် နိုင်ငံတော်လုံခြုံရေး အစည်းဝေးသို့ ဦးအောင်သောင်းက ပြန်လည်တင်ပြမှာ ဖြစ်သည်ဟု စုံစမ်းသိရသည်။

ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်

ကိုဝိုင်း
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 27 2009 16:40 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ရွှေတြိဂံဒေသ အတွင်းရှိ မြန်မာနိုင်ငံ ရှမ်းပြည်နယ် မိုင်းဖုန်းဒေသအတွင်း မြန်မာစစ်တပ်နှင့် ဒေသအတွင်း လှုပ်ရှားနေသော မူးယစ်ဂိုဏ်းတခုအကြား ယခုလ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။

ခြေမြန်တပ်ရင်း ၅၂၆၊ ၃၅၉ တပ်ဖွဲ့ဝင်များနှင့် ကွယ်လွန်သွားပြီဖြစ်သော ဘိန်းရာဇာ ခွန်ဆာ၏ အမ်တီအေ တပ်မှ လက်ကျန် စိုင်းနော်ခမ်း တပ်ဖွဲ့ဝင်များ အကြား ဖြစ်ပွားခဲ့သည်။

“နအဖ ဘက်က ခမရ ၅၂၆ နဲ့ ၃၅၉။ တိုက်ပွဲက မိုင်းဖုန်းတိုက်နယ်ထဲမှာ ဖြစ်တာ။ သူ့ (စိုင်းနော်ခမ်း) ကို အခုထိ မမိသေးဘူး။ သူနဲ့အတူ အင်အား ၃၀-၄၀ လောက်နဲ့ ပါသွားတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်တောင်ပိုင်း တပ်မတော် (SSA-S) ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းလောဝ်ဆိုင်ကလည်း အဆိုပါ တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး “အဲဒီဘက်မှာ တိုက်ပွဲဖြစ်တာက အမ်တီအေ အကြွင်းအကျန် စိုင်းနော်ခမ်းတို့ တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်လို့ပဲ ကြားသိရပါတယ်။ အဲဒီ သတင်းကို ဒီလ ၂၂ ရက်လောက်တုန်းက ကြားသိရတာပါ။ ဖြစ်တဲ့နေရာက ရွှေတြိဂံဂွင်ထဲက မိုင်းဖုန်းရဲ့ အပေါ်ပိုင်း ဝမ်းပုံရွာဘေးနားမှာလို့ ပြောပါတယ်” ဟု သူက ပြောသည်။

တိုက်ပွဲကြောင့် မဲခေါင်မြစ်အတွင်း ဖြတ်မောင်းနေသည့် တရုတ်သင်္ဘောတစီးကို လက်နက်ကြီး ထိမှန်ခဲ့သည်ဟု ဒေသတွင်း စောင့်ကြည့် လေ့လာနေသူများက ပြောသည်။ တရုတ် သင်္ဘောသားတဦး သေဆုံး၍ သုံးဦး ဒဏ်ရာရသွားသည်ဆိုသော သတင်းများ ပေါ်ထွက်နေသည်။

စိုင်းနော်ခမ်းသည် ယခင်က တာချီလိတ်မြို့ပေါ်တွင် နေခဲ့စဉ်ကတည်းက မူးယစ်ဆေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး ဒေသခံ အာဏာပိုင်များနှင့် နီးစပ်ခဲ့သော်လည်း နောက်ပိုင်း၌ မူးယစ်ဆေး အမြောက်အမြားနှင့် လက်နက်များ ဖမ်းမိသွားရာမှ ထွက်ပြေးခဲ့ရသူဖြစ်သည်ဟု ဦးစိန်ကြည်က ပြောသည်။

ယခုအခါ မြန်မာ၊ ထိုင်းနှင့် လာအိုတို့ ထိစပ်ရာ ရွှေတြိဂံဒေသ မြန်မာဘက် မိုင်းဖုန်းတိုက်နယ်အတွင်း၌ မူးယစ်ဆေးနှင့် ကုန်သည်များထံမှ ဆက်ကြေး ကောက်လျက်ရှိပြီး သူ၏ လက်နက်ကိုင်များကို ဒေသခံ ရွာသားအများစုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ မြောက်ဘက် ဝနှင့် မိုင်းလားဒေသများဘက်မှ ထိုင်းနှင့် လာအိုနိုင်ငံများသို့ တင်သွင်းမည့် မူးယစ်ဆေးဝါးများအား မဲခေါင်မြစ်တလျှောက် တရုတ်သင်္ဘောများနှင့် ခိုးသယ်လာလေ့ရှိပြီး၊ စိုင်းနော်ခမ်းတို့အဖွဲ့က ကြိုတင်သတင်းရရှိလျှင် တားဆီး၍ အခွန်ကောက်လေ့ရှိကြောင်း အခွန်မရပါက ပစ်ခတ်လေ့ရှိကြောင်း ဦးစိန်ကြည်က ပြောသည်။

ရွှေတြိဂံနယ်မြေအတွင်း၌ ထိုင်း၊ လာအို၊ တရုတ်နှင့် မြန်မာက ၄ နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းနှိမ်နင်းရေး စီမံကိန်းများ လုပ်ဆောင်နေသည်။

စိုင်းနော်ခမ်းသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မဲခေါင်မြစ်အတွင်း ကင်းလှည့်နေသော တရုတ်စစ်သင်္ဘောကို ပစ်ခတ်ခဲ့ဖူးပြီး၊ တရုတ်အရာရှိ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းတွင် ဖော်ပြထားသည်။

နာရေးအသင်း နိဗ္ဗာန်ယာဉ်များ သုဿန်သို့ ပြောင်းရမည်

သန်းထိုက်ဦး
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 26 2009 18:00 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံကျော် ရုပ်ရှင်မင်းသား ဦးကျော်သူ ဦးစီးလုပ်ကိုင်သည့် ရန်ကုန်မြို့ နာရေးကူညီမှု အသင်း၏ နိဗ္ဗာန်ယာဉ်များကို ရေဝေးသုဿန်သို့ ပြောင်းရွှေ့ရမည်ဟု အာဏာပိုင်များက ညွှန်ကြားလိုက်သည်။

အသင်း အခြေစိုက်ရာ သင်္ဃန်းကျွန်းမြို့နယ်မှ ဘုန်းကြီးကျောင်း တကျောင်းတွင် ထားရှိသည့် နိဗ္ဗာန်ယာဉ်များကို မြောက်ဥက္ကလာပမြို့နယ်မှ ရေဝေးသုဿန် နယ်နိမိတ်အတွင်း ယခုလ ၂၈ ရက်နေ့ နောက်ဆုံးထားကာ ပြောင်းရွှေ့ရမည်ဟု ကျောက်တံတားမြို့နယ် စည်ပင်သာယာရေးရုံးက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

“သင်္ဃန်းကျွန်း ဘုန်းကြီးကျောင်းမှာ ထားတယ်ဆိုရင် ရပ်ကွက်ကလည်း အားလုံး သိနေပြီးဖြစ်တယ်။ အခု ကျနော်တို့ကြားတာက ရပ်ကွက် မကြိုက်လို့၊ ဘာညာဆိုပြီး ဖြစ်နေတယ်။ ရပ်ကွက် မကြိုက်ဘူးဆိုရင် ကျနော်တို့ ဖွင့်ထားတာလည်း ကြာနေပြီ။ ၂၀၀၁ ခုနှစ်တုန်းက ဒီမှာ စဖွင့်ထားတာ အခုကျမှ မကြိုက်လို့ ဆိုတာတော့ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး” ဟု ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

အသင်းတွင် နိဗ္ဗာန်ယာဉ် ၁၆ စီး ရှိသည့်အနက် ယခု ဘုန်းကြီးကျောင်းနှင့် ရေဝေးသုဿန်ရှိ ရုံးခွဲနေရာတွင် နေရာခွဲကာ ချထားသည်။

ရွှေ့ပြောင်းရေးအတွက် ယခုလ ၆ ရက်နေ့တွင် ကျောက်တံတား စည်ပင်ရုံးသို့ ဆင့်ခေါ်ကာ မည်သည့် ဘာသာဝင်မဆို သက်ဆိုင်ရာ ဘာသာရေးအဆောက်အဦနှင့် စည်ပင်သာယာ နယ်နိမိတ်အတွင်း နိဗ္ဗာန်ယာဉ်များ မထားရန် ပြောဆိုခဲ့သည်။

ဦးကျော်သူက ''ကျနော်တို့ ကားတွေ ထားဖို့ ရေဝေးသုဿန်မှာ ကျနော်တို့ရဲ့ အသင်းရုံးခွဲ ရှိတယ်။ အဲဒီ ရုံးရဲ့ဘေးက လွတ်နေတဲ့ မြေကွက်မှာ ကားတွေ ထားဖို့ ရည်ရွယ်ပြီး မြေကွက်လျှောက်ခဲ့တာ အကြောင်း မပြန်ခဲ့သည့်အပြင် အခုလို ညွှန်ကြားချက်အသစ် ထုတ်ပြန်ခဲ့တယ်'' ဟု ဆိုသည်။

သူက ဆက်ပြီး “စာကို သူတို့ (အာဏာပိုင်) က အကြောင်း မပြန်ဘဲနဲ့ နောက်ထပ် စာတစောင် ထုတ်တယ်။ ဒီလကုန် ၂၈ ရက်နေ့မှာ ဒီကားတွေ အားလုံး ရေးဝေးကို ရွှေ့ရမယ်၊ မရွှေ့ဘူးဆိုရင် စည်ပင်ဥပဒေအရပေါ့လေ၊ မော်တော်ယဉ် ကြီးကြပ်ရေးအဖွဲ့နဲ့ ပေါင်းပြီးတော့ အရေးယူမယ်လို့ စာထုတ်တယ်” ဟု ပြောသည် ။

၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် နာရေးကူညီမှုအသင်းကို စတင်တည်ထောင်ခဲ့သည်။

ရန်ကုန်တိုင်းအတွင်း ဈာပနချရန် ငွေကြေး ခက်ခဲသူများအား ကူညီသည့်အနေဖြင့် အသင်းဥက္ကဋ္ဌဖြစ်သူ ရုပ်ရှင်မင်းသား ဦးကျော်သူ ကိုယ်တိုင်လည်း ရုပ်ကလာပ်များကို နိဗ္ဗာန်ယာဉ်ဖြင့် သယ်ယူကာ သုဿန်သို့ မောင်းပို့တတ်သည်။

ယခုရက်ပိုင်းအတွင်း နေ့စဉ်နှင့်အမျှ ဈာပနပေါင်း ၄၀ မှ ၅၀ အကြား ရှိနေသည်ဟု သိရသည်။

အသင်း တာဝန်ရှိသူတဦးဖြစ်သည့် စာရေးဆရာမ သန်းမြင့်အောင်က ''နာရေးကူညီမှုအသင်းနဲ့ ပတ်သက်လို့က အများပြည်သူက တော်တော်လေးကို နှစ်ခြိုက်တဲ့ သဘော ရှိတယ်။ အားကိုးကြတယ်။ အားကိုးတဲ့အတွက် ကျမတို့မှာတော့ အများပြည်သူရဲ့ ငြိုငြင်မှုတော့ ကျမတို့မှာ ဘာမှမရှိဘူး'' ဟု ပြောသည်။

သူက ဆက်ပြီး “ကျမတို့ကို အားပေးနေတဲ့ လူတွေလည်း များတယ်။ အခု ဒီနေရာမှာ ကျမတို့ရဲ့ ကားတွေကို ဒီနေရာမှာ မထားရတော့ဘူးဆိုတော့ ကျမတို့မှာလည်း အခက်အခဲတွေ ဖြစ်လာတာပေါ့။ နောက် ကြားတဲ့ လူတွေလည်း စိတ်မချမ်းသာဘူးပေါ့” ဟု ပြောဆိုလိုက်သည်။

အသင်းသား ၁၅၀ နှင့် ၂၀၀ အကြား ရှိနေပြီး၊ ကျောင်းသားကျောင်းသူများနှင့် လုပ်ငန်းပေါင်းစုံမှ ပုဂ္ဂိုလ်များ ပါဝင်ကြသည်။

သုခ ကုသိုလ်ဖြစ် အမည်ရှိ ဆေးခန်းတခုကိုလည်း ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ရှိ ဘုန်းကြီးကျောင်း၌ပင် ဖွင့်လှစ်ထားကာ၊ လူမျိုးဘာသာနှင့် ဆင်းရဲချမ်းသာ မရွေး ခွဲစိတ်မှုလုပ်ငန်းတချို့ အပါအ၀င် ကျန်းမာရေး ဆေးဝါးကုသမှုများ ပေးနေသည်။

ရန်ပုံငွေအတွက် လုပ်ငန်းအပေါ် နှစ်သက်အားပေးသူများနှင့် စီးပွားရေးသမားများက ထည့်ဝင်လှူဒါန်းကြသည်။

Thursday, February 26, 2009

အာဆီယံသည် စစ်အစိုးရကို အရေးယူရန် ပျက်ကွက်ဟု လူ့အခွင့်အရေးအဖွဲ့ပြော

ကိုဝိုင်း
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 26 2009 17:56 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရသည် ကလေးစစ်သားများ အသုံးပြုနေဆဲဖြစ်ပြီး ကလေးသူငယ်များ အခွင့်အရေးကို လိုက်နာ စောင့်ထိန်းရန် ပျက်ကွက်နေသော်လည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဝိုင်းဝန်း အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တဖွဲ့က ယနေ့ ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ မြန်မာ့အရေး ဆောင်ရွက်နေသည့် အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ AIPMC မှ စီစဉ်သော အစည်းအဝေး ယနေ့ ကျင်းပပြီးနောက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ယခုလို ပြောဆိုခြင်း ဖြစ်သည်။

ကလေးစစ်သားအသုံးပြုခြင်း၊ ကလေးများကို သတ်ဖြတ်ခြင်း၊ အရွယ်မရောက်သေးသည့် ကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ ကလေးများ၏ စာသင်ကျောင်းများနှင့် ဆေးရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ကလေးများကို ပြန်ပေးဆွဲခြင်း သာမက လူသားချင်း စာနာမှုအကူအညီများကို ခွင့်မပြုခြင်း စသည့် အချက် ၆ ချက်ကို အဖွဲ့ဝင်နိုင်ငံတိုင်း မဖြစ်မနေ ရှောင်ကြဉ်ရမည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ တွင် ပြဌာန်းထားသည်။

“အဲဒီ အချက် ၆ ချက်ကို ကုလသမဂ္ဂအဖွဲ့ဝင် ဘယ်နိုင်ငံကမှ မကျူးလွန်ရဘူး။ ကျူးလွန်လို့ရှိရင် ဝိုင်းဝန်းအရေးယူဖို့ လိုတယ်လို့ အတိအကျ ပြဋ္ဌာန်းထားတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီ ၆ ချက်လုံး အတိအကျ ကျူးလွန်နေပေမယ့် အာဆီယံ နိုင်ငံတွေက ဒီဟာကို သိပ်ပြီး အရေးယူဆောင်ရွက်တာ၊ စိတ်ဝင်စားတာ မရှိတဲ့အတွက် မြန်မာနိုင်ငံက ဆက်ပြီးတော့ ကျူးလွန်နေတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

“ ဒီအဖြစ်အပျက်တွေက ဖြစ်နေတာ ကြာခဲ့ပါပြီ။ မကြာခင်ကပဲ မြန်မာနိုင်ငံရဲ့ ကရင်ဒေသ၊ ရှမ်းဒေသတွေမှာ အဲဒီအချက်တွေကျူးလွန်တယ်။ ရွှေ့ပြောင်းပုန်းအောင်းနေရတဲ့ ပြည်တွင်းဒုက္ခသည်ဒေသတွေက ကလေးတွေ၊ ကျောင်းတွေကို တမင်ဖျက်တာတွေ၊ ကျောင်းတက်နေတဲ့ကလေးတွေ ကျောင်းဆရာ-မ တွေကို နှိပ်စက်တာတွေ” ဟု သူက ထပ်ပြောသည်။

ဘန်ကောက်မြို့၌ ယခုလ ၂၇ ရက်နေ့တွင် ကျင်းပမည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာမည့် အဖွဲ့ဝင်နိုင်ငံများမှ အစိုးရကိုယ်စားလှယ် ဝန်ကြီးများကို AIPMC ကိုယ်စားလှယ်တဖွဲ့က အလွတ်သဘောတွေ့ဆုံ၍ မြန်မာ့အရေးကိစ္စများကို ပြောဆိုဆွေးနွေးရာ အချက်အလက်အမှန်များ ရယူနိုင်ရေး ရည်ရွယ်၍ ယနေ့ အစည်းအဝေးကို ကျင်းပကြခြင်းဖြစ်သည်။

“ကရင် တပ်မဟာ (၃) နယ်ထဲက အိုင်ဒီပီဒေသ ကျောက်ကြီးခရိုင်ထဲမှာ ကျောင်းတွေကို မီးရှို့တာက ၂၀၀၈ ခု နှစ်ကုန်ပိုင်းမှာဖြစ်တာ။ တွေ့သမျှကျောင်းတွေအကုန်လုံးကို မီးရှို့တာ။ ကလေးတွေက ကျောင်းတက်နေတဲ့နေရာကနေ ထွက်ပြေးရတယ်။ ပြန်လာတော့ ကျောင်းမရှိတော့ဘူး” ဟု ကိုအောင်မျိုးမင်းက ပြောသည်။

AIPMC အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ကရိုင်စက် ချွှန်ဟာဗန်နှင့် ထိုင်းတရားရေးဝန်ကြီး မစ္စတာ Pirapan တို့က အဖွင့်စကားပြောသည့် ယနေ့ အစည်းအဝေးသို့ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ Action Network for Migrants ၊ AAPP-B၊ FDB အဖွဲ့များမှ ကိုယ်စားလှယ်များအပြင် သက်ဆိုင်ရာ ကျွမ်းကျင်သူများလည်း တက်ရောက်ဆွေးနွေးခဲ့သည်။

ကလေးများကို စစ်သားများအဖြစ် အသုံးပြုခြင်းဖြင့် ရာဇဝတ်မှုကျူးလွန်နေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်နေသော နအဖ အား အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရင်းနှီးစွာ ပေါင်းသင်းခြင်း မပြုရန်နှင့် သံတမန်ရေးအရ ထောက်ပံ့ပေးနေမှုများကို ရုတ်သိမ်းပေးရန်လည်း ဦးအောင်မျိုးမင်းက ယနေ့ အစည်းအဝေးမှတဆင့် တောင်းဆိုခဲ့သည်။

အာဆီယံ ၁၀ နိုင်ငံအတွင်း ချမှတ်ထားသည့် အဖွဲ့ဝင်နိုင်ငံတနိုင်ငံ၏ အရေးကို ဝင်ရောက်မစွက်ဖက်ရေးမူ ‘non-interference’ နှင့် အဖွဲ့ဝင်နိုင်ငံများအားလုံး သဘောတူမှ ဆုံးဖြတ်ချက်ချမှတ်သည့် မူများသည်လည်း မြန်မာ့နိုင်ငံရေး ပြဿနာများကို ဝင်ရောက်ကူညီဖြေရှင်းပေးရန် အခက်အခဲ အတားအဆီးများဖြစ်သည်ဟု သူက ဆိုသည်။

