Friday, April 24, 2009

ပါလီမန်ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေး (ဒုတိယပိုင်း)

၁။ သြကာသလောကဟု ခေါ်ဆိုကြသော ရေမြေတောတောင်ပါဝင်သည့် နယ်နီမိတ်ဖြင့် ထင်ရှားစွာ သီးသန့် သတ်မှတ်ပိုင်းခြားထားသော ဒေသ (Territory)။
၂။ ထိုမြေကြီးကို အမှီပြုရွေ့ နေထိုင်ကြသော ပြည်သူလူထု (Population)။
၃။ ထိုမြေနှင့် ထိုလူမျိုးသည် သူတစ်ပါး၏ လက်အောက်ခံမဟုတ်။ လွတ်လပ်သော တိုင်းပြည်နှင့် လူမျိုးဖြစ်ရွေ့ အချုပ်အခြာအာဏာ (Sovereignty)ရှိခြင်း။
၎။ ထိုအချုပ်အခြာ အာဏာစက်အရ အုပ်ချုပ်သော အစိုးရ (Government) ရှိခြင်း။

အာဏာရှင်နိုင်ငံဖြစ်စေ၊ လူတစ်စု စိုးမိုးသော နိုင်ငံဖြစ်စေ၊ လူထုစိုးမိုးသော နိုင်ငံဖြစ်စေ အထက်ပါ အင်္ဂါ ၄ ရပ်နှင့် ပြည့်စုံသော နိုင်ငံမျိုးသာ ဖြစ်ပေသည်။ အချုပ်အခြာ အာဏာစက်တည်ရာ ဆင်းသက်ရာသာလျှင် တစ်မျိုးနှင့် တစ်မျိုး ခြားနားကြ၏ ။ ယင်းအချုပ်အခြာ အာဏာကို လူထုအပေါ်သို့ ပျံ့နှံ့စေသောအခါနှိုက် လူထု၏ ဆနနှင့် ကိုက်ညီလျှင် လူထု၏ အကျိုးကို သက်ရောက်သည့်အတွက် ၄င်းအချုပ်အခြာအာဏာစက်သည် စွဲမြဲတည်တံ့၏။

ထိုနည်းတူစွာပင် လူတစ်စု အုပ်ချုပ်သော နိုင်ငံတွင် ထိုလူတစ်စု၏အာဏာစက်ကို လူထုအပေါ်သို့ ပျံ့နှံ့စေရာနှိုက်၊ လူထုအကျိုး၊ လူထု၏ ဆနနှင့် ကိုက်ညီနေပါက ယင်းလူတစ်စု၏အာဏာစက်သည် စွဲမြဲတည်တံ့မည် ဖြစ်ပေသည်။

အချုပ်အခြာအာဏာပိုင်သည် လူထုဖြစ်ပါက ထိုအချုပ်အခြာအာဏာပိုင် လူထု၏အာဏာစက်သည် လူထုအပေါ်သို့ ပြန်လည်ပျံ့နှံ့ရေက်ရှိလာသည့်အခါတွင် လူထု၏ ဆန၊ လူထု၏အကျိုးသာ ဖြစ်သောကြောင့် တန်ပြန်မှု (Reactionary)၊ တော်လှန်မှု (Revolt or Revolution) မျိုး မဖြစ်မူရွေ့၊ လူထု၏အချုပ်အခြာ အာဏာသည်လည်း တည်တံ့ခိုက်မြဲခြင်း ရှိနိုင်ပေသည်။

အချုပ်အခြာအာဏာစက်ကို လက်တွေ့ အကောင်အထည်ဖေါ်လျှင် ဥပဒေနှင့် အမိန့်များသာ ဖြစ်၏။ အုပ်ချုပ်ရေး အာဏာစက်ဖြစ်သည့် ဥပဒေများ (Laws) သည် ဒီမိုကရေစီနိုင်ငံများတွင် လူထု၏ အချုပ်အခြာအာဏာစက်ဖြင့် ဥပဒေပြု ယနရားမှ ပေါ်ထွက်လာရွေ့ လူထု၏ဆနနှင့် အကိုက်အညီသာလျှင် ဖြစ်သည်။ အာဏာရှင် နိုင်ငံနှင့် လူတစ်စု အုပ်စိုးသော နိုင်ငံများတွင်မူ ထိုဥပေဒ (Laws) သို့မဟုတ် အမိန့် (Orders) တည်းဟူသော အချုပ်အခြာအာဏာစက်သည် လူထု၏ ဆနနှင့် ကိုက်ညီချင်မှ ကိုက်ညီပေမည်။

နိုင်ငံတော်၏ အင်္ဂါအစိတ်အပိုင်း ၄ ခုအနက် အချုပ်အခြာ အာဏာဆိုသည့် အစိတ်အပိုင်းကို အတော်အသင့် ရှင်းလင်းပြခဲ့ပေပြီ။ ထိုအချုပ်အခြာ အာဏာစက်ကို လည်ပတ်စေရန် (၀ါ)လူထုနှင့် တိုင်းပြည်ပေါ်သို့ ပျံ့နှံ့စေရန် မည်ကဲ့သို့ ပြုလုပ်သည်ကို ယခု တင