ယခုလ အာဆီယံအစည်းအဝေးသို့ တက်ရောက်လာမည့် အစိုးရကိုယ်စားလှယ် ဝန်ကြီးများက ဆွေးနွေးဖွယ်ရှိသည့် အာဆီယံ ပဋိညာဉ်စာချုပ်အတွင်း၌လည်း စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုများကိုသာ အဓိကထားပြီး လူ့အခွင့်အရေးနှင့် ပတ်သက်၍မူ အဖွဲ့ဝင်နိုင်ငံတနိုင်ငံက ချိုးဖောက်လျှင် သွားရောက်စုံစမ်းနိုင်သည့် အခွင့်အလမ်းပင် သတ်မှတ်ထားခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများအတွက် အားကိုးရမည့် အနေအထားမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးများဆိုင်ရာ အခွင့်အရေးစာချုပ် CRC Convention on the Rights of the Child ကို လက်မှတ်ထိုးထားသည်။ CRC ၏ အပိုဒ် ၃၈ တွင် အသက် ၁၅ နှစ်အောက် ကလေးများကို စစ်သားအဖြစ် သွပ်သွင်းခြင်း မပြုရန် တားမြစ်ထားသည်။ မြန်မာနိုင်ငံ၏ စစ်မှုထမ်းဥပဒေအရလည်း အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် မစုဆောင်းရန် ပြဋ္ဌာန်းထားသေးသည်။

သို့သော် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO အပါအဝင် အစိုးရမဟုတ်သော အဖွဲ့အစည်းများက မြန်မာစစ်တပ်အတွင်း၌ ကလေးစစ်သားများ ရှိကြောင်း ပြောဆိုဝေဖန်မှုများ ရှိသကဲ့သို့၊ မြန်မာစစ်တပ်မှ ကလေးစစ်သား တပ်ပြေးများလည်း နယ်စပ်ဒေသများသို့ ထွက်ပြေးလာသည့် သတင်းများ ထွက်ပေါ်လေ့ရှိသည်။

မြန်မာလုပ်သား ရာပေါင်းများစွာ ထိုင်းတွင် ဖမ်းဆီးခံရ

ဖနိဒါ
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 26 2009 21:00 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာလုပ်သား ရာပေါင်းများစွာသည် ပြီးခဲ့သည့် ၃ ရက်အတွင်း ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးပြန်ပို့မှုများ ခံရကာ ဆက်လက်၍လည်း အဖမ်းအဆီးများက ရှိနေသည်။

နိုင်ငံမြောက်ပိုင်း မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် အဆိုပါ မြို့လေးတွင် ထိုင်းရဲ၊ တောမော ခေါ် လူဝင်မှု ကြီးကြပ်ရေး ရဲများနှင့် အရပ်ဝတ် ထောက်လှမ်းရေးများက မြန်မာလုပ်သားများ နေထိုင်ရာ တန်းလျားများတွင် ၀င်ရောက်ဖမ်းဆီးကာ ပြန်ပို့နေခြင်း ဖြစ်သည်။

“၃ ရက်အတွင်း ဖမ်းတာ ၁၄ဝဝ ရှိပြီ။ ဒီနေ့ ဖမ်းတာ ၆ဝဝ လောက် ရှိတယ်။ အခုလည်း ဆက်ဖမ်းတုန်းပဲ။ အဖမ်းခံရသူတွေက လက်မှတ်မရှိဘူး။ ဒီမနက် ၄ နာရီကနေ စပြီးတော့ ရဲကား၊ အချုပ်ကားတွေနဲ့ လာပြီးတော့ ၄ နေရာလောက်မှာ ဖမ်းသွားတယ်။ လမ်းပေါ်မှာရော လက်မှတ်စစ်ပြီး၊ မရှိရင် ကားပေါ် တင်ဖမ်းသွားတယ်” ဟု ထိုင်းအခြေစိုက် မြန်မာ အလုပ်သမားများ အဖွဲ့တခုဖြစ်သည့် ရောင်ခြည်ဦးအဖွဲ့မှ ကိုကျော်ဇင်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လက မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဝင်လာသည့် လှေစီးဒုက္ခသည် ရိုဟင်ဂျာများ ကိစ္စနှင့် ထိုင်းတက္ကသိုလ် ကျောင်းသူတဦးကို မြန်မာလုပ်သား နှစ်ဦးက ယခုလ ၇ ရက်နေ့က အဓမ္မပြုကျင့် သတ်ဖြတ်သည်ဟူသော သတင်းများ ပေါ်ထွက်ပြီးနောက် ယခုလို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကိုကျော်ဇင်က “ကျနော်တို့ ယူဆတာက ပြီးခဲ့သည့်လက ထိုင်းဝန်ကြီးချုပ်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မိန့်ခွန်းတခေါက် ပြောဖူးတယ်လေ။ သူ့နိုင်ငံကို တရားမဝင် ဝင်လာတဲ့ လူမှန်သမျှကို ထိုင်းဥပဒေအရ ဖမ်းဆီးခွင့် ရှိတယ်လို့ ပြောထားတာပဲလေ။ နောက်တခုက ချင်းမိုင်မှာ ဖြစ်သွားတဲ့ ကိစ္စတခုနဲ့လည်း ဆက်စပ်မယ်လို့ ယူဆတယ်” ဟု ပြောသည်။

မဲဆောက် ရဲစခန်းနှင့် လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က) ရုံးသို့ ဆက်သွယ်မေးမြန်းရာ ယနေ့ လက်ရှိ ဖမ်းဆီးထားသူ ၄ဝဝ ကျော် ရှိနေပြီး မြန်မာပြည်သို့ ပြန်ပို့မှုများ ရှိခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်လာခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

လဝက အရာရှိတဦးက “ဖမ်းထားတာက ၄ဝဝ ကျော်လောက် ရှိတယ်။ တရားဝင် ဝင်လာလို့ ဖမ်းတာ။ သူတို့ရဲ့ ကိုယ်ရေးရာဇဝင်တွေ မှတ်ပြီးရင် နယ်စပ် မေးလ်မြစ်ကို အသုတ်လိုက် သွားပို့မယ်။ မြန်မာပြည်ထဲ ပြန်လွှတ်တယ်။ တခါပို့ရင် လူ ၄ဝ နဲ့ ၅ဝ လောက် ပို့တယ်” ဟု ပြောသည်။

မဲဆောက် ရဲစခန်းသို့ ယနေ့ သွားကြည့်သူ မြန်မာတဦးက “ကျနော်ကတော့ ရဲစခန်းရှေ့မှာ ရပ်ကြည့်နေတဲ့ အချိန်မှာ အထဲက လူတွေကို မေးလိုက်တော့ ၁၄ဝဝ လောက် ရှိပြီတဲ့။ ကျနော် ကြည့်နေတုန်း ၇ဝဝ လောက်တောင် ထပ်ဖမ်းလာသေးတယ်” ဟု ပြောသည်။

တပ်ခ်ခရိုင် မဲဆောက်မြို့တွင်းရှိ မြန်မာလုပ်သားများ နေထိုင်ရာ ဟုန်ဖိုင်၊ ငှက်ပျောတော၊ မိုလ်ဟာဂျီတင် ရပ်ကွက်များနှင့် တီကေလေး စက်ရုံအနီးရှိ အလုပ်သမား တန်းလျား၊ ချန်ပီယံ သိုးမွှေးစက်ရုံ တန်းလျား၊ မဲဆောက်ဈေးအနီး စက်ရုံတန်းလျား စသည့် နေရာများမှ အဓိက ဖမ်းဆီးခံရသည်။

ယခုလ ၂၈ ရက်နေ့တွင် အလုပ်သမား လက်မှတ် သက်တမ်းတိုးရမည် ဖြစ်သော်လည်း အချို့စက်ရုံများမှ အလုပ်ရှင်များသည် သက်တမ်းတိုးရန် ပိုက်ဆံများ ယူထားသော်လည်း သက်တမ်း တိုးမပေးသဖြင့် အဖမ်းခံရသူများလည်း ပါဝင်နေသည်ဟု ရဲစခန်းသို့ သွားခဲ့သူက ပြောသည်။

မဲဆောက် ဟန်ထိုင်းစက်ရုံ (Hang Thai Knitting Industrial Co.Ltd) မှ အလုပ်ရှင်များကလည်း မြန်မာလုပ်သားများအနက် အလုပ်သမား အခွင့်အရေး ဆန္ဒပြသူ ၂၉၃ ဦးအား ယခုလ ၂၄ ရက်နေ့က အလုပ်ထုတ်မှုများလည်း ရှိခဲ့သည်။

Wednesday, February 25, 2009

ဖေဖေါ်ဝါရီလအတွင်း စိုက်ဆင်းလေပြင်း ကျရောက်နိုင်ဟုဆို

ယခုလအတွင်း ပြင်းထန်သော အရှိန်အဟုန်နှင့် တိုက်ခတ်သည့် လေပြင်းတစ်ခု ကျရောက်လာနိုင်ကြောင်း The Voiceဂျာနယ်တွင် ရေးသားဖော်ပြထားသည်။ မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန ပညာရှင်များက ဖေဖော်ဝါရီလအတွင်း တစ်နာရီ မိုင်(၁၀၀)ကျော်ထိ အရှိန်အဟုန်ရှိသော စိုက်ဆင်းလေပြင်းတစ်ခု တိုက်ခတ်လာနိုင်သည့် အလားအလာများ ရှိနေသောကြောင့် ရေလမ်းနှင့် လေလမ်းမှ သွားလာနေသည့် ခရီးသွား ပြည်သူများ အထူးသတိထားနေသင့်ကြောင်း ကြေညာခဲ့သည်။ ထိုစိုက်ဆင်း လေပြင်းများသည် မြန်မာနိုင်ငံ မြောက်ဖျားပိုင်းတွင် အများဆုံး ဖြစ်ပေါ်လေ့ရှိသော်လည်း ယခုလေပြင်းသည် ရန်ကုန်ပတ်ဝန်းကျင်ကို ကျရောက်လာဖွယ်ရှိသည်။ The Voiceတွင် ဖော်ပြထားမှုအရ လေပြင်းများ ကျရောက်နေစဉ် ရေယာဉ်များ အရေးပေါ် ပြောင်းရွှေ့ရမည့် နေရာ(၃)ခုမှာ ပုဇွန်တောင် - ဒေါပုံမြို့နယ်များ ဆက်သွယ်ထားသည့် မဟာဗန္ဓုလတံတားနှင့် မင်္ဂလာတောင်ညွန့် - သာကေတမြို့နယ်များ ဆက်သွယ်ထားသော သာကေတ တံတားဟောင်းနေရာ၊ လှိုင်မြစ်အထက်ပိုင်း ပန်းလှိုင်စက်မှုဇုန်နှင့် ပန်းလှိုင်တံတားအကြားနေရာနှင့် ကရင်ချောင်းနေရာတို့ဖြစ်ကြောင်း သိရှိရသည်။ ပြည်တွင်းရေကြောင်း ဦးစီးဌာနက အထက်ပါနေရာမှ ရေယာဉ်များအားလုံး လေတိုက်နှုန်းအဆင့်(၃) သတ်မှတ်သည့် တစ်နာရီ (၁၁၁)မိုင်အထက် တိုက်ခတ်လာသည်နှင့် ချက်ချင်းပြောင်းရွှေ့ရမည်ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း ရောက်နေလျင် ရေယာဉ်များသည် သဘာဝဘေးအန္တရာယ် ကြေငြာချက်ကို ရရှိသည်နှင့် အန္တရာယ်ကင်းမည့်နေရာကို ရွေးချယ် ကမ်းကပ်ရမည်ဖြစ်ကြောင်း၊ ရေပြင်ကျယ်အတွင်း ရောက်ရှိနေပါက ရေယာဉ်ကို ကျောက်ချထားပြီး လေတိုက်ရာဘက်သို့ ဦးတည်ကာ စက်ဖွင့်မောင်းနှင် ထားရမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။ စိုက်ဆင်းလေပြင်းများ၏ သဘောသဘာဝအရ မြေပြင်အထက် ပေ(၁၀၀၀)ခန့်တွင် တစ်နာရီ မိုင်(၁၅၀)မှ မိုင်(၂၀၀)အထိ အရှိန်ပြင်းထန်စွာ တိုက်ခတ်လေ့ရှိပြီး ယခင်ကလည်း မြန်မာနိုင်ငံတွင် စိုက်ဆင်းလေပြင်းကြောင့် လေယာဉ်လမ်းချော်မှု၊ ရေယာဉ်နစ်မြုပ်မှုစသည့် အန္တရာယ်များ ကြုံတွေ့ခဲ့ဖူးပြီးဖြစ်သောကြောင့် ပိုမိုသတိပြုသင့်ကြောင်း The Voiceက ရေးသားဖော်ပြထားသည်။

UDP ဦးကျော်မြင့်က ဧရာဝတီကို တရားစွဲမည်

Wednesday, 25 February 2009 20:03 ဇာနည်ဝင်း

ကနေဒါ အခြေစိုက် မြန်မာ့ နိုင်ငံရေး ပါတီတခု၏ ခေါင်းဆောင် ဖြစ်သူက ဧရာဝတီမဂ္ဂဇင်းနှင့် အယ်ဒီတာ ဦးအောင်ဇော်ကို တရားစွဲတော့မည်ဟု VOA အသံလွှင့်ဌာနသို့ ယနေ့ ပြောကြား လိုက်သည်။

ဦးကျော်မြင့်

ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP)၏ ခေါင်းဆောင် ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ဟွာဟူက ယနေ့နံနက်ပိုင်းက ထုတ်လွှင့်သည့် VOA အသံလွှင့်ဌာနနှင့် ဆက်သွယ် မေးမြန်းခန်းတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျနော် ဘိန်းသမားပေါ့ သူက ရေးတယ်၊ နံပတ်တစ်။ နံပတ်နှစ်က ကျနော် မန်းနီးလောင်ဒရင်း (ငွေကြေးခ၀ါချမှု)တဲ့။ … သူ စွပ်စွဲတယ်။ … အဲဒီ နှစ်ခုကို ယူပြီးတော့ ကျနော်က ယိုးဒယား တရားရုံးမှာ ကျနော် တရားစွဲမယ်” ဟု ဦးကျော်မြင့်က ဆိုသည်။

“အခု ယိုးဒယား ရှေ့နေတွေ အခု စာရွက်တွေ ပြင်နေပါတယ်။ ကျနော် ထင်တယ် ဒီလ ကုန်ခါနီး ဆိုရင် တရားရုံး အထိ ရောက်ပြီလို့ ကျနော် ထင်ပါတယ်။ အခုတော့ စာရွက် စာတမ်းတွေ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောလိုက်သည်။

ဦးကျော်မြင့်သည် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခု ဖြစ်သည့် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ဘဏ္ဍာရေး ဌာနတွင် တာဝန်ယူခဲ့ဖူးသည်ဟု သိရသည်။

ဦးကျော်မြင့်ကမူ “တာဝန်ဆိုတာ တကယ် သူတို့ထဲမှာ ဝင်တာ မဟုတ်ဘူး။ သူတို့ကို ကူညီပေးတာပါ” ဟု ဆိုသည်။

UWSA သည် မူးယစ်ဆေး ထုတ်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သည်ဟု နာမည်ကြီးသော လက်နက်ကိုင် အဖွဲ့ကြီး ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ဒေသတွင် ဘိန်းစိုက်ပျိုးမှု ပပျောက်သွားပြီ ဖြစ်ကြောင်း မကြာသေးမီ နှစ်များအတွင်းက နိုင်ငံတကာသို့ ကြေညာခဲ့သည်။

ဦးကျော်မြင့်နှင့် ပတ်သက်ပြီး ဧရာဝတီတွင် ရေးသားထားချက်များမှာ Asiaweek မဂ္ဂဇင်း၊ Jane's Intelligence Review တို့တွင် ဖော်ပြထားချက်များကို ကိုးကားထားခြင်း ဖြစ်သည်။

မြန်မာစစ်အစိုးရက ဦးကျော်မြင့်၏ မြန်မာ ကျုံယွမ် ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် “UWSA ၏ ဘဏ္ဍာရေးဌာန ဒုတိယ ဌာနမှူးဟု ဆိုသော မိုက်ကယ်ဟွာဟူ (ခေါ်) ဗိုလ်မှူးကျော်မြင့်သည် စီးပွားရေး ဆိုင်ရာ ဥပဒေ နှင့် စည်းကမ်းများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည်” ဟု Jane’s ထောက်လှမ်းရေး စာစောင်က ၁၉၉၈ နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။

ဆက်လက်ပြီး ထိုစာစောင်က “UWSA ခေါင်းဆောင်များနှင့် စစ်အစိုးရ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ တွေ့ဆုံပြီးနောက်တွင် ၀န်ကြီးတဦးဖြစ်သူ ဗိုလ်မှူးချုပ် ဒေးဗစ်အေဘယ်သည် အခြား ရာထူးတာဝန်တခုသို့ ရွှေ့ပြောင်းခံခဲ့ရသည်” ဟု ဆိုသည်။

ထိုအချိန်တွင် ဦးကျော်မြင့်သည် အမေရိကန် ပြည်ထောင်စု အစိုးရ၏ စောင့်ကြည့်ခြင်းကို ခံနေရသည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ၁၉၉၈ ခုနှစ်ထုတ် နိုင်ငံတကာ မဟာဗျူဟာ မူးယစ် ဆေးဝါး ထိန်းချုပ်မှု အစီရင်ခံစာတွင် စစ်အစိုးရက ဦးကျော်မြင့်၏ မြန်မာ ကျုံယွမ် ကုမ္ပဏီကို ဖျက်သိမ်းခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း စစ်အစိုးရက အဆိုပါ အရေးယူမှုကို မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေး အစီအစဉ်အရ ပြုလုပ်ခဲ့ကြောင်း ဖော်ပြခြင်း မရှိခဲ့ပါ။

“ယခင် UWSA တပ်ဖွဲ့၏ အကြီးတန်းအရာရှိဖြစ်ခဲ့သူ ကုမ္ပဏီ၏ ဥက္ကဋ္ဌသည် နောက်ပိုင်းတွင် ထောင်ဒဏ် ၉ နှစ် ချမှတ်ခြင်း ခံရကြောင်း သိရှိရသည်”ဟု အစီရင်ခံစာက ဆိုသည်။

VOA အသံလွှင့်ဌာနနှင့် ဆက်သွယ် မေးမြန်းခန်းတွင်လည်း ဦးကျော်မြင့်က ၎င်းသည် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရသည်ဟု ပြောကြားခဲ့သည်။

မြန်မာပြည် နိုင်ငံရေးနှင့် ပတ်သက်သည့် အကြံပြုစာ တစောင်ကို စစ်အစိုးရသို့ ပေးပို့ခဲ့သဖြင့် ထောင်ကျခဲ့ခြင်း ဖြစ်သည်ဟု ဦးကျော်မြင့်က ဆိုသည်။

ဦးကျော်မြင့်က ၎င်းသည် အကျဉ်းကျခံရစဉ် မန္တလေး ဆေးရုံမှ ထွက်ပြေးခဲ့ကြောင်း၊ ထို့နောက် ထိုင်းနိုင်ငံမှတဆင့် မြောက်အမေရိကသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

Asiaweek မဂ္ဂဇင်းက မြန်မာကျုံယွမ်သည် ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ အဖြစ် စွပ်စွဲခံနေရကြောင်း ၁၉၉၈ခုနှစ် ဇန်နဝါရီလတွင် ရေးသားခဲ့ကြောင်း ဧရာဝတီက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကောက်နုတ်ဖော်ပြခဲ့သည်။

ဦးကျော်မြင့်ကမူ မြန်မာကျုံယွမ်ကို ကျောက်စိမ်းလုပ်ငန်း၊ သစ်လုပ်ငန်း၊ သတ္ထု တူးဖော်ရေး လုပ်ငန်းတို့မှ ရသည့် ငွေများဖြင့် တည်ထောင်ခဲ့သည်ဟု VOA ဆက်သွယ်မေးမြန်းခန်းတွင် ယနေ့ ပြောကြားလိုက်သည်။

၎င်းအနေဖြင့် မူးယစ်ဆေး လုပ်ငန်း၊ ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်မှု လုံးဝ မရှိကြောင်းကိုလည်း အကြိမ်ကြိမ် ငြင်းဆိုသွားသည်။

မကြာသေးမီက ဦးကျော်မြင့်သည် လာမည့်နှစ်တွင် ပြုလုပ်မည်ဟု ဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ရန် UDP ပါတီကို ဖွဲ့စည်း ထူထောင်ထားသည်။ ၎င်းသည် ပါတီ၏ “နိုင်ငံခြားတာဝန်ခံ”ဖြစ်ကြောင်း၊ မြန်မာပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ၊ ထင်ရှားသည့် စီးပွားရေးသမား ဦးရဲထွန်းတို့သည် ပါတီခေါင်းဆောင်များ ဖြစ်ကြောင်း သိရသည်။

၎င်း၏ အဆိုအရ UDP အား လာမည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရန် စစ်အစိုးရက ဝါရှင်တန်မြို့ မြန်မာသံရုံးမှ တဆင့် ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

“၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ဖို့ သဘောတူတဲ့ တရားဝင်စာ ကျနော်တို့ဆီ ရောက်လာပါတယ်” ဟု ဦးကျော်မြင့်က ဆိုသည်။

UDP ခေါင်းဆောင် မူးယစ်လုပ်ငန်း ပတ်သက်ခဲ့ဟု VOA သတင်းကဆို

Tuesday, 24 February 2009 19:50 ဧရာဝတီ
နိုင်ငံရေးပါတီ ခေါင်းဆောင် တဦးသည် မူးယစ်ဆေး လုပ်ငန်း၊ ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ် နေကြောင်း ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေ မြန်မာပိုင်း အသံလွှင့်ဌာနသို့ ပြောလိုက်သည်။

ဦးကျော်မြင့်

အဆိုပါ ခေါင်းဆောင်မှာ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) ဒုဥက္ကဋ္ဌ ဦးကျော်မြင့် ဖြစ်ကြောင်း၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ဘဏ္ဍာရေးဌာနတွင် ဒုတိယဌာနမှူးအဖြစ် ဦးကျော်မြင့် တာဝန်ယူခဲ့စဉ်က ထိုလုပ်ငန်းများကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်လင်းထွဋ်က ဆိုသည်။

ထိုအချိန်က မြန်မာကျုံယွမ် ကုမ္ပဏီကို တည်ထောင်ပြီး၊ UWSA အဖွဲ့က စီးပွားရေးဘဏ် ၄ ခုကို ကျောထောက် နောက်ခံ ပြုပေးခဲ့သည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

Asiaweek မဂ္ဂဇင်းကလည်း မြန်မာကျုံယွမ်သည် ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ အဖြစ် စွပ်စွဲခံနေရကြောင်း ၁၉၉၈ခုနှစ် ဇန်နဝါရီလတွင် ရေးသားခဲ့သည်။

မြန်မာစစ်အစိုးရက အဆိုပါ ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် “UWSA၏ ဘဏ္ဍာရေးဌာန ဒုဝန်ကြီးဟု ဆိုသော မိုက်ကယ်ဟွာဟူ (ခေါ်) ဗိုလ်မှူးကျော်မြင့်သည် စီးပွားရေးဆိုင်ရာ ဥပဒေ နှင့် စည်းကမ်းများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည်” ဟု Jane’s ထောက်လှမ်းရေး စာစောင်က ၁၉၉၈ နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။ ဦးကျော်မြင့်သည် ယခုအခါ ကနေဒါနိုင်ငံတွင် နေထိုင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ရှိစဉ်က ဦးကျော်မြင့်သည် ဥပဒေ စည်းမျဉ်းများ ချိုးဖောက်မှု နှင့် ငွေကြေး မသမာမှုများကြောင့် ထောင်ဒဏ် ၁ဝ နှစ်ခန့် ချမှတ်ခံခဲ့ရသည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

“တကယ်တော့ ဦးကျော်မြင့်က ထောင်ပြေးပါ၊ - - - ရဲဘက်စခန်းကနေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်” ဟု ဦးအောင်လင်းထွဋ်က ပြောကြားခဲ့သည်။

ဦးကျော်မြင့်သည် ကနေဒါနိုင်ငံတွင် မကြာသေးမီကမှ အာရုံစိုက်ခြင်း ခံခဲ့ရသူဖြစ်သည်။ ပြီးခဲ့သည့်လကုန်ပိုင်းတွင် Future Canada China Environment Inc. ကုမ္ပဏီ၏ အစုရှယ်ယာတန်ဖိုး ဒေါ်လာ ၁ ဘီလျံမက တက်သွားသည့်အတွက် အမေရိကန် ပြည်ထောင်စုက အဆိုပါ ကုမ္ပဏီကို တားမြစ် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ဦးကျော်မြင့်ကုမ္ပဏီနှင့် ပူးပေါင်းလိုက်ပြီး ရှယ်ယာတန်ဖိုးများ ခုန်တက်သွားခဲ့ခြင်း ဖြစ်ကြောင်း ကနေဒါနိုင်ငံထုတ် Vancouver Sun သတင်းစာက ဆိုသည်။

“Future Canada China Environment Inc. ၏ လုပ်ငန်းများကို ယာယီ ပိတ်သိမ်းလိုက်ကြောင်း၊ အဆိုပါ ကုမ္ပဏီ၏ အစုရှယ်ယာ တန်ဖိုးများမှာ ဝ.၉၂ ဒေါ်လာ မှ ၂၈.၅ဝ ဒေါ်လာအထိ ခုန်တက်သွားသောကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း” စသဖြင့် အမေရိကန် ပြည်ထောင်စု၏ ငွေကြေး လဲလှယ်မှု ကြီးကြပ်ရေး ကော်မရှင်၏ ဇန်နဝါရီလ ၂၈ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

ကော်မရှင်က အဆိုပါ ကုမ္ပဏီ၏ နောက်ခံ အချက်အလက်များ၊ ထုတ်ပြန်မည့် သတင်းများနှင့် ပတ်သက်ပြီး ဂရုပြုကြရန် စတော့ရှယ်ယာ ပွဲစားများ၊ ရှယ်ယာပိုင်ရှင်များ၊ ရှယ်ယာဝယ်ယူမည့်သူများကို သတိပေးထားသည်။

“အဆိုပါ ကုမ္ပဏီတွင် ပိုင်ဆိုင်မှု အနည်းငယ်သာ ရှိပြီး လုပ်ငန်း လည်ပတ်မှုလည်း မရှိပါ” ဟု ဖေဖော်ဝါရီ ၄ ရက်နေ့ထုတ် Vancouver Sun သတင်းစာက ဆိုသည်။

ဦးကျော်မြင့်သည် ကနေဒါ အခြေစိုက် ကုမ္ပဏီ NAH Development Group Inc., ကို ပိုင်ဆိုင်သူဖြစ်သည်။

ဧရာဝတီမဂ္ဂဇင်းက ရေးသားထားချက်များနှင့် ပတ်သက်ပြီး ဦးကျော်မြင့်က ၎င်းအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်း၊ ငွေမည်းခဝါချမှု လုပ်ငန်းများနှင့် ဆက်နွယ်မှု မရှိပါဟု ငြင်းဆိုထားသည်။

“ကျွန်ုပ် ဦးကျော်မြင့်သည် ဘဝတလျှောက်လုံး တရားမဝင် မူးယစ်ဆေးဝါး လုပ်ငန်း၊ ငွေကြေး ခဝါချမှု လုပ်ငန်းများနှင့် မည်သည့်အခါကမျှ ပတ်သက် ဆက်နွယ်မှုမရှိခဲ့ပါ” ဟု ၎င်း၏ အင်တာနက် စာမျက်နှာရှိ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။

“မြောက်အမေရိကတိုက် နှင့် အာရှတိုက်ရှိ ကျွန်ုပ်၏ လုပ်ငန်းများ အားလုံးမှာ တရားဝင်လုပ်ငန်းများဖြစ်သည်” ဟု ကြေညာချက်က ဆိုသည်။

မကြာသေးမီက ဦးကျော်မြင့်သည် လာမည့်နှစ်တွင် ပြုလုပ်မည်ဟု ဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ရန် UDP ပါတီကို ဖွဲ့စည်း ထူထောင်ထားသည်။

မြန်မာပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ၊ ထင်ရှားသည့် စီးပွားရေးသမား ဦးရဲထွန်းတို့ ကို ပါတီ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များအဖြစ် တာဝန်ပေးလိုက်ကြောင်း ပြီးခဲ့သည့် လကုန်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ဦးကျော်မြင့်သည် ပြည်ပမှနေ၍ ငွေကြေး ထောက်ပံ့ပေးခဲ့ခြင်းဖြင့် ထင်ရှားသည့် နိုင်ငံရေးသမားများကို ပါတီတွင် တာဝန်ယူရန် စည်းရုံးနေကြောင်း ပြည်ပရောက် အတိုက်အခံများက ပြောဆိုနေကြသည်။

ပါတီ အဖွဲ့ဝင်စာရင်းတွင် ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်း၏ အမည်ကို တွေ့ရသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒေါ်ချိုချိုကျော်ငြိမ်းကမူ UDP ပါတီနှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

ကျောင်းသားခေါင်းဆောင်ဟောင်း ဦးထွန်းအောင်ကျော်ကလည်း ပါတီတွင် ၎င်း ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

“သူ့ရဲ့ အကျိုးစီးပွားတွေ မြန်မာပြည်ထဲမှာ ရှိနေပါဦးမယ်၊ ဒါ့အပြင် သူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်ခဲ့တဲ့သူတွေ၊ တချို့လည်း လူကြီးတွေ ဖြစ်နေကြပါပြီ။ သူ့ကို မြန်မာအစိုးရကများ လွတ်ငြိမ်း ချမ်းသာခွင့်များ ပေးလေမလား ဆိုပြီး ပြန်ပြီးတော့ ချည်းကပ်တယ်လို့ ထင်ပါတယ်” ဟု ဦးအောင်လင်းထွဋ်က ဗီအိုအေ နှင့် ဆက်သွယ်မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ဦးကျော်မြင့်သည် တရုတ်လူမျိုးဖြစ်သည်ဟု ဦးအောင်လင်းထွဋ်က ပြောသည်။ သို့သော်လည်း ဦးကျော်မြင့်က ၎င်းသည် မြန်မာပြည်မှ ကချင်တိုင်းရင်းသားဖြစ်သည်ဟု ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တွင်း နိဗ္ဗာန်ယာဉ်များ မထားရ

Wednesday, 25 February 2009 19:52 ဧရာဝတီ
ရန်ကုန် နာရေးကူညီမှု အသင်း၏ နိဗ္ဗာန်ယာဉ်များကို စည်ပင်သာယာ နယ်နိမိတ်အတွင်း မထားရှိရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖိအားပေး သောကြောင့် အခက်အခဲဖြစ်နေကြောင်း သိရသည်။

နိဗ္ဗာန်ယာဉ်တစီးကို ကိုယ်တိုင် မောင်းနှင်နေသော သရုပ်ဆောင် ကျော်သူ (ဓာတ်ပုံ - နာရေးကူညီမှု အသင်း)

ဖေဖော်ဝါရီ ၂၈ ရက် မတိုင်မီက စတင်၍ ယခင်ထားရှိရာ သင်္ဃန်းကျွန်း မြို့နယ်ရှိ ဗြဟ္မ၀ိဟာရ ကျောင်းဝန်း အတွင်းတွင် ဆက်လက် မထားဘဲ ရန်ကုန်မြို့ပြင်ရှိ သင်္ချီုင်းများသို့ ပြောင်းရွှေ့ထားရန် ညွန်ကြားချက် ထုတ်ပြန်လိုက် သည်ဟု နာရေးကူညီမှုအသင်း ဦးဆောင်သူ တဦးဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက ပြောသည်။

နာရေးကူညီမှု အသင်းအနေနှင့် ရန်ကုန်မြို့တွင်း၌ နေ့စဉ် နိဗ္ဗာန်ယာဉ် ၁၆ စီးဖြင့် ဈာပန ပေါင်း ၅၀ ကျော်ကို သယ်ယူ သင်္ဂြီုဟ်ပေးနေရ ကြောင်းလည်း ဦးကျော်သူက ဆိုသည်။

အဆိုပါ နိဗ္ဗာန်ယာဉ်များ ထားရှိရန် အဆောက်အဦး ဆောက်လုပ်ခွင့်အား စည်ပင်သာယာသို့ တင်ပြတောင်းဆို ထားသည်ကို ယခုကဲ့သို့ ညွန်ကြားချက် ထုတ်ပြန်ပေးလိုက်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

“တကယ်လို့ သူတို့ အကြောင်းမပြန်ခင် ကျနော်တို့က အဆောက်အဦး ဆောက်လိုက်ရင် ကျနော်တို့ အသင်းကို ရပ်ဆိုင်းလိုက်နိုင်တယ်”ဟု ဦးကျော်သူက ဆိုသည်။

သင်္ဃန်းကျွန်း ဒေသခံတဦးကလည်း နာရေးကူညီမှုအသင်း အနေနှင့် အများပြည်သူအကြား ပိုမိုထင်ရှားလာမည် ကို အစိုးရက စိုးရိမ်ခြင်း ဖြစ်နိုင်သည်ဟု ပြောသည်။

အစိုးရနှင့် မသက်ဆိုင်ဘဲ နိုင်ငံရေးနှင့်လည်း ပတ်သက်ခြင်း မရှိသော နာရေးကူညီမှု အသင်းသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စတင် တည်ထောင်ခဲ့ပြီး ပြည်တွင်းပြည်ပရှိ အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ၂၀၀၇ခုနှစ်အထိ နာရေး ကိစ္စပေါင်း ၆၀၀၀၀ ခန့် အခမဲ့ ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၀၆ ခုနှစ် သြဂုတ်လ အတွင်းက ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၁၈ နှစ် မြောက် ၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားသို့ နာရေးကူညီမှု အသင်းမှ ဦးကျော်သူနှင့် စာရေး ဆရာမ ဒေါ်သန်းမြင့်အောင်တို့ တက်ရောက်ခဲ့သည့် နောက်ပိုင်း နာရေးကူညီမှုအသင်း၏ လှုပ်ရှားမှုများကို အစိုးရ သတင်းစာများက ထည့်သွင်းဖော်ပြခြင်း မပြုသည့် အပြင် အာဏာပိုင်များက အနှောင့်အယှက်များ ပေးခဲ့သည်။

အကောင်းဆုံးမြေသြဇာ လူငယ်သုံးဦး ရန်ကုန်တိုင်းရဲရုံးမှာ ဖမ်းထားဆဲ

မင်းနိုင်သူ /၂၅ ဖေဖော်ဝါရီ ၂၀၀၉

အကောင်းဆုံးမြေသြဇာအဖွဲ့မှ ကိုစိုးမင်းထိုက်၊ ကိုကျော်ဇင်နိုင်၊ ကိုအောင်ထက်မင်းတို့ ဖေဖော်ဝါရီ (၁၄) ရက်၌ မြောက်ဥက္ကလာပမြို့နယ် အထက (၃) ရှေ့တွင် နှင်းဆီပန်း လူထုလှုပ်ရှားမှုအဖြစ် ပိုစတာများ ကပ်နှံခဲ့ခြင်းကြောင့် အာဏာပိုင်များက နေအိမ်သို့လာရောက် ဖမ်းဆီးခဲ့ပြီး၊ ယခုအခါ ရန်ကုန်တိုင်းရဲရုံးတွင် ဖမ်းဆီးနှိပ်စက် စစ်ဆေးနေကြောင်း ယင်းအဖွဲ့ဝင်လူငယ်တဦးက ပြောသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်ရဲရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခြင်းမရှိပေ။

လူထုအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့၊ မျိုးဆက်သစ်လူငယ်များအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ငြိမ်းချမ်းရေးနှင့် ချစ်ခြင်းမေတ္တာ သင်္ကေတအထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ဖေဖော်ဝါရီ (၁၄) ရက်တွင် လူထုလှုံ့ဆော်ရေးတရပ် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုအတွက် အဖမ်းခံလူငယ် (၃) ဦး ပိုစတာကပ်နှံသည်ကို စွမ်းအားရှင် ဆိုက္ကားသမားတဦး မြင်သွားကာ အာဏာပိုင်များထံ သတင်းပေးခဲ့ခြင်းကြောင့် အိမ်အထိ လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းသိရသည်။

၎င်းတို့သုံးဦးကို မြို့နယ်မယကရုံးတွင် ဖမ်းဆီးထိန်းသိမ်းထားရာမှ (၁၆) ရက်တွင် တိုင်းရရုံးသို့ ပြောင်းရွေ့ လိုက်ခြင်းဖြစ်ကြောင်း အဖွဲ့ဝင်လူငယ်က ပြောသည်။

“ကျနော်တို့ အဖွဲ့ဝင် လူငယ်တွေဟာ ဘယ်လောက်ပဲ အဖမ်းခံနေရပါစေ။ နောက်တွန့်သွားမှာ မဟုတ်ဘူး ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာ လှုပ်ရှားမှုတွေနဲ့ သက်သေပြနေပါတယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပေးပါ။ ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေမပါဘဲနဲ့ လုပ်ဆောင်နေမယ်ဆိုရင်လည်း အခုလိုလှုပ်ရှားမှုတွေနဲ့ လူထုကို နားလည်အောင်ပြောပြ ဆွဲခေါ်တင်ပြီး ဖယ်ရှားသွားမှာပါခင်ဗျ။ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေဖြစ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွတ်ပေးပါ။ ကျနော်တို့ လူငယ်တွေရဲ့ ရင်ထဲကဆန္ဒတွေ ဖော်ထုတ်ပြသတာကိုလည်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးပါ။ ဖမ်းတာဆီးတာတွေရပ်ပါ။ ကျနော်တို့အဖွဲ့က အဖမ်းခံလူငယ်တွေကိုလည်း ချွင်းချက်မရှိ ပြန်လွတ်ပေးပါ” ဟု အဖွဲ့ဝင်လူငယ်က တောင်းဆိုသည်။

ယင်းကဲ့သို့ ဖမ်းဆီးမှုများရှိနေသော်လည်း အဖွဲ့အနေဖြင့် လှုပ်ရှားမှုများ ရပ်တန့်သွားမည်မဟုတ်ဘဲ နယ်မြို့များတွင်ပါ တိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းလူငယ်က ဆက်လက်ပြောဆိုသည်။

မဲဆောက်မြန်မာအလုပ်သမား ၃၀၀နီးပါး လက်မှတ်လိမ်မထိုး၍ အလုပ်ဖြုတ်ခံရ

NEJ /၂၅ ဖေဖော်ဝါရီ ၂၀၀၉

မဲဆောက်ရှိ ဟန်ထိုင်း သိုးမွေးအထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား တစ်ထောင်ခန့်အား လုပ်ငန်းခွင်အတွင်း လုပ်အားခနှင့် အလုပ်သမားအခွင့်အရေးများ အပြည့်အ၀ရရှိသည့် အကြောင်းကို စာချုပ်စာတမ်းဖြင့် လိမ်လည်လှည့်ဖြား၍ လက်မှတ်ထိုးခိုင်းခြင်းကို ကန့်ကွက်ခဲ့သည့် မြန်မာအလုပ်သမား (၂၉၃) ဦးကို ယမန်နေ့က အကြောင်းမဲ့ အလုပ်ဖြုတ်လိုက်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ မဲဆောက်မြို့ရှိ ထိုင်းအလုပ်သမား အခွင့်အရေးကာကွယ်ရေးရုံးတွင် မြန်မာအလုပ်သမား များက အရေးဆိုတိုင်ကြားသောကြောင့် အလုပ်ရှင်နှင့် အလုပ်သမား အခြေအနေမှာ တင်းမာလျက်ရှိသည်။

မဲဆောက်မြို့ပြင် မဲကုကျေးရွာအမှတ် (၆၀၈) ရပ်ကွက်(၇) တွင် တည်ရှိသည့် HANG THAI၊ KNITTING၊ INDUSTRIAL.CO.LTD စက်ရုံတွင် အလုပ်သမားအခွင့်အရေး တောင်းဆိုသည့်အတွက် မိမိတို့အား အလုပ်ဖြုတ် လိုက်ခြင်းဖြစ်သည်ဟု အလုပ်ဖြုတ်ခံရသူ မရီရီခိုင်က “အခုလို လာပြီး အရေးဆိုရတာကတော့ ဟန်ထိုင်းစက်ရုံမှာ ကျမအလုပ်လုပ်ခဲ့တာ (၉၇) ကနေ အခုဆိုရင် ဆယ်နှစ်ကျော်ပြီ။ အလုပ်စ၀င်ချိန်မှာ လျှောက်လွှာတင်ခဲ့ရတယ်။ ဒီစာချုပ်ကို မချုပ်ခဲ့ရဘူး။ ပြီးခဲ့တဲ့နှစ် (၁၁) လပိုင်းကမှ စာချုပ်အသစ်ချုပ်ခိုင်းတဲ့ အတွက် ကျမတို့ မချုပ်ခဲ့ဘူး။ ဒီစာချုပ်ပါ နံပတ် (၅) အချက်က အလုပ်သမား အသစ်စမ်းသပ်ရက်ကို (၁၁၉) ရက် သတ်မှတ်တယ်။ ကျမတို့က အလုပ်သမား အဟောင်းဖြစ်တဲ့အတွက် ကျမတို့နဲ့မဆိုင်လို့ အဲ့ဒါကို လက်မှတ်မထိုး နိုင်ဘူး။ စာချုပ် နံပတ်(၁၀) မှာလည်း အပြစ်မရှိတဲ့ အလုပ်သမားကို အလုပ်ထုတ်လိုပါက တလကြိုတင် အကြောင်းကြားဖို့ဆိုတာ ပါတယ်။ အခုကြတော့ ကြိုတင် အကြောင်းကြားခြင်းမရှိပဲ မနေ့ကအလုပ်သမား (၂၉၃) ဦးကို အကြောင်းမဲ့ အလုပ်ဖြုတ် လိုက်တယ်။ ဒါကြောင့် အခုလိုလာပြီး အရေးဆိုတိုင်ကြားရတာပါ" ဟု ပြောသည်။

အလုပ်သမားတဦးဖြစ်သူ ဇော်မင်းသိန်းကလည်း “ကျနော်တို့ကို အလုပ်ဖြုတ်တာကို စက်ရုံထဲမှာ စာကပ်ထားတယ်။ စက်ရုံ မန်နေဂျာတဦးဖြစ်တဲ့ ဖိပရာချာက မင်းတို့ရမယ့် နောက်ဆုံး လစာကို ပေးမယ်။ အခြားဘာနစ်နာကြေးမှ မပေးနိုင်ဘူး။ တိုင်ချင်ရာတိုင်လို့ရတယ်လို့ ပြောတယ်" ဟုပြောသည်။

မြန်မာအလုပ်အရေး လိုက်လံကူညီဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ BLSO ၏ တာဝန်ခံကိုသံဒုတ်က “ မနှစ် နိုဝင်ဘာ (၁၇) ရက်နေ့ အလုပ်သမားဌားရမ်း စာချုပ်မှာ စက်ရုံမန်နေဂျာက အလုပ်သမားတွေကို လက်မှတ် ထိုးခိုင်းတာရှိတယ်။ ဒီစက်ရုံမှာ အလုပ်သမားအခွင့်အရေးနဲ့ ရပိုင်ခွင့် အပြည့်အ၀ ပေးပါတယ်ဆိုပြီးတော့ အတင်းအကြပ် လက်မှတ်ထိုးခိုင်းခဲ့တာရှိတယ်။ တကယ်တမ်းကြတော့ ဒီစက်ရုံက အလုပ်သမားတွေကို တစ်နေ့ (၁၁) နာရီခိုင်းတယ်။ အချိန်ပိုကြေးလည်း မပေးဘူး။ ပိတ်ရက်တလမှာ တရက်ပဲပေးတယ်။ အလုပ်သမားတွေက သည်းမခံနိုင်တဲ့အခါမှာ ဒီစာချုပ်ကို လက်မှတ် မထိုးပေးနိုင်ဘူးဆိုတာကို မနှစ်က နိုဝင်ဘာ (၁၇) ရက်နေ့မှာ ငြင်းဆန်လိုက်တယ်။ စာချုပ်ပါ အချက်တချက်က လက်မှတ်ထိုးပြီးတာနဲ့ အလုပ်သမားတွေဟာ အလုပ်သမားအသစ် ပြန်ဖြစ်သွားနိုင်တဲ့ အချက်ပါတယ်။ ဟန်ထိုင်း စက်ရုံမှာရှိတဲ့ အလုပ်သမားတွေဟာ လုပ်သက် (၅) နှစ်ကျော် (၁၀) ကျော်ရှိတဲ့ လူတွေဖြစ်တယ်။ လူသစ်ပြန်ဖြစ်သွားတာနဲ့ တပြိုင်နက်သူတို့ရဲ့ အလုပ်သမားအခွင့်အရေး၊ နစ်နာကြေးတွေ ဆုံးရှုံးသွားမှာဖြစ်တယ်။ ဒါကြောင့်အလုပ်သမား တွေက လက်မှတ်မထိုးဘဲ ဆန့်ကျင်ခဲ့ကြတာဖြစ်တယ်။ အလုပ်သမားတွေရဲ့ တောင်းဆိုချက်အရ နောက်ဆုံးမှာ ဇန်န၀ါရီလ (၂၇) ရက်နေ့မှာ အလုပ်သမား အခွင့်အရေးတွေကို ပေးပါ့မယ်ဆိုပြီး မဲဆောက်မှာရှိတဲ့ အလုပ်သမား အခွင့်အရေးကာကွယ်ရေးရုံးမှာ လက်မှတ်ထိုးခဲ့ကြတဲ့အဆင့်ကို ရောက်ခဲ့ကြတယ်။ ဒါပေမယ့် အခွင့်အရေး တောင်းဆိုခဲ့တဲ့ မြန်မာအလုပ်သမား (၂၉၃) ဦးကိုတော့ အလုပ်ရှင်က မနေ့က အလုပ်ဖြုတ်ပစ်လိုက်တယ်" ဟု ပြောသည်။

၎င်းက “အလုပ်ဖြုတ်လိုက်တဲ့ စာထဲမှာ ရေးထားတာက အလုပ်လုပ်ရာမှာ စံချိန်စံညွှန်းမမှီလို့၊ အရည်အချင်းမရှိ လို့ဆိုပြီး ပြောတယ်။ ဒါကြောင့် အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ သူတို့ရဲ့ နစ်နာကြေးတွေ ရှိတယ်။ (၁၀) နှစ် ကျော်ကြာတဲ့ အလုပ်သမားဆိုရင် သူ့ရပိုင်ခွင့်က (၈) လစာလောက်ရတယ်။ ဒီအလုပ်သမားတွေကို ခံစားခွင့် မပေးချင်တဲ့အတွက် ဥပဒေမဲ့ အကြောင်းမဲ့ မနေ့က အလုပ်ဖြုတ်လိုက်တာ ဖြစ်တယ်။ အလုပ်သမားတွေရရှိသင့်တဲ့ အခွင့်အရေးတွေရဖို့ ကျနော်တို့ တတ်နိုင်တဲ့ဖက်ကနေ ဥပဒေနဲ့အညီ ပံ့ပိုးကူညီ ပေးသွားမှာဖြစ်တယ်" ဟုပြောသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ဟန်ထိုင်းသိုးမွေး အထည်ချုပ်စက်ရုံ၏ မန်နေဂျာတဦးဖြစ်သူ နိုင်ပရာချာထံသို့ စက်ရုံဖုန်းနံပတ် (၀၅၅-၅၅၁၂၀၈) သို့ ခေတ်ပြိုင်မှဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားရန် ငြင်းဆိုပြီး ဖုန်းချသွားသည်။

အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမားများက မိမိတို့ နစ်နာကြေးရရှိရေးအတွက် အလုပ်သမားအခွင့်အရေး၊ ကာကွယ်ရေးရုံးမှ တဆင့် ဥပဒေကြောင်းအရ အရေးဆိုသွားမည်ဟု ပြောသည်။

မဲဆောက်ဒေသအတွင်း အလုပ်ရုံ၊ စက်ရုံပေါင်း (၂၀၀) ခန့်ရှိပြီး မြန်မာအလုပ်သမား (၁) သိန်း ခန့် အလုပ်လုပ် ကိုင်လျက်ရှိသည်ဟု ထိုင်းအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ စစ်တမ်းများအရသိရသည်။

ဝန်ကြီး ဦးအောင်သောင်း Safety First ဆောင်ပုဒ်ပြင်ခိုင်း

NEJ /၂၅ ဖေဖော်ဝါရီ ၂၀၀၉

စက်မှု (၁) တည်ဆောက်ရေး လုပ်ငန်းခွင်များတွင် ရေးထားသည့် Safety First (အန္တရာယ်ကင်းရေး ဦးစားပေး) ဆိုသည့် ဆောင်ပုဒ်များအစား “အန္တရာယ်ကို သတိပြုပါ” ဆိုသည့် ဆောင်ပုဒ်ဖြင့် အစားထိုးရန် ၀န်ကြီး ဦးအောင်သောင်းက အရေးတကြီး ညွှန်ကြားခဲ့သဖြင့် နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန တခုလုံး ဟာသ ညွှန်ကြားချက်အဖြစ် ပြောစမှတ် ဖြစ်သွားသည်။

စက်မှု (၁) တည်ဆောက်ရေး လုပ်ငန်းခွင်များ၊ စက်ရုံ စက်တပ်ဆင်မှု စီမံကိန်းများ နှောင့်နှေး ကြန့်ကြာပြီး အချိန်မီ မပြီးသည့် အကြောင်းရင်းမှာ Safety First (အန္တရာယ်ကင်းရေး ဦးစားပေး) ဆိုသည့် ဆောင်ပုဒ်ကြောင့်ဟု ၀န်ကြီးဦးအောင်သောင်းက ယူဆသည်ဟု ဦးအောင်သောင်း၏ လက်ထောက်တဦးက ပြောသည်။

၎င်းက “ဘယ်နဲ့ဗျာ Safety First (အန္တရာယ်ကင်းရေး ဦးစားပေး) ဆိုတဲ့ ဆောင်ပုဒ်ဟာ တကမ္ဘာလုံးက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ စက်ရုံတွေအတွက် အရေးကြီးတဲ့ ဆောင်ပုဒ်လို့ သတ်မှတ်ထားတာပါ။ ဒါပေမယ့် ဒီဆောင်ပုဒ်ပါ စာသားဟာ လုံခြုံမှုကို ဦးစားပေးလွန်းပြီး အလုပ်လုပ်ရာမှာ စွန့်စွန့်စားစား လုပ်ဆောင်မှုကို အဟန့်အတား ဖြစ်စေတယ်ဆိုပြီး ၀န်ကြီး ဦးအောင်သောင်းက ရွှေဥာဏ်တော် စူးရောက်စွာနဲ့ အပြစ်ပုံချပါတယ်။ ဘယ်လို ၀န်ကြီး ဦးနှောက်လဲ စဉ်းစားသာကြည့်ပေါ့ဗျာ” ဟုပြောသည်။

ထို့ကြောင့် စက်မှု (၁) တည်ဆောက်ရေး လုပ်ငန်းခွင်များတွင် ရေးထားသည့် Safety First (အန္တရာယ်ကင်းရေး ဦးစားပေး) ဆိုသည့် ဆောင်ပုဒ်များအား ၀န်ကြီး ဦးအောင်သောင်းက အမြန်ဖြုတ်ချခိုင်းပြီး “အန္တရာယ်ကို သတိပြုပါ” ဆိုသည့် ဆောင်ပုဒ်ဖြင် အစားထိုးပေးကြရသည်ဟု စုံစမ်းသိရသည်။

နိုင်ငံရေး ပြောင်းလဲရန် အီးယူ ဥက္ကဋ္ဌက မြန်မာကို တိုက်တွန်း

မုံပီး
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 25 2009 19:30 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ ဥရောပသမဂ္ဂ လက်ရှိ ဥက္ကဋ္ဌက အတိုက်အခံ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် မြန်မာ စစ်အစိုးရကို တိုက်တွန်းလိုက်သည်။

ထို့အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် နိုင်ငံရေးပါတီများအား ကန့်သတ် ချုပ်ချယ်ထားမှုများ ဖယ်ရှားပေးရန်လည်း တနင်္လာနေ့က ကြေညာချက်တရပ် ထုတ်ပြန်ကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးနှင့် ထိန်းသိမ်းထားသူများကို ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်၊ နိုင်ငံရေး ပါတီများအား ကန့်သတ် ချုပ်ချယ်ထားမှုများကို ဖယ်ရှားပေးရန်၊ အစိုးရ အာဏာပိုင်များနှင့် တိုင်းရင်းသားများ အပါအဝင် ဒီမိုကရေစီ အင်အားစုများအကြား အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ဥရောပသမဂ္ဂ (အီးယူ) ဥက္ကဋ္ဌက ပြင်းထန်စွာ တောင်းဆိုပါသည်” ဟု ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

၂ဝဝ၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ချက်သမ္မတနိုင်ငံက ဥရောပသမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး၊ ၂ဝဝ၉ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဆွီဒင်နိုင်ငံသို့ လွှဲပြောင်းပေးမည်။

ချက်သည် မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံခဲ့သော နိုင်ငံဖြစ်ပြီး မကြာသေးမီကလည်း မြန်မာ ဒုက္ခသည်များကို နိုင်ငံတွင်း၌ လက်ခံခဲ့သည်။

ချက် သမ္မတဟောင်း ဗားကလပ်ဟာဗဲလ် (Vaclav Havel) သည် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး (Desmond Tu Tu) နှင့်အတူ ‘ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေခြင်း’ (Threat to Peace) ဆိုသည့် အစီရင်ခံစာ တစောင်ကို ပူးတွဲရေးသား၍ ၂ဝဝ၅ ခုနှစ် စက်တင်ဘာလက ထုတ်ဝေဖြန့်ချိခဲ့ကာ မြန်မာစစ်အစိုးရအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တရပ် ချမှတ် အရေးယူပေးရန် တောင်းဆိုခဲ့သည်။

ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာဂမ်ဘာရီ ထုတ်ဖော်ပြောကြားခဲ့သည့် ‘နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ပူပန်လျက်ရှိသော ပြဿနာများကို တိတိကျကျ၊ ခိုင်ခိုင်မာမာ ကိုင်တွယ်ဖြေရှင်းရန်’ မိမိ၏ ကတိကဝတ်ကို မြန်မာနိုင်ငံက ပြသရမည့်အချိန် ရောက်ပြီဟူသော အမြင်ကိုလည်း အီးယူ ဥက္ကဋ္ဌက သဘောတူသည်။

အီးယူသည် ၁၉၉၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအပေါ် ဘုံသဘောထားတရပ် ချမှတ် အရေးယူခဲ့ရာ စီးပွားရေး ပိတ်ဆို့မှုများ၊ လက်နက်တင်ပို့မှု တားမြစ် ကန့်သတ်မှုများ၊ မြန်မာ စစ်အရာရှိကြီးများနှင့် သူတို့၏ မိသားစုဝင်များအား ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခြင်း စသည်တို့ ပါဝင်သည့် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားခဲ့သည်။

ဤ ဘုံသဘောထား ရပ်တည်ချက်တွင် အီးယူ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခြင်းကိုလည်း တားမြစ် ပိတ်ပင်ထားသည်။

သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်းက မြန်မာစစ်အစိုးရက နှိမ်နင်းခဲ့အပြီး။ မြန်မာနိုင်ငံအပေါ် ပိုမိုတင်းကျပ်သော ပိတ်ဆို့အရေးယူမှုများကို အီးယူက ပြုလုပ်ခဲ့သည်။

သို့သော် နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး ပေါ်ပေါက်လာခဲ့သော လူသားချင်း စာနာမှု အကျပ်အတည်းကို တုံ့ပြန်ကူညီသည့်အနေနှင့် ယူရိုငွေ ၃၉ သန်း (အမေရိကန်ဒေါ်လာ သန်း ၅ဝ) တန်ဖိုးမျှရှိသည့် ကနဦး နာလန်ထူရေး စီမံကိန်းအတွက် အီးယူက မြန်မာနိုင်ငံကို ပေးအပ်ကူညီခဲ့သည်။

ယခု ရက်သတ္တပတ်ကုန်ပိုင်းတွင် ဂျာမဏီနိုင်ငံ ပါလီမန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးရေးရာ ကော်မတီဝင်များ ဖြစ်ကြသော Jürgen Klimke နှင့် Hellmut Königshaus သည် နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်သို့ သွားရောက်ကာ မြန်မာစစ်အစိုးရ၊ အာဆီယံနိုင်ငံများအသင်း၊ ကုလသမဂ္ဂတို့ ပူးပေါင်း ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) က လုပ်ကိုင်နေသည့် နာလန်ထူရေး စီမံကိန်းများကို လိုက်လံ စစ်ဆေးခဲ့သည်။

ဤခရီးစဉ်သည် အီးယူ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ဒုတိယအကြိမ် ခရီးစဉ်ဖြစ်ပြီး၊ ပြီးခဲ့သောလက နော်ဝေနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး Erik Solheim နှင့် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး Ulla Toernaes တို့သည် မြစ်ဝကျွန်းပေါ်သို့ သွားရောက်ကာ နာဂစ်လွန်ကာလ တုံ့ပြန်ဆောင်ရွက်မှုများ၏ တိုးတက်မှုကို စစ်ဆေးအကဲဖြတ်ရန်နှင့် နာလန်ထူရေးအတွက် အနာဂတ်တွင် လိုအပ်ချက်များကို သိရှိနိုင်ရန် စစ်ဆေးခဲ့သေးသည်။

Tuesday, February 24, 2009

Media Statement – for immediate release

24 February 2009

Very few political prisoners released from Burma’s prisons
On Friday, Burma’s ruling State Peace and Development Council (SPDC) announced that they would release 6,313 prisoners from 21 February 2009. The Assistance Association for Political Prisoners (Burma) can today confirm that so far only 24 political prisoners have been released.
Those released included National League for Democracy (NLD) Member of Parliament Dr Zaw Myint Maung, who spent almost 19 years in prison. Khin Khin Leah, who has been in prison since 1999, was also released. When the authorities were unable to locate and arrest her husband Kyaw Wanna for his role in planning a peaceful demonstration, they instead arrested his wife and daughter. Although her daughter was later released, Khin Khin Leah was sentenced to life imprisonment.
Daw Ponena Mee, the oldest nun in prison at the age of almost 80, was amongst those released. Others included U Thet Wai, who was sentenced to 2 years imprisonment for making a complaint to the International Labour Organisation (ILO) about labour rights violations, and U Tin Htay and U Than Htay, who were arrested for distributing DVDs of the lavish wedding of Senior General Than Shwe’s daughter. And 9 monks, who have been detained since 2003, were also released.
Tate Naing, Secretary of the Assistance Association for Political Prisoners (Burma), said, “We cannot expect the political situation in Burma to improve just because a few political prisoners were released. This is just a ploy to try and ease international pressure. Actually Daw Aung San Suu Kyi, U Tin Oo, ethnic nationality leaders, 88 Generation leaders and all other political prisoners must be released in order to make progress towards democracy and national reconciliation. We urge the international community to pressurise the SPDC more effectively for their release.”
-ENDS-

Notes to editors:
The released are:

Myintkyina prison
1. Dr. Zaw Myint Maung, Member of Parliament from the National League for Democracy party. He has been in jail since 1991.
2. U Pe Sein, Township organizer, Mohnyin, Kachin State
3. U Naw Naw

Insein prison
4. U Kaythara (a) U Kyaw Min Thet
5. U Ingura (a) U Aye Tun Thar
6. U Thireina (a) U Kyaw Moe
7. U Marlaina (a) U Min Zaw Aung
8. U Ardatesa (a) U Aung Ko
9. U Takekanateya (a) U Maung Zaw
10. U Damitika (a) U Tun Tun
11. U Tun Zaw Htay (a) Tun Tun
12. U Khaing Ba Myint
13. U Soe
14. U Nandathiri (a) U Htay Ye Tun
15. U Sandima (a) U Zaw Min Htet
16. Ma Hmwe (a) Ma Kyin Haw
17. Ma Khin Khin Leah
18. U Tin Hlaing
19. U Thet Wai
20. Ma Htay
21. Ponena Mee

Kale Prison

22. U Tin Htay
23. U Than Htay

Four Mile Labour Camp, Taungoo
24. Zaw Naing Htwe aka Ket Net

AAPP

For more information, please contact:
Tate Naing at +66-(0)81-2878751
Bo Kyi at +47-96836088

Monday, February 23, 2009

Ireland MPU 26-1-09 Consultation Meeting News

“ညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ ပြည်သူ့လွတ်လပ်ခွင့်များ၊” မာလာဟိုက် ကြေညာချက် ၂၆-၁-၀၉

“တစုတစည်းသော ခေါင်းဆောင်မှုတရပ်နှင့် တူညီသောဘုံရည်မှန်းချက်ကို ဖေါ်ဆောင်ရန် ဘက်ပေါင်းစုံ ပေါင်းစည်းထားသည့် လုပ်ငန်းစဉ်တရပ် ၀ိုင်းဝန်း အကောင်အထည်ဖေါ်မည်”



• ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (MPU)၏ စတုတ္ထအကြိမ်မြောက် ညီလာခံအပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့(NCGUB) သည် ၂၄-၁-၀၉ မှ ၂၆-၁-၀၉ နေ့အထိ အောက်တွင် ဖေါ်ပြထားသည့် တိုင်းရင်းသား၊ ဒီမိုကရေစီနှင့် လူမှုရေးအဖွဲ့ အစည်းအသီးသီးတို့အပါအ၀င် လေ့လာသူများ အားလည်း ဖိတ်ကြားလျက် အိုင်ယာလန်နိုင်ငံ၊ မယ်လဟိုက်၊ ဂရင်းဟိုတယ်တွင် “ကျယ်ပြန့်သော ညှိနှိုင်း တိုင်ပင်မှုအစည်းအဝေးကြီး” တရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
• ယင်းညှိနှိုင်းဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း ညီညွတ်ရေးနှင့် ခေါင်းဆောင်မှုအပေါ် အကြုံစဖူး အဆိုးမြင်မှုများနှင့် ဝေဖန်မှုများထွက်ပေါ်နေသည့်ကာလအတွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။
• အဆုံးတွင်မူ “တစုတစည်းသော ခေါင်းဆောင်မှုတရပ်နှင့် တူညီသော ဘုံရည်မှန်းချက်ကို ဖေါ်ဆောင်ရန် ဘက်ပေါင်းစုံ ပေါင်းစည်းထားသည့် လုပ်ငန်းစဉ်တရပ် ဖေါ်ဆောင်ရန် ၀ိုင်းဝန်း အကောင်အထည်ဖေါ်မည်”ဆိုသည်ကို အားလုံးက သဘောတူညီကြပေသည်။

“ညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ ပြည်သူ့လွတ်လပ်ခွင့်များ၊”
မာလာဟိုက် ကြေညာချက်
၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက်

၁။ အောက်တွင် ဖေါ်ပြထားကုန်သော ကျနော်တို့ အဖွဲ့အစည်းများအနေနှင့် ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၂၄ မှ ၂၆ ရက်နေ့အထိ အိုင်ယာလန်နိုင်ငံ (မာလာဟိုက်)တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းပွဲဖြစ်မြောက်ရန် အထောက်ကူပေးသော ဗားမား-အက်ရှင်းအိုင်ယာလန် (Burma Action Ireland) နှင့် အိုင်ယာလန် သမ္မတနိုင်ငံအစိုးရတို့၏ စေတနာနှင့် ထောက်ပံ့မှုအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြသည်။

၂။ မည်မျှပင် ကြီးမားဆိုးဝါးသော အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ နေရစေကာမူ မြန်မာပြည်သူ လူထု လွတ်မြောက်ရေးနှင့် အခြေခံအခွင့်အရေးများရရှိစေရန် အန္တရာယ် အသွယ်သွယ်ကို ရင်ဆိုင် အန်တုလျက် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် မဆုတ်မနစ်သော လုံ့လ၀ီရိယနှင့် ဆက်လက် တိုက်ပွဲဝင်နေကြ ကုန်သော ပြည်တွင်းမှ ဒီမိုကရေစီ သူရဲကောင်းများအား လေးစားဂုဏ်ပြုအပ်ပါသည်။

၃။ ပြည်သူ့လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် ဘ၀ပျက်ပြီး၊ အများစုသည် ပြင်းထန် ကြမ်းတမ်းလှသော ထောင်တွင်း အခြေအနေတွင် ဆင်းရဲဒုက္ခများ ဆက်လက် ခံစားနေကြရကုန်သော သတ္တိပြောင်မြောက်လှသည့် ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များလုံးကို ချီးကျူး ဂုဏ်ပြုပါကြောင်း အလေးအနက် ဖော်ပြလိုပါသည်။

၎။ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး အပါအ၀င် အဖမ်းအဆီးခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့နှင့်တကွ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီရေး ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွတ်မြောက်ရေး အတွက် ဆောင်ကျဉ်းပေးပါရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းအား တောင်းဆိုသည်။

၅။ မြန်မာ့အရေး ထောက်ခံအုပ်စုများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် (အင်စတီကျု)များ အားလုံးတို့၏ မဆုပ်အနစ်သော ကူညီ ထောက်ပံ့ကုညီမှုများအတွက်လည်း ကျွန်ုပ်တို့ အလေးအနက် တန်ဖိုးထားအပ်ပါသည်။

၆။ မြန်မာစစ်ဗိုလ်ချုပ်များသည် တဖက်သတ် ရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အခြေခံလျက် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲတရပ်ကျင်းပရန် စီစဉ်ထားပြီး နိုင်ငံကို စစ်အုပ်ချုပ်ရေး ဖြင့် တရားဝင်အုပ်ချုပ်နိုင်ရေးကြိုးစားနေခြင်းဖြင့် မြန်မာနိုင်ငံသည် သေရေးရှင်ရေး အကြပ်အတည်းသို့ ရောက်ရှိနေပေသည်။

၇။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ၂၀၀၈ ခုနှစ် စစ်တပ်က အဆိုတင်သွင်းခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအား လုံးဝလက်မခံနိုင်ကြောင်း ပြတ်ပြတ်သားသား ကြေညာလိုက်ပါသည်။ အခြေအနေဆိုးအား ပြုပြင်ရန် အခွင့်အလမ်းနှင့် အချိန် ကျန်ရှိနေဆဲဖြစ်ရာ၊ ကျွန်ုပ်တို့သည် တိုင်းပြည် အကျိုးအတွက် နည်းလမ်းပေါင်းစုံနှင့် တညီတညွတ်တည်း ဆောင်ရွက်ကြရန် သန္နိဋ္ဌာန်နှင့် နားလည်မှု များ ရရှိခဲ့ကြပေသည်။

၈။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ရေးနှင့် ဒီမိုကရေစီ တည်ဆောက်ရန် ဟူသည့် ဘုံရည် မှန်းချက်များကို ဖေါ်ဆောင်ရန် ညီညွတ်သောခေါင်းဆောင်မှုနှင့် အားလုံးပါဝင်သည့် လုပ်ငန်းအစီအစဉ် တရပ်အတွက် လက်တွဲရွက်ဆောင်ကြရန် သဘောတူညီကြပါသည်။

၁) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB
၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ MPU
၃) နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ AAPP
၎) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF
၅) မြန်မာနိုင်ငံဆိုင်ရာ ကနေဒါမိတ်ဆွေများ CFOB
၆) တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) ENC
၇) မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့ချုပ် FBF
၈) မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု FDB
၉) သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ် IBMO
၁၀) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD/LA
၁၁) မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက် SYCB
၁၂) အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန
မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ

ရှင်းပြီးရင်း ရှင်းနေရသည့် ရှင်းနေခဲ့သည့်ကိစ္စ


- တင့်ဆွေ -


ဖေဖော်ဝါရီလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် “စစ်အစိုးရဆန့်ကျင်ဖို့ မဲခွဲဆုံးဖြတ်တာ သင့်တော်ပါရဲ့လား“ရှင်းပြဖို့လိုအပ်သည်”ဟု ဆိုထားသဖြင့် ရှင်းပါမည်။ ရှင်းလည်း ရှင်းပြီးသားပါ။ ခက်သည်က ရှင်းထားပြီးအချက်ကိုလည်း ရှင်းပုံမပေါ်ဖြစ်နေလို့၊ ထပ်ပြီး ရှင်းရှင်းလင်းလင်းကြီး ရှင်းပြရပါတော့မည်။

(၁) မဲဆွယ် မဲဝယ် ဇာတ်လမ်းဆိုတာ မရှိပါကြောင်း၊ တာဝန်ရှိအဖွဲ့အစည်းကြီးနှစ်ခုမှ ပူးတွဲအစည်းအဝေး ပြုလုပ်ပြီးသကာလ၊ ၂-၂-၀၉ နေ့က ကြေညာချက် ထုတ်ခဲ့ပြီးပါပြီ။ ထပ်ကွန့်လာခြင်းမှာ မဟုတ်တမ်းတရား စွပ်စွဲခံရသူများ၏ ဂုဏ်သိက္ခာကို ထပ်ခါထပ်ခါ စော်ကားရာကျနေပါသည်။ အလုပ်တွေက တလှေကြီးရှိနေသောကြောင့် သူတို့ မရှင်းအားကြပါ။

(၂) ယခင်က ကုလနေရာအရေးကို (ဒပ်ဗလင်)မရောက်မီအထိ (မဲဆောက်)အခြေစိုက်နှင့် (၀ါရှင်တန်) အခြေစိုက် ကိုယ်စားလှယ်များသာ ထဲထဲဝင်ဝင်၊ လေးလေးနက်နက် လေ့လာ၊ ဆွေးနွေး၊ ဆောင်ရွက်နေခဲ့ကြပါသည်။ ညီလာခံရောက်သောအခါ အားလုံးသောကိုယ်စားလှယ်များသည် ယင်းပုဂိုလ်တို့၏ အပြန်အလှန် တင်ပြချက်များကိုလည်းကောင်း၊ အမျိုးမျိုးသော အခြားအဖွဲ့အစည်းများ၏ တလေးတစား၊ ရင်တမမ ပေးပို့လာကြသည့် အကြံပြုစာများကိုလည်းကောင်း၊ အလေးအနက်၊ အပြန်အလှန်၊ သုံးသပ်ဆွေးနွေးနိုင်သည့် အခွင့်အရေးရရှိကြကာ ပိုမိုသင့်မြတ်သော အဆုံးအဖြတ်ကို ရရှိစေခဲ့ခြင်းဖြစ်သွားပါသည်။ သဘာဝကျကျ ဖြစ်ရသည့် အဖြစ်ပါ။ (ပရီဂျူးဒစ်)မရှိပဲ ဆုံးဖြတ်ကြသူက အများဆုံးဖြစ်၍ အဖြေက အဲလိုသာဖြစ်လာပါသည်။ အဆုံးမှာတော့ အားလုံးကနေ လွတ်လပ်သောဆနနဲ့မဲပေးခဲ့ကြသည်ဟု အခိုင်အမာ ယုံကြည်ပါသည်။

(၃) “(ကမ်ပိန်း)တခုအတွက် ညီလာခံကြီးကျင်းပပြီး မဲခွဲရသည်”မှာ မဟုတ်ရေးချပါ ခင်ဗျား။ ယင်းကိစမှာ (အာဂျင်ဒါ) တခုမျှသာဖြစ်ပါသည်။ ညီလာခံသည် လေးနှစ်တကြိမ် ကျင်းပမြဲဖြစ်ရာ၊ ညီလာခံတိုင်းဆိုသလို (ဟော့တ်-အစ်ရှူး) ရှိတတ်ပါသည်။ လေးနှစ်အတွင်း အထူးအစည်းအဝေးများမှာလည်း ထို့အတူရှိပါသည်။

· ၁၉၉၅ ညီလာခံသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ဦးစွာပဌမ လွတ်လာရသည့် အချိန်နှင့် တိုက်ဆိုင်ခဲ့သည်။

· ၁၉၉၈ (ဆစ်ဒနီ)မှာ (ဆန်ရှင်)အရေးက (ဟော့)ဖြစ်ပါသည်။

· ၁၉၉၉ (ဘာလင်)တွင် (ဒိုနာ-ဒရွတ်ဗင်း)မှသည် ကိုယ်ပိုင် လေးချောင်းထောက်ဗျူဟာကို စတင်သည်၊ (အင်-အာရ်-ပီ)အား အစပျိုးစေသည်၊

· ၂၀၀၀ ဒပ်ဗလင်တွင် (စီအာပီပီ)နှင့် (ရာဇာလီ)တို့အား အာရုံစိုက်ခဲ့သည်။

· ၂၀၀၁ (ဘရပ်ဆဲလ်)တွင် (အင်ပီ)များ အရည်အသွေးမြှင့်တင်ရေး၊ (အီး-ဘီ-အို)ရုံး၊ (ဒီ-ဗွီ-ဘီ)၊

· ၂၀၀၃ (ဗွန်မားစဗစ်)မှာ တိုင်းရင်းသားလူမျိုးစုတို့၏ ပင်လုံစိတ်ါတ်အား အလေးအနက်ပြုခြင်း၊ နိုင်ငံတကာရောက် (စီဗယ်လ်-ဆိုဆိုင်ရ်တီ)တို့၏ (ကင့်ပိန်း)များ၊

· ၂၀၀၃ (ဆစ်ဒနီ)မှာ (ဒီပဲယင်း)အရေးက လွှမ်းမိုးခဲ့သည်။

· ၂၀၀၄ ၀ါရှင်တန်၊ (ကေ-အင်-ယူ)အပစ်ရပ်စကားပြောခြင်း၊ စစ်ထောက်လှမ်းရေးပျက်သုဉ်းခြင်း

· ၂၀၀၆ အီတလီ၊ (တူရိန်)တွင် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရေးကျခဲ့ပါသည်။

(၄) ဒေါ်အောင်ဆန်းစုကြည်အကြောင်းမပါဟု လေ့လာသူက ဆိုပြန်ပါသည်။ မှားပြန်ပါပြီ၊ အမှားကြီးပါ။ ညီလာခံတလျှောက်လုံး (ဗီဒီယို)မှတ်တမ်းတင်ပါသည်။ အတွင်းစည်းအတွက်ပါ။ အသံဖိုင် ထုတ်ပြဘို့အထိ လိုမည်မထင်ပါ။ တခုသက်သေပြပါမည်။ ကျွန်တော်တို့၏ ကြညာချက်တွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကို ထိပ်ကရေးထားပါသည်။ ညီလာခံအပြီးကျင်းပသော တိုင်ပင်ညှိနိင်းပွဲ၏ ကြေညာချက် “Unity for Democracy and Civil Liberties” တွင်လည်း ကျွန်ုပ်တို့၏ခေါင်းဆောင်များ လွတ်မြောက်ရေးကို အလေးထားခဲ့ပါသည်။ တပတ်အတွင်းပင် ဒေါ်စုကိုယ်တိုင် (ဂန်ဘာရီ)အား အနိမ့်ဆုံးသိသာမြင်သာသည့် အပြောင်းအလဲသည် ယင်းအရေးဟု ဆိုလိုက်ပါပြီ။ ယင်းသတင်းထွက်မည့်နေ့ကပင် အိနိယမှာ ထိုအရေးအတွက် ဆနပြခဲ့ကြပါသည်။ တိုက်ဆိုင်တာမဟုတ်ပါ။ ဒေါ်စုအား လူကြားကောင်းအောင် နာမည်ထုတ်အော်နေသည်ထက် သူ့ရပ်တည်ချက်နှင့်အညီ လိုက်ပါဆောင်ရွက်ခြင်းဖြင့် ခေါင်းဆောင်မှုကို လေးစာတာပါ။ တခုပြောပါရစေ အမတ်တိုင်းက (အင်ဂျီအို)ဒေါ်လာမစားပါ။

(၅) “စစ်အစိုးရတိုက်သည့်ကိစ္စကို တိုက်မည့်သူနှင့် မတိုက်မည့်သူဟူ၍ မဲခွဲဆုံးဖြတ်ကြသည်” မဟုတ်ပါ။ “ဟုတ်သည်ဟု ထင်ခြင်း”အား အံ့သြရပါတော့သည်။ Credentials Challenge အရေးကို အပေါ်ယံကလေး ကြည့်ပါက ယင်းသို့သာမြင်နိုင်သည်က မဆန်းပါ။ ကိုယ်စားလှယ်များ လေ့လာဆန်းစစ်ကြသည်မှာ အတိမ်-အနက်၊ အလေး-အပေါ့၊ အကျဉ်း-အကျယ်၊ အလား-အလာ၊ များစွာများစွာ ပြည့်စုံသလောက်ရှိပြီးမှ ဆုံးဖြတ်ကြခဲ့ခြင်းဖြစ်ပါသည်။ မဲခွဲလိုသူများရှိသကဲ့သို့ (ကွန်ဆင်းဇပ်စ်) ရှာလိုသူများလည်း ရှိပါသည်။ “ဒီလက်နက်ဟာ ဒီနေရာနဲ့တော်မလာ၊ မတော်လား”ဟု အချင်များခြင်းထက် တပြားမှမပိုပါ။ မဲသည် အဆိုတခုကိုသာခွဲပြီး လူကိုမခွဲပါ။ လက်တွဲလုပ်ချင်စိတ်ကို ဖျက်မပြစ်ပါ။ ကျွန်တော်တို့မှာ မဲခွဲခြင်းအလုပ်တွေ များစွာရှိခဲ့ပြီး၊ များစွာလည်းရှိပါဦးမည်။ ဒီမိုကရေစီ မဟုတ်ပါလားခင်ဗျား။

မကောင်းသည့်စနစ်အား အမတ်တွေက မတိုက်ချင်ကြဟု ရိုးစွပ်မှုသည် ရိုးသားပါ၏လော။ ထို့ကြောင့် “ရန်သူလည်းအားရ၊ ကိုယ့်ကုန်လည်းရောင်းရအောင်” အမတ်တွေအပါအ၀င် စစ်အာာရှင်စနစ်ကို တိုက်နေသူများအား ဟိုဖက်ကလှည့် အပုတ်ချ၊ ဒီဘက်က လှည့်သရော်နေခြင်းများအား ပြန်လည် ဆန်းစစ်ကြရန် အနူးအညွှတ်မေတ္တာရပ်ခံပါသည်။


တင့်ဆွေ

၎-၂-၀၉

BoB နှင့် လေးဖြူကို အရှင်လတ်လတ် စင်ပေါ်မှာပြန်တွေ့ခဲ့ရတဲ့ Alpine Music Tour 2009

ကိုလေးဖြူစင်ပေါ်မှာ သီချင်းပြန်ဆိုမယ်ဆိုတော့ ကျွန်တော်တို့လည်း မနေနိုင်တော့ဘူး။ သွားအားပေးရတာပေါ့။ ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ဇန်နဝါရီ ၃၀၊ ၃၁ ရက်နေ့များက Alpine ရဲ့အစီအစဉ်နဲ့ IC အဖွဲ့ရဲ့ ရှိုးပွဲကို ပြုလုပ်သွားခဲ့ပါတယ်။ ကျွန်တော်ကတော့ နောက်ဆုံးနေ့ဖြစ်တဲ့ (၃၁) ရက်နေ့မှာ သွားကြည့်ဖြစ်ခဲ့ပါတယ်။
ညနေ (၆) နာရီကျော်တာနဲ့ မျှော်စင်ကျွန်းမှာ IC ပရိတ်သတ်ဟာ လမ်းပြည့်တဲ့အထိ ရှိနေခဲ့ပါတယ်။ စတိတ်စင်အရှေ့မှာလည်း ပရိတ်သတ်တွေက အစောကြီးကတည်းက နေရာယူထားကြပါပြီ။ ၇ နာရီထိုးခါနီးလောက်မှာပဲ ကိုလေးဖြူရဲ့ သေချင်းရဲ့တံခါးများ ဆိုတဲ့ Rock အပြင်းစားနဲ့ စပြီးဖွင့်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မျိုးကြီးရဲ့ ကျောက်စာများ သီချင်းနဲ့ ပွဲကပိုပြီးမြူးလာခဲ့ပါတယ်။ နောက်တော့ ကိုအငဲ၊ ဝိုင်ဝိုင်းတို့ တစ်လှည့်စီဖျော်ဖြေခဲ့ပါတယ်။

ပရိတ်သတ်ရဲ့ အားပေးမှုကတော့ အချိန်ကြာတာနဲ့အမျှတိုးလာခဲ့ပါပြီ။ ဒီနေ့ပွဲမှာ “လေးဖြူ..လေးဖြူ” ဆိုပြီး ကိုလေးဖြူကိုပဲ တစ်ချိန်လုံး တောင်းဆိုနေခဲ့ကြပါပြီ။ ကိုလေးဖြူကလည်း BoB ထဲက နားထောင်မလား ဆိုပြီး “BoB, BoD, BoC” ဆိုတဲ့ အော်သံနဲ့အတူ “မလုပ်နဲ့ မလုပ်နဲ့ လက်နက်ငါချပြီးသား” သီချင်းကို စဆိုခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကိုယ့်ရဲ့လမင်း၊ သံယောဇဉ်၊ စာမျက်နှာ (၁၅) စတဲ့ သီချင်းအေးလေးများကို သီဆိုသွားခဲ့ ပါတယ်။
ဒီနေ့ပွဲမှာ ထူးခြားတာလေးတွေကတော့ ဝိုင်ဝိုင်းရဲ့ တရုတ်သံဇဉ် သီချင်းအေးတစ်ပုဒ်ကို Rock ဆန်ဆန်သီဆိုသွားတာပါ။ နောက်ပြီး ဝိုင်ဝိုင်းရဲ့ တယ်လီဖုန်း သီချင်းကို လိဒ် Intro ကိုလေးဖြူကတီးပြီး မျိုးကြီးက Bass ဂီတာတီးပြီး သီဆိုသွားပါတယ်။ ဒီသီချင်းမှာပဲ နောက်ပိုင်းမှာတော့ ကိုအငဲက Solo ဝင်တီးပေးသွား ပါတယ်။
နောက်ထပ်ထူးခြားတာကတော့ ခရီးဆုံးထိ ကို ပရီတ်သတ်ကသီဆိုပြီး ကိုလေးဖြူကိုယ်တိုင် Hollow Guitar တီးပေးသွားတာပါ။ ပွဲပြီးဖို့အချိန်နီးလာတာနဲ့အမျှ ပရိတ်သတ်ကလည်း ကိုလေးဖြူကိုပဲ တောင်းဆိုနေခဲ့ပါတယ်။ ကိုလေးဖြူကလည်း ပရီတ်သတ်ကိုလိုက်လျောတဲ့ အနေနဲ့ အလင်းရောင် ကိုဆိုပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ IC တစ်ဖွဲ့လုံး ရောဂါ ကို သီဆိုခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့တော့ “’ဒီလိုငါ ယုတ္တိမရှိတဲ့အဖြစ်ကို ငါယုတ္တိရှိဖို့မွန်းမံနေရင်း” ဆိုတဲ့ သီချင်းနဲ့ပွဲကပြီးဆုံးသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ ကိုလေးဖြူ သက်လုံကျနေတာတွေ့ရပါတယ်။ အရင်လောက်တော့ မဆိုနိုင်တော့ပါဘူး။ နှစ်ရက်ဆက်တိုက် ဖြစ်နေတာကြောင့် ပွဲပန်းတာလဲပါနိုင်ပါတယ်။ ဒီနေ့ပွဲမှာတော့ မျိုးကြီးနဲ့ကိုအငဲက တော်တော်ထိန်းသွားတာတွေ့ရပါတယ်။ ကိုလေးဖြူအားရပါးရ မဆိုနိုင်တာနဲ့ မျိုးကြီး တစ်ချက်အော်လိုက်တဲ့အချိန်မှာ အသံမဆိုသလောက်လေး ပျောက်သွားတာကလွဲလို့ ဒီနေ့ပွဲဟာ IC ပရိတ်သတ်အတွက်တော့ ကျေနပ်မှုရခဲ့ပါတယ်။ IC အဖွဲ့ရဲ့ Alpine Music Tour 2009 အောင်မြင်ပါစေ။ ဒီထက်လဲအောင်မြင်ပါစေ……
ရေးသူ မိုးမှောင်

တော်ဘုရားလေး အမှတ်တရ စာပေဆုပေးပွဲ နေရာပြောင်း

နန်းဒေဝီ
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 23 2009 18:04 - မြန်မာစံတော်ချိန်


နယူးဒေဝီ (မဇ္စျိမ) ။ ။ စာရေးဆရာ တော်ဘုရားလေးအောင်ဇေ အမှတ်တရ တတိယအကြိမ်မြောက် စာပေဆုပေးပွဲ အခမ်းအနား ပြုလုပ်ရန် အာဏာပိုင်များက ခွင့်မပြုသဖြင့် အစီအစဉ် ဖျက်သိမ်းလိုက်ရသည်။

ရန်ကုန်တိုင်း ကျောက်တံတားမြို့ နယ်ရှိ ဟိုတယ်တခုတွင် အင်္ဂါနေ့ မနက်ဖြန်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အဆိုပါ စာပေဆုပေးပွဲကို မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) မှ ပွဲမိန့်ချမပေးသဖြင့် ဖျက်သိမ်းလိုက်ရခြင်း ဖြစ်သည်။

"စနေနေ့က ဟော်တယ်က ကျမတို့ကို ပွဲမိန့်တောင်းတယ်။ စာနယ်ဇင်းအဖွဲ့ မဟုတ်ရင် စာပေစိစစ်ရေးအဖွဲ့ကို ပွဲမိန့်ယူလာပါလို့ ပြောတယ်။ အဲဒီက ပွဲမိန့်ပါမှလို့ ကျမတို့ကို ပြောတယ်။ တခြား ဘာကြောင့်ဆိုတာ မပြောဘူး" ဟု တော်ဘုရားလေး သမီး ဒေါ်ဒေဝီသန့် ဇင်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး "အရင်ကလဲ တခါမှ ပွဲမိန့် မတောင်းခဲ့ဖူးဘူး။ အခုတော့ မရဘူးဆိုတော့လည်း နေရာပြောင်း လုပ်ရမယ်။ ဧည့်သည်တွေလည်း ဖိတ်ပြီးသား ဖြစ်နေတယ်" ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်က ဒုတိယအကြိမ်မြောက် စာပေဆုပေးပွဲကို သမတ ဟိုတယ်တွင် ကျင်းပခဲ့ရာ မည်သည့်ပွဲမိန့်မှ တောင်းခံခြင်း မရှိသလို ယခုပြုလုပ်မည့် ဟိုတယ်တွင် ပြုလုပ်ခဲ့ကြသည့် စာပေနှင့် ဆက်နွယ်သည့် အခမ်းအနားများတွင်လည်း ပွဲမိန့်တောင်းခံခဲ့ခြင်းမျိုး မရှိဖူးကြောင်း သိရသည်။

ယခု ပွဲမိန့်တောင်းခံခြင်းသည် ဇန်နဝါရီလအတွင်းက ပြုလုပ်သွားခဲ့သည့် ဘာသာပြန် စာအုပ်ဖွင့်ပွဲတခုတွင် ဖွင့်ပွဲတွင် နှစ်ရှည် အကျဉ်းကျခံခဲ့ရသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင် ပါဝင်တက်ရောက်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု စာပေအသိုင်းအဝိုင်းက ဆိုသည်။

ယခုတကြိမ်ပြုလုပ်မည့် တော်ဘုရားလေး စာပေအမှတ်တရ ဆုပေးပွဲတွင် စာပေ၊ စာနယ်ဇင်းမှ စာရေးဆရာများ၊ ကဗျာဆရာများ စုစုပေါင်း ၁၀၀ ကျော် ဖိတ်ခေါ်ထားပြီးဖြစ်ရာ ဦးဝင်းတင်လည်း ပါဝင်သည်။

၂၀၀၇ ခုနှစ်မှ စတင်ကာ စာရေးဆရာ တော်ဘုရားလေး အမှတ်တရ စာပေဆုပေးပွဲကို နှစ်စဉ် ပြုလုပ်လာခဲ့သည်။

ယခုနှစ်တွင် ဝတ္ထုတိုပေါင်းချုပ်ဆုနှင့် မဂ္ဂဇင်းဆုတို့ကို ငွေသားအဖြစ် ကျပ်ငွေ ၁ သိန်းစီ ချီးမြှင့်ရန် စီစဉ်ထားသည်။

တော်ဘုရားလေးသည် ဘိုးတော် သီပေါမင်းနှင့် ဘွားတော် စုဖုရားလတ်တို့မှ မွေးဖွားခဲ့သော သမီးတော် ၄ ပါးအနက် စတုတ္ထမြောက် သမီးတော်၏ စတုတ္ထမြောက်သားတော် ဖြစ်သည်။

သမိုင်းနှင့် ပတ်သက်သည့် စာအုပ်များဖြစ်သော ပြည်သူချစ်တဲ့ မျိုးဆက်သစ်၊ လန်ဒန်ရောက် ပတ္တမြား ငမောက်၊ ရတနာပုံမှ ရတနာဂီရိသို့  စသည့် စာအုပ်များကို ရေးသားခဲ့သည်။

သူသည် ၂၀၀၆ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

ခိုင်မာသောရလဒ် မရဟု ကုလသံတမန် ပြော

မုံပီး
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 23 2009 12:04 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော သူ၏ နောက်ဆုံးခရီးစဉ်သည် ယခုအထိ မည်သည့် ခိုင်မာသောရလဒ်မှ မရရှိခဲ့သေးဟု မြန်မာနိုင်ငံဆိုင်ရာ ကုလ သံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီက သောကြာနေ့က လုံခြုံရေးကောင်စီကို ပြောကြားလိုက်သည်။

နောက်ဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်အထိ အလည်အပတ်သွားခဲ့သော ဂမ်ဘာရီက ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီ၏ တံခါးပိတ် အစည်းအဝေးတွင် ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။

"ကျနော့်ခရီးစဉ်ကနေ မယ်မယ်ရရ ရလဒ် မြင်တွေ့ရခြင်း မရှိသေးပါ" ဟု ကုလအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးက အဆိုပါ တံခါးပိတ်အစည်းအဝေးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်အောင် လုပ်ဆောင်ပါမည်ဟုဆိုသော မိမိတို့၏ ကတိကို သက်သေပြပါရန် မြန်မာအစိုးရကို မိမိတိုက်တွန်းခဲ့သည်ဟု သူက ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲကို သူ မထောက်ခံကြောင်း မြန်မာစစ်အစိုးရကို ပြောခဲ့သည်ဟု ဂမ်ဘာရီက ဆိုသည်။ သို့သော် အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲများ ပြန်လည်ပြုလုပ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်မူ အစိုးရကို တိုက်တွန်းခဲ့သည်ဟု သူက ဆက်ပြောသည်။

"ကျနော်တို့ရဲ့ ရပ်တည်ချက်က မပြောင်းလဲပါဘူး။ ၂ဝ၁ဝ မှာပဲဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကျင်းပမယ့် ရွေးကောက်ပွဲတွေကို ကျနော်တို့က ထောက်ခံပြီး ပြောနေတာ မဟုတ်ပါဘူး။ ဒီကိစ္စဟာ အစိုးရနဲ့ မြန်မာပြည်သားတွေ ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဆက်ပြီး ထောက်ခံပြောဆိုနေတာက အဲဒီရွေးကောက်ပွဲတွေ ကျင်းပတဲ့အချိန်မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ပေါ်ပေါက်လာစေမယ့် အခြေအနေတွေ ရှိနေဖို့သာ ထောက်ခံပြောဆိုနေတာ ဖြစ်ပါတယ်" ဟု ဂမ်ဘာရီက သတင်းထောက်များကို ပြောသွားသည်။
ကုလသံတမန်သည် သူ၏ နောက်ဆုံးခရီးစဉ်အတွင်း မြန်မာနိုင်ငံ ဝန်ကြီးချုပ် သိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံနိုင်ခဲ့သည်။

သို့သော် မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေကမူ ကုလသံတမန်နှင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။

ဂမ်ဘာရီကဲ့သို့ပင် NLD ကလည်း သူ၏ မကြာသေးခင်က လာရောက်ခဲ့သော ခရီးစဉ်သည် မည်သည့် ထူးခြားသော ရလဒ်မှ မရခဲ့သော်လည်း အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အတွက် ကုလသမဂ္ဂ၏ ကြိုးပမ်းဆောင်ရွက်ချက်များကိုမူ ချီးကျူးအသိအမှတ်ပြုပါကြောင်း ပြောဆိုသည်။

"မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်က ဘာရလဒ်မှ ထွက်လာတာကို ကျနော်တို့ မမြင်ရသေးဘူး။ ဒါပေမဲ့ သူ့ကိုရော၊ ကုလသမဂ္ဂကိုရော သူတို့ရဲ့ ကြိုးပမ်းမှုတွေကို ဆက်လုပ်စေချင်ပါတယ်" ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အစောပိုင်းက မဇ္ဈိမကို ပြောကြားခဲ့သည်။

မြန်မာစစ်အစိုးရက စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်သော အကျဉ်းသား ၆ဝဝဝ ကျော်ကို နိုင်ငံတဝှမ်းလုံးရှိ အကျဉ်းထောင်များမှ လွှတ်ပေးမည်ဟု သောကြာနေ့က ကြေညာခဲ့သည်။

ဤကြေညာချက်ကို သူ့အနေဖြင့် ကြိုဆိုပါသော်လည်း လွှတ်ပေးလိုက်သူများထဲတွင် နိုင်ငံရေးသမားများ ပါဝင်သည်ကိုမူ မြင်တွေ့လိုကြောင်း မစ္စတာဂမ်ဘာရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

"တချိန်ထဲမှာပဲ အခုလို အကျဉ်းသားတွေ လွှတ်ပေးတာ၊ အထူးသဖြင့် နိုင်ငံရေးသမားတွေ လွှတ်ပေးတာကို ကြိုဆိုတာ မျှတမှုရှိတယ်လို့ ကျနော် ယုံကြည်ပါတယ်" ဟုလည်း ဂမ်ဘာရီက ပြောသွားသည်။

“သီချင်းဆိုရင်းနဲ့ပဲ စင်ပေါ်မှာ သေသွားချင်တယ်”

Tuesday, 17 February 2009 19:09 ဧရာဝတီ

အဆိုတော် ဇော်ဝင်းထွဋ်သည် စတီရီယို ဂီတလောကထဲသို့ ၁၉၈၀ ကျော်ခန့်က မာကျူရီည အခွေဖြင့် ဝင်ရောက်ခဲ့သည်။ ယင်း တေးစီးရီးတွင် အစ်ကိုဖြစ်သူ ဇော်မျိုးထွဋ် နှင့် တွဲဖက် သီဆိုထားပြီး တကိုယ်တော် တေးစီးရီးအဖြစ် “လမ်းသစ်” စီးရီး နှင့် စတင်ခဲ့သူဖြစ်သည်။ သူ၏ “ရှင်သန်ခြင်း” “နေရာသစ်” စသည့် စီးရီးများမှာ လူကြိုက်များခဲ့ပြီး ဇော်ဝင်းထွဋ်နှင့် တွဲဖက်၍ အင်ပါယာ တီးဝိုင်းမှာလည်း ထင်ရှားကြော်ကြားခဲ့သည်။ ဇော်ဝင်းထွဋ်မှာ မြန်မာဂီတစာဆိုကြီး ရွှေတိုင်ညွန့်၏မြေး ဖြစ်ပြီး တေးသံရှင်ထား၏ သားငယ် ဖြစ်သည်။ မကြာသေးခင်ကမှ “တစ္ဆေလမ်း” တကိုယ်တော် ကိုယ်ပိုင်သံစဉ် စီးရီး ဖြန့်ချိခဲ့သည့် ဇော်ဝင်းထွဋ်ကို ဧရာဝတီမဂ္ဂဇင်းက ဆက်သွယ် မေးမြန်းခဲ့ပါသည်။

မေး။ ။ ခုနောက်ဆုံး ထွက်တဲ့ တစ္ဆေလမ်း အခွေမှာ ကိုယ်ပိုင်သံစဉ် ရော့ခ်စစ်စစ်လို့ ပြောထားတယ်။ အဲဒီတော့ ကိုဇော်ဝင်းထွဋ်ရဲ့ ရော့ခ် စစ်စစ်ဆိုတာ ဘာကိုဆိုလိုတာလဲ သိပါရစေ။

ဖြေ။ ။ ရော့ခ် စစ်တယ်ဆိုတာ ရော့ခ် ဂီတနားလည်သူတွေ၊ ရော့ကာ အချင်းချင်းဆိုရင်တော့ သဘော ပေါက်တာပေါ့။ ကျနော်တို့ ဆိုတာတွေကို လူတွေသဘောပေါက်သွားတဲ့ဟာ၊ ပရိသတ်နား စွဲသွားတဲ့ဟာတွေ တော့ ပါမှာမဟုတ်ဘူး။ ကျနော်တို့ ယုံကြည်တာ ကျနော်တို့ အသွေးအသားက ထွက်လာတဲ့ ကျနော်တို့ ကြုံတွေ့ ရတဲ့ အတွေ့အကြုံတွေ ကျနော်တို့ ကြုံတွေ့ရတဲ့ ဒီ music အရရော ကိုယ့်ရဲ့ ဘဝအတွေ့အကြုံအရရော ဒါတွေကိုပဲ ဖော်ထုတ်တာ။ လူငယ်တွေလို အသည်းကွဲရင် တပုဒ်ရတယ် ဆိုတာမျိုး ဖန်တီးထားတာ မျိုးတော့ မဟုတ်ဘူး။

မေး။ ။ အဲဒီထဲမှာမှ ယုံကြည်တယ် ဆိုတာကို တခုလောက် ပြောပြပေးပါ။

ဖြေ။ ။ ကျနော်တို့ ယုံကြည်တာက ဘယ်ကိစ္စမဆို ကိုယ့်ရဲ့ စိတ်မပါဘဲနဲ့ လုပ်ရင် အဓိပ္ပာယ်မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် ညာရာ ရောက်တယ်။ အထူးသဖြင့် ဂီတ ဖန်တီးတဲ့နေရာမှာ ပိုလိုတယ်။

မေး။ ။ ဒီ စီးရီးကို ဘာဖြစ်လို့ ကိုယ်ပိုင်သံစဉ်ချည်းပဲ လုပ်တာလဲ။

ဖြေ။ ။ အမှန်အတိုင်းပြောရရင်တော့ အရင်တုန်းက ဒီ ကိုယ်ပိုင်သံစဉ်၊ ကော်ပီ ဆိုတာတွေကို ကျနော်တို့ ကပဲ စပြီးငြင်းကြ၊ ခုန်ကြလုပ်ခဲ့ကြတာပဲ။ အခုချိန်မှာတော့ ကိုယ်ပိုင်သံစဉ်ရယ် ကော်ပီရယ် ပြောတာထက် music တခုက ကိုယ်ပိုင်ဟန် ဘယ်လောက်ပါလဲ ဆိုတာကို ပြောချင်တယ်။ ကျနော်က ကိုခင်မောင်တိုး သီချင်းကို ယူဆိုမယ်ဆိုရင် ဒါ ကိုယ်ပိုင်လို့ ပြောလို့မရဘူးလေ။ တချို့ own tune တော့မဟုတ်ဘူး။ ဒါပေမယ့် ထူးဆန်းတာရှိတယ်။ အရင်တုံးက မင်းချစ်သူ ရေးခဲ့တဲ့ ဂန္ထဝင်စိမ်းဆို ကော်ပီပဲ။ ဒါပေမယ့် နားထဲမှာ ဒီစာသားနဲ့ သံစဉ်ကစွဲသွားတော့ ကော်ပီသီချင်း လို့တောင် တခါတလေ မေ့သွားတယ်။ အဓိက ကျနော်ဆိုလိုတာက ကိုယ်ပိုင် ဟန်တခုပါဖို့ပဲ လိုပါတယ်။

မေး။ ။ ဒီဘက်နှစ်ပိုင်းမှာ အရင်တုန်းက ကော်ပီတွေ ဆိုခဲ့တဲ့ မြန်မာပြည်က ရော့ကာတွေ ကိုယ်ပိုင် သံစဉ်တွေ ဆိုလာတာ တွေ့ရတယ်။ နောက်ထပ်လည်း ထွက်ဦးမယ်လို့ ကြားတယ်။ ရေစီးကြောင်း ပြောင်းလာ တယ်လို့ ထင်လား။ ပရိတ်သတ်က တောင်းဆိုတာလား။

ဖြေ။ ။ တကယ် ရိုးရိုးသားသား ပရိသတ်ကတော့ ဘာမှ မတောင်းဆိုဘူးခင်ဗျ။ သီချင်း ပေါက်ရင် အကုန်လိုက်ဆိုမှာပဲ။ များသောအားဖြင့် ကိုယ်ပိုင်သံစဉ် ပြောင်းဆို ကြတယ်ဆိုတဲ့ သဘောက ကော်ပီ ဆိုရတာ အားမရတော့လို့။ ကျနော်တို့ ကိုယ်တိုင်လည်း ဆိုခဲ့တာပဲ။ အားမရလို့ ကိုယ်ပိုင်ဟန် ပါချင်လို့ ကိုယ်ပိုင်သံစဉ် ဆိုတာပဲ။ နောက်ပြီး နဂို original ရှိပြီးသားတွေကနေ ကင်းလွတ်ချင်တာ။ original ရှိပြီးသားတွေက ကိုယ်ပြောချင်တာ ပြောလို့မရဘူး။ ကိုယ်လုပ်ချင် တာတွေက ရှိကိုရှိနေတာ။ ဘယ်သူမဆို နောင်တချိန် ထားခဲ့ရင် ကိုယ့်ဟန်ပန်တွေကိုပဲ ထားခဲ့ချင်မှာပဲ။ ဒါကြောင့် ပြောင်းဆိုတာလို့ ကျနော်ထင်တယ်။

မေး။ ။ မြို့မငြိမ်းလည်း ကော်ပီ ရေးခဲ့တာပဲဆိုတော့လေ အဲဒီခေတ်က သီချင်းတွေနဲ့ သီချင်း ပရိတ်သတ်တွေနဲ့ အခုခေတ် ပရိသတ်တွေနဲ့ ဘယ်လိုကွာခြားတယ်ဆိုတာ ထင်မြင်ချက်ပေးပါဦး။

ဖြေ။ ။ အဲဒီခေတ်က အဖြူထည် ပရိတ်သတ်ပေါ့နော်။ အဲဒီခေတ်က မြို့မငြိမ်းတို့ လုပ်သွားတယ် ဆိုတာက ဒီသီချင်းတွေကိုပဲ ဗမာဟန်နဲ့ ပြန်လုပ်သွားတာ သူတို့ကိုယ်တိုင်ကလည်း music ကိုနားလည် တာကော၊ သူတို့ ကိုယ်တိုင်လည်း တကယ့်အတီးသမားတွေ ဖြစ်တယ်။ မြန်မာ့ဂီတကိုကော၊ ကမ္ဘာ့ ဂီတကော မွှေနှောက်ပြီးမှ သူတို့က ဒီသီချင်းတွေ ထွက်လာတာကိုး။ ကျနော်တို့ ဒီခေတ်မှာလို ကော်ပီကို တထပ်တည်း ဆိုတဲ့ပုံစံမဟုတ်ဘူးလေ။ သူတို့ ကော်ပီလုပ်ခဲ့ပေမယ့်လည်း ကျနော်တို့ စိတ်ထဲမှာ ကိုယ်ပိုင်သံစဉ်လို့ပဲ ထင်ခဲ့ကြတာ။

မေး။ ။ အရင်တုန်းက အင်တာဗျူးတွေထဲမှာ ကျနော်ကတော့ အမြဲတမ်းရော့ခ်ပဲလို့ ပြောလေ့ရှိတယ်နော်။ နောက်ပိုင်းမှာ ဘာဖြစ်လို့ အမုန်းမြို့ရဲ့အဝေးမှာလိုမျိုး ဘလူးစ် သီးသန့်အခွေဆိုပြီး လုပ်ခဲ့တာလဲ။

ဖြေ။ ။ ဘလူးစ်ဆိုတာက ရော့ခ် ရဲ့ အဖေပဲလေ။ ဘလူးစ်တွေကနေပဲ ရော့ခ်အန်ရိုးလ်တို့ မက်တယ်လ် တို့ဘက် ရောက်လာတာပဲ။ ကျနော်ကိုယ်တိုင် ဒီဘလူးစ်ကို လုပ်လိုက်တာက နားထောင်နေတဲ့ ပရိသတ်ကို အနည်းဆုံး ဒီခွေကို မကြိုက်ရင်တောင်မှ ဘလူးစ်ဆိုတာ ရှိပါလား၊ ဒီလိုပါလား။ သိစေချင်လို့ တတ်နိုင်သမျှ တကယ့် ဘလူးစ်အစစ်တွေနဲ့ ကျနော်လုပ်ခဲ့တယ်။

မေး။ ။ ဒါဆို ကိုဇော်ဝင်းထွဋ် အနှစ်သက်ဆုံး ဂီတ အမျိုးအစားက ဘာလို့ပြောမလဲ။

ဖြေ။ ။ အမှန်အတိုင်းပြောရရင်တော့ ဘလူးစ် စစ်စစ်နဲ့ ရော့ခ်ပဲ။ ဘလူးစ်ဆန်တဲ့ ရော့ခ်လို့ ပြောရင်ပို မှန်မယ်။

မေး။ ။ ဟစ်ပ်ဟော့တို့ ရက်ပ် တို့ကို ဘယ်လိုမြင်လဲ။ ဂီတအမျိုးအစား တခုလို့ မြင်ပါသလား။

ဖြေ။ ။ သူ့ကို ဂီတ အမျိုးအစားတခုလို့ ကျနော်မြင်ပါတယ်။ ဒါပေမယ့် ကျနော်တို့နဲ့ မသက်ဆိုင်တဲ့ ဂီတလို့ ပဲမြင်တယ်။ ကျနော်တို့ အတွက် ဂီတဆိုတာက သံစဉ် တခုရှိမယ် ရော့ခ်ဆိုလည်း ရော့ခ်၊ ဘလူးစ်ဆိုလည်း ဘလူးစ်ပေါ့နော်၊ သူ့ scale ထဲမှာ မှ ကျနော်တို့က ဆိုသွားတာကိုး။ ဒီ scale ကိုပဲ ကျနော်တို့က ပုံစံ အမျိုးမျိုးနဲ့ ဆိုသွားမယ်။ ဟစ်ပ်ဟော့မှာက စကားပြောသလို၊ တိုင်မင်ပေါ်မှာပဲ ဆိုတာ ဆိုတော့ ကျနော်တို့ အတွက် music အပြည့် မဖြစ်ဘူးပေါ့။

မေး။ ။ ဗမာပြည်မှာ ဟဲဗီးရော့ခ်ကို ကိုဇော်ဝင်းထွဋ်က စခဲ့တယ်လို့ ပြောနိုင်မလား။

ဖြေ။ ။ ကျနော်တို့ ရှေ့မှာလည်း ရှိခဲ့ပါတယ်။ ကျနော်တို့ ခေတ်မှာကျတော့ ရော့ခ် အရသာ music ကာလာ Tone ကအစ အနီးစပ်ဆုံး တူအောင် ပိုပြီးလုပ်နိုင်ခဲ့တာပေါ့လေ။ အစစ အရာရာ တိုးတက်လာတယ်။ နောက် တခွေတည်းမှာပဲ ရော့ခ်တွေအများ ကြီး ထည့်နိုင်တဲ့ အခြေအနေပေါ့။ အရင်တုန်းကတော့ ရော့ခ် အမြန် တပုဒ် ထည့်မယ်၊ ကန်းထရီး တပုဒ်ထည့်မယ်၊ နောက် ထိုင်း သီချင်းတပုဒ်ထည့်မယ်။ တရုတ်သီချင်း တပုဒ် ပါမယ်။ ဟိုး ရှေးခေတ်တုန်း ကတော့ ဒီလိုပဲ ဆိုကြတာပဲ။ ကျနော်တို့ ခေတ်မှာတော့ ရော့ခ် ဆို ရော့ခ်ချည်းပဲ၊ ဟဲဗီး မက်တယ်လ်ဆို မက်တယ်လ်ကြီးပဲကို စလုပ်ခဲ့တာပါ။

မေး။ ။ နိုင်ငံတကာမှာလည်း စစ်ပွဲတွေကို ရော့ကာတွေက ဆန့်ကျင်တာမျိုးတွေ့ရတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘယ်လိုအမြင်ရှိပါသလဲ။

ဖြေ။ ။ အဓိကကတော့ ကမ္ဘာသူ ကမ္ဘာသားတွေ တယောက်နဲ့တယောက် ငြိမ်းငြိမ်း ချမ်းချမ်း အတူယှဉ်တွဲ ပြီးတော့ ဘယ်လိုနေမလဲဆိုတာ အရေးကြီးတယ်။ ရော့ကာ တွေရဲ့ သင်္ကေတက Love Peace and Joy ပဲ။ စစ်ဖြစ်တာကို လုံးဝလက်မခံဘူး။ လူတယောက်နဲ့ တယောက် အနိုင်ကျင့်တာ လုံးဝလက်မခံဘူး။

ဥပမာ - ကျနော့် ပွဲတခုမှာဆို လူက ငါးထောင်၊ ခြောက်ထောင်ရှိတယ်။ သူတို့ လုံခြုံရေးတွေ ချထားတယ်။ ဒါပေမယ့် ဒီ လူငါးထောင်၊ ခြောက်ထောင်ကို စစ်သားချထားလဲ စစ်သား ၂၀၀ နဲ့ ဘယ်လိုမှ မနိုင်ဘူး။ ကျနော် မိုက္ကရိုဖုံးနဲ့ အော်တာ။ ဒီလူတွေ ကျနော့် ပရိသတ်တွေ၊ မိတ်ဆွေတွေ၊ ကျနော်ထိန်းမယ်လို့အော်တာ။ အဲဒီမှာ စစ်သားတွေ ဖယ်ပေးလိုက်တယ်။ ပရိသတ်တွေ ပျော်သွားပြီးတော့မှ အတူ သီချင်းဆိုကြတာ။ ကျနော်လည်း ထိန်းရင်းနဲ့သီချင်းဆိုလိုက်တာ ၃၇ ပုဒ်။ အဲဒီ ခရီးစဉ်မှာ အများဆုံး ဖြစ်သွားတယ်။ အဓိက လူတွေကို နိုင်ဖို့က မေတ္တာတရားနဲ့ပဲ ထိန်းလို့ရတယ်ဆိုတာ ကျနော်ပြောချင်တာပါ။ လူတယောက်ကို ဇွတ် သွားပြီး ထိန်းလို့ မရပါဘူး။ လူဟာ ဘယ်သူမဆို၊ ဘယ်လိုကောင်ကြီးဖြစ်ဖြစ် ကိုယ့်ကို ဂရုစိုက်တာ၊ ကြင်နာ သနားတာ၊ မေတ္တာ တရားကို အကုန်ခံယူချင်တဲ့ လူချည်းပဲလေ။

ကျနော့် ဒီတစ္ဆေလမ်းမှာ “ပြန်လည်မွေးဖွားလာတယ်” ဆိုတဲ့ သီချင်းက အဲဒီသဘောမျိုးကို ဆိုတာပဲ။ ကျနော်တို့ တယောက်နဲ့ တယောက် မုန်းရလွန်းလို့ ကမ္ဘာကြီး ကျဆုံးနေပြီဆိုပြီး စပ်ထားတာလေ။ သုခမိန်လှိုင် ရေးတာပါ။ ပြီးတော့ ဒီမှာ သုံးထားတဲ့ ပုံလေးကိုက လက်ဘနွန်မှာရှိတဲ့ ကျနော့်မိတ်ဆွေ လက်ဆောင်ပေး ထားတာ။ လက်ဘနွန်က အနည်းဆုံး ၁၀ ခါလောက် ပြန်လည်ထူထောင်ထားတဲ့ တိုင်းပြည်။ ဒီလိုမအေးချမ်းတဲ့၊ ကျီးလန့် စာစားနေရတဲ့ တိုင်းပြည်ရဲ့ ပုံကလေးကို ကျနော် ဒီသီချင်းမှာ အမှတ်တရအနေနဲ့ သုံးထားတယ်။ ဒီထဲမှာ ပါပါတယ်။ စာသားတွေ ဖတ်ကြည့်လိုက်ရင် သိတယ်။

မေး။ ။ အင်ပါယာ ကျသွားတယ်လို့ထင်တယ်။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ အမှန်အတိုင်းပြောရင် ကျနော်တို့ နေရာတနေရာ ရသွားပြီ။ အဲဒီအချိန်မှာ တီးဝိုင်းတ၀ိုင်းဟာ လာသမျှ၊ တွေ့သမျှကို တီးမယ်ဆိုလို့ရှိရင် အဆင့်မရှိတော့ဘူး။

မေး။ ။ ကိုဝေထွန်းတို့ ကိုကျင်ခမ်းဖုန်းတို့ မရှိတော့တဲ့ နောက်ပိုင်းမှာ ကျသွားတယ်လို့ထင်တယ်။

ဖြေ။ ။ ဝေထွန်းတို့ ဗိုလ်ကျင်တို့ ရှိတဲ့ အချိန်မှာ စီးပွားရေးအရ အတော်အောင်မြင် နေတဲ့ ဝိုင်းတဝိုင်းလို့ ပြောလို့ရတယ်။ သူတို့ ဘာကြောင့် ထွက်သွားလဲ ဆိုတာကတော့ မတူတော့လို့။ သူတို့ ဖန်းတီးချင်တာ တမျိုး ဖြစ်မယ်။ ကျနော်တို့ တယောက်နဲ့ တယောက် မုန်းလို့ လမ်းခွဲတာမျိုးမဟုတ်ဘူး။ သူတို့ ထွက်သွားပြီးကတည်းက ရှိသမျှ အဆိုတော်တွေနဲ့ လိုက်ပြီး တီးတာမျိုးကို ကျနော်တို့ နည်းနည်း ရှောင်လိုက်တယ်။ နောက်ပြီး ကျနော်တို့ များသောအားဖြင့် ကုမ္ပဏီတွေနဲ့ အဆင်မပြေဘူး။ ကျနော်တို့ကို လာပြီးအသုံးချတာမျိုးလည်း မခံနိုင်ဘူး။ ကျနော် တို့ ဘာပစ္စည်းမှ သွားပြီး မရောင်းချင်ဘူး။ အခု ကျနော့် တစ္ဆေလမ်းဆိုရင် ကျနော်ရဲ့ အရုပ်တွေ ကျနော်ရဲ့ ဒီဇိုင်း တွေပဲ သုံးမယ်။ ဘယ်ဟာနဲ့ပတ်သက်ပြီး ဘယ်ကုမ္ပဏီကိုမှ လိုက်ကြော်ငြာ ပေးတာ မဖြစ်ချင်ဘူး။

မေး။ ။ မြန်မာပြည်ရဲ့ ဂီတ ဈေးကွက်အနေအထားကို ဘယ်လို မြင်လဲ။

ဖြေ။ ။ ဂီတဈေးကွက်ကတော့ ကျနော်က အစကတည်းက မျှော်လင့်ပြီးသားပဲ။ ဗွီစီဒီတွေ ပေါ်လာတယ်၊ ကာရာအိုကေတွေ ပေါ်လာတယ်။ ပရိသတ်ကို တအား အလိုလိုက်ပြီးတော့ ရှင်းရှင်းပြောရရင် ဂီတကို ရောင်းပြီးတော့ ကြော်ငြာနေရတာ။ လက်ရှိကြော်ငြာနေတဲ့ ဆပ်ပြာ၊ ကော်ဖီမစ်၊ သွားတိုက်ဆေးတွေနဲ့ သိပ်မကွာချင်တော့ဘူး။ အခွေကို နားထောင်ချင်လို့ ဝယ်တဲ့ ပရိသတ်ဆိုတာ တော်တော်ကို ရှားသွားပြီ။

မေး။ ။ ခိုးကူးခွေကြောင့် ဈေးကွက် ပျက်နေတာလား။

ဖြေ။ ။ ခိုးကူးတဲ့ သူတွေအတွက် ဥပဒေက ဒီမှာ မထွန်းကားဘူးဖြစ်နေတယ်။ ဒီခိုးကူး ရောင်းတဲ့သူတွေက စီးပွား ဖြစ်ပြီးတော့ ဘာပဲပြောပြော ဝင်ငွေလေး ရနေတော့ ကျနော်တို့ကပဲ အလုပ်ပေးထားရသလို ဖြစ်မနေ ပေဘူးလား။ ဒီ စီဒီချပ်တွေကို ခိုကူးပြီးတော့ ရောင်းပြီးတော့ မှီခိုနေရတဲ့ မိသားစုတွေက တော်တော်များလာပြီ။ ရန်ကုန်မှာ အရင် ငှက်ပျောသီး ရောင်းတဲ့ကောင် ငှက်ပျောသီး ရောင်းတော့မှာ မဟုတ်တော့ဘူး။ မီးပွိုင့်မှာ ဒီဗွီဒီ သွားရောင်းတော့မှာကိုး။ တဘက်တလမ်းက ကုသိုလ်ရတယ်လို့ တွေးရမလို ဖြစ်နေတာပေါ့နော်။

မေး။ ။ အဆိုတော်တွေက ဘာလို့အသစ်တွေ မထွက်လာရတာလဲ။ အဟောင်းတွေပဲ ပြန်ပြန်ဆိုနေကြတာ တွေ့ရတယ်။

ဖြေ။ ။ ဒါကတော့ ကျနော်ထင်တယ်။ အဆိုတော်တွေ ဆိုတာကတော့ လောလောဆယ် ဆိုနေရတဲ့ ကလေးတွေပေါ့ ဘယ်လောက်တောင် သနားစရာကောင်းလဲ ဆိုတော့ တချို့ဆိုရင် တကိုယ်တော်ခွေ တခွေမှ မထွက်ဘဲနဲ့ ဒီနေ့ နာမည်ကြီး အဆိုတော် ဖြစ်နေတဲ့ သူတွေ အများကြီးရှိတယ်။ အဲဒီတော့ ထုတ်လုပ်သူတွေနဲ့ ဆိုင်တာပေါ့။ အရင်ခေတ်တုန်းကလို အဆိုတော် တယောက်တည်းကို တင်ပေးမယ့် ထုတ်လုပ်သူမရှိတော့ဘူး။

အရင်တုန်းက အေးချမ်းမေ ထားပါတော့။ အေးချမ်းမေကို အပိုင်မွေးတယ်။ စာချုပ်ချုပ်တယ်။ တင်ပေးတယ်။ သူ့အခွေ သိန်းနဲ့ ချီရောင်းရတယ်။ သူအဆိုတော်လည်း ဖြစ်သွားတယ်။ သူတို့လည်း အကျိုးရှိတယ်။ ဒီနေ့တော့ အဲလို မဟုတ်တော့ဘူး။ အဆိုတော်တွေကို နှစ်ပုဒ်၊ သုံးပုဒ် အဲလိုပဲ ခေါ်ဆိုခိုင်းတော့တယ်။

ဥပမာပြောရရင် L ဆိုင်းဇီပေါ့။ သူကိုယ်တိုင်ရေးနိုင်တယ်၊ သူ ကိုယ်တိုင်ဆိုနိုင်တယ်၊ လူကလည်း ချစ်စရာ ကောင်းတယ်။ ဒါပေမယ့် သူဝင်လာတဲ့ အချိန်မှာ ထုတ်လုပ်ရေးတွေက ဒီလိုပဲ ခေါင်းကျက် ခေါင်းစား၊ အမြီးကျက် အမြီးစား ဆိုတဲ့ အခြေအနေ ဖြစ်နေတယ်။ အကယ်၍ အေးချမ်းမေ ခေတ်ကလို တကယ့် ကုမ္ပဏီကြီး တခုကနေ ကဲသမီးကို ခွေသုံးခွေ ထုတ်မယ်။ ရော့ ဘယ်လောက်ပေးထားမယ် ဆိုတာမျိုး ခု မရှိဘူး။ ဒီက ထုတ်လုပ်သူတွေ က ယူကောင်းတုန်း ယူမယ်။ သင်္ကြန်ဆိုရင်လည်း သင်္ကြန်ခွေ ရိုက်လိုက်မယ်။ အဲတော့ အကုန်လုံးကျတာ။ ရုပ်ရှင်ကော၊ ဂီတကကော။ ကောင်းတဲ့ အလားအလာတော့ မဟုတ်ဘူး။

မေး။ ။ အဆိုတော်တွေ အနေနဲ့ရပ်တည်ရတာ အခက်အခဲ ရှိလို့လား။

ဖြေ။ ။ ကျနော်တို့ စဉ်းစားတာနဲ့ ဒီနေ့ အဆိုတော်တွေ စဉ်းစားတာနဲ့ တူမှာ မဟုတ်ဘူး။ ကျနော် နဂိုကတည်းက အဖေတွေကော၊ အမေတွေကော၊ အဖိုးတွေကော ဒီဂီတလောကထဲကဆိုတော့ ဒီပြင် အလုပ်လည်း လုပ်မှာမဟုတ်ဘူး။ ကျနော်က နောက်ဆုံးအချိန် အထိလည်း ဆိုမှာပဲလေ။ ကားဝယ်ရောင်း လုပ်ဖို့လည်း မရှိဘူး။ အမှန်အတိုင်းပြောရရင် သီချင်းဆိုနေရင်းနဲ့ပဲ စင်ပေါ်မှာပဲ သေသွားချင်တယ်။

မေး။ ။ ကိုဇော်ဝင်းထွဋ်ရဲ့ မိသားစုဘဝနဲ့ အဆိုတော်ဘဝကို ဘယ်လိုခွဲခြား နေထိုင်လဲ။

ဖြေ။ ။ ကျနော်တို့ အနေအထားမှာ ဘယ်သူမဆို ဘ၀ နှစ်ခုကို ရင်ဆိုင်ရမှာပဲ။ ဘ၀တခုက တာဝန်အရ လုပ်ရတယ်။ မယုံကြည်တာ မလုပ်ချင်တာတွေ လုပ်ရတယ်။ နောက်တခုက စိတ်ကူး၊ အိပ်မက် လေးပေါ့။ ဖြစ်ချင်တာတွေ အဲဒီထဲမှာရှိနေတယ်။ အဲဒီ နှစ်ခုက တကယ်တော့ နီးနီးလေးပေါ့။ အဲဒီနှစ်ခု အတူတူဖြစ်သွားရင် ဘ၀နှစ်ခုလုံးက ပျော်စရာပေါ့။ ဒီနှစ်ခုကို တပြိုင်တည်းလုပ်နိုင်ဖို့က ကိုယ့်ကို တကယ်နားလည်တဲ့ မိန်းမ တယောက် နောက်ကလိုတယ်။ ကျနော်က ကံကောင်းတယ်။ ကိုယ့်ကိုနားလည်တဲ့ မိန်းမရခဲ့တယ်။

မေး။ ။ သားနဲ့ သမီးကကော ကိုယ်မျှော်လင့်တဲ့ အတိုင်းအတာ ရောက်ရဲ့လား။ ရောက်နေပြီလား။

ဖြေ။ ။ ကျနော်မျှော်လင့်ခဲ့တာက ကလေးနှစ်ယောက်လုံးကို အတန်းထဲမှာ ပထမရဖို့ မမျှော်လင့်ဘူး။ သို့သော် အတန်းထဲမှာ ပျော်စေချင်တယ်။ နောက်ကြီးလာရင်လည်း လူကောင်းလေးတွေ ဖြစ်စေချင်တာ၊ ဒါကျနော့်ရည်ရွယ်ချက်။ သူတို့ကိုယ်သူတို့ ဒီလောကကြီးထဲမှာ ဘယ်လိုပျော်အောင်နေမလဲ။ လောကကြီးမှာ ကိုယ်တယောက်တည်း နေလို့မရဘူး။ ကိုယ်တယောက်တည်း ထိပ်ဆုံးရောက်လို့ မရဘူးဆိုတာ ကျနော် သူတို့ ငယ်ငယ်ကတည်းက ခေါင်းထဲ ထည့်ပေးထားတာ။ ကလေးတွေကို ငယ်ငယ် ကတည်းကနေ don't တခုမှ မပြောခဲ့ဘူး။ သူတို့ကို ကိုယ် သွားစေချင်တဲ့ဘက်ကို လမ်းကြောင်းပြီး အဓမ္မလုပ်တာမျိုး၊ ဇွတ်လုပ်တာမျိုး မရှိခဲ့ဘူး။ ကလေးတွေက သူတို့လိုချင်တာ အမြဲရတော့ သူတို့က လောကကြီးကိုလည်း ချစ်တယ်။ အားလုံး ကလည်း သူတို့ကို ချစ်တယ်လို့ထင်ကြတယ်။ အဲဒါကောင်းတာပေါ့။ ကျနော်ကျေနပ်တယ်။

မေး။ ။ အလှူအတန်းတွေလည်း တော်တော်လုပ်ဖြစ်တယ်နော်။ အဲလိုလုပ်ရတဲ့ ရည်ရွယ်ချက်က။

ဖြေ။ ။ အဲလို လျှောက်လုပ်နေတဲ့ သဘောက အဓိက ကျနော်မနေနိုင်တာပေါ့။ ကိုယ့်ရှေ့မှာ တယောက်ယောက်က လိုအပ်နေတာရှိရင် ကျနော်မနေနိုင်ဘူး။ ဘေးအိမ်က ကလေးတွေ နေမကောင်းရင် ဆေးခန်းပို့ပေး အဲလိုပဲ လုပ်လာတာ။ နာဂစ်နဲ့ကြုံတော့ ဒါ မြန်မာတပြည်လုံးမှာ တာဝန်ရှိတဲ့ သဘောဆိုတော့ ဒီမှာပဲ ကျနော်တို့ သူငယ်ချင်းတွေ အားလုံး စုပြီး လုပ်ပေးခဲ့တာ။

ကံကောင်းတာက ကျနော်တို့က သိပြီးတဲ့ လူတွေ ဖြစ်တယ်။ ကျနော်ခေါ်သွားတဲ့ လူတွေကလည်း နာမည်ရှိတဲ့ သူတွေ။ သူတို့မျက်နှာ မြင်ကတည်းက လူတွေက ခဏပဲဖြစ်ဖြစ် သူတို့ရဲ့ ဒုက္ခကိုမေ့သွားတယ်။ အဲဒီမှာတင် ကျနော်တို့ ကုသိုလ်ရသွားတယ်။ ကျနော်တို့ ဆောက် ပေးထားတဲ့ ကျောင်းမှာဆို ကျောင်းသား ၁၃၀ ကျော် လောက် ရှိမယ်။ အသက်ကြီးသွားလို့ရှိရင် ကျနော့်မှာ လုပ်စရာမရှိတော့ဘူးဆိုရင် ဒီလူမှုရေး လုပ်ငန်းတွေကို ဖောင်ဒေးရှင်းတခုဖွဲ့ပြီး လုပ်သွားချင်တယ်။

မေး။ ။ ပြည်တွင်း ပြည်ပက ပရိသတ်တွေကို ဘာပြောချင်လဲ။

ဖြေ။ ။ ကျနော်က ကျနော့်ပရိသတ်တွေ ဘက်မှာပဲရှိမှာပါ။ ကျနော့်ရဲ့ သဘောတရားကိုက အားနည်းတဲ့လူ ဘက်မှာနေချင်တယ်။ ကျနော့်ပရိသတ်က ကျနော့်ကို အရမ်းမျှော်လင့်ထားတယ် ဆိုတာလည်း ကျနော်သိတယ်။ အဲဒီမျှော်လင့် ထားသလို ကျနော်မပေးနိုင်သေးဘူးလို့ ထင်တာပဲ။ ။

ဟစ်ဟော့တေးဂီတကို မြန်မာသံစဉ်နဲ့တိုက်မည်

NEJ / ၂၃ ဖေဖော်ဝါရီ ၂၀၀၉


ဆယ်စုနှစ် တစုစာခန့်သာ အောင်မြင်မှုရှိသေးသည့် ဟစ်ဟော့တေးဂီတ၏ လွှမ်းမိုးမှု မြန်မာလူငယ်တို့အပေါ် အသားကျနေသည့်အတွက် ၎င်းကို မြန်မာသံစဉ်ဖျော်ဖြေပွဲများ ပြုလုပ်တိုက်ထုတ်ရမည်ဟု အမည်မဖော်လိုသည့် အနှစ် (၃၀) ကျော် မြန်မာသံ သီဆိုလာသည့် ၀ါရင့်အဆိုတော်ဟောင်းကြီး တဦးကပြောသည်။

၂၂.၂.၂၀၀၉ ရက်နေ့ ည (၇) နာရီက ကရ၀ိတ်ဥယျာဉ် ကမ္ဘာမျှော်စင်ကျွန်းတွင် မြန်မာသံစဉ် ဂန္ထ၀င်ညတေးဂီတ ဖျော်ဖြေပွဲတွင် ၎င်းက ပြောခြင်းဖြစ်ပါသည်။

“အခု ဖျော်ဖြေပွဲမှာ အခုခေတ် လူငယ်တွေဖြစ်တဲ့ ဖိုးသောကြာ၊ ပန်းအိဖြူ၊ မင်းထက်ကျော်ဇင်၊ သာထက်၊ မိုးယုစံ စတဲ့ ကလေးတွေ ပါဝင်သီဆိုကြတယ်။ ဒါဟာ ဒီမြန်မာမှုကို ရှင်သန်စေရေး အတွက်ပဲ၊ အခုက ညစ်ပတ်ပေရေတဲ့ စာသားတွေနှင့် Hip Hop ဆိုတဲ့ ရေစီးထဲမှာ မျောနေကြ တယ်၊ အမှန်တော့ အယူအဆလွဲမှားမှုလို့ ပြောနိုင်တယ်။ Music ကတော့ ဟုတ်တယ်၊ Music ကို ဖရိုဿဝါစာတွေနဲ့ မွှန်းလိုက်တဲ့ စာသားတွေကို လူငယ်တွေ ကြိုက်နေကြတယ် ဆိုတာ အနုပညာတလောကလုံးကို စော်ကားတာပဲ၊ ဒီအတွက် မြန်မာသံစဉ်ပွဲတွေ လုပ်သွားမယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ဖျော်ဖြေပွဲသို့ လာရောက်ကြည်ရှုသူဦးရေမှာ (၂,၅၀၀) ခန့် ရှိပြီး၊ ယင်းတွင် အသက် (၃၀) မှ အထက် အသက်အရွယ်များပြားပြီး (၁၅) နှစ်နှင့် (၃၀) ကြားနည်းပါးကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ကျနော်က စတီရီယိုကိုလည်း ကြိုက်တယ်၊ မြန်မာသံတွေကိုလည်း ကြိုက်တယ်၊ ဟစ်ဟော့ကိုတော့ အရူးအမူးပဲ၊ အကြိုက်ဆုံးအဆိုရှင် ပြောပါဆိုရင် J Me ပါ၊ ဂျောက်ဂျက် ကိုလည်း ကြိုက်ပါတယ်” ဟု အသက် (၂၅) နှစ်အရွယ် ထွန်းသောင်းက ပြောသည်။

“မြန်မာသံပရိသတ်တွေ လာတာတော့ဟုတ်တယ်၊ ဒါပေမယ့် ဒီမှာဆိုနေတဲ့ သီချင်းတွေဟာ ဟိုးလွန်ခဲ့တဲ့ အနှစ် (၅၀) ကျော်က အောင်မြင်ခဲ့တာတွေ၊ အနှစ် (၃၀) က အောင်မြင်ခဲ့တာတွေချည်းပဲ တွေ့ရပါတယ်။ မြန်မာ ဂီတစာဆိုတွေနည်းလာလို့လား၊ ဒါမှမဟုတ် ရေးစပ်သီကုံး တာ အရည်အချင်း မပြည့်ဝလို့ပဲလား မပြောတတ်၊ နောက်ပိုင်း ကိုယ်တိုင်ရေး စပ်သီကုံးပြီး အောင်မြင်နေတဲ့ မြန်မာသံစစ်စစ်တွေ မကြားရဘဲ အရင်က အဟောင်းတွေကိုပဲ ကြားရတယ်၊ ဘာပဲပြောပြော အဟောင်းတွေကောင်းနေတာကို ဂုဏ်ယူရမယ်” ဟု မြန်မာသံကြိုက်သည့် အသက် (၅၀) ခန့်တဦးက ပြောသည်။

မြန်မာသံစဉ် ဂန္ထ၀င်ည တေးဂီတဖျော်ဖြေပွဲတွင် တေးသံရှင် ကိုမောင်မောင်ကြီး၊ ကိုမင်းနောင်၊ ကိုတင်လှိုင်၊ သုမောင်၊ ချိုပြုံး၊ စိုးစန္ဒာထွန်း၊ ထား၊ ခင်ညွန့်ရည်၊ မေရွက်ဝါ၊ ကေတုဝင်းထွဋ် စသည့် နာမည်ကြီး တေးသံရှင်ပေါင်း (၃၀) ကျော် သီဆိုခဲ့ကြကြောင်း သိရသည်။ ယင်းပွဲကို အလင်္ကာဝတ်ရည် အနုပညာလုပ်ငန်းက စီစဉ်ခြင်း ဖြစ်သည်ဟု ပွဲကြည့်ပရိသတ်တဦးက ပြေသည်။

“မြန်မာသံနဲ့ Hip Hop ကို ဘယ်လို တိုက်ထုတ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့၊ ခေတ်တွေ ပြောင်းလာပြီး၊ စနစ်တွေပြောင်းလာပြီ ဂီတရေစီးကြောင်းပြောင်းလာပြီပဲ၊ တိုက်လို့ဘယ်လို ရနိုင်မလဲ၊ လူငယ်တွေက Hip Hop ဆိုတဲ့ ရေစီးကြောင်းပေါ်ပေါလော ဖြစ်နေကြပြီဗျ” ဟု အသက် (၃၀) ၀န်းကျင်တေးရေးတဦးကပြောသည်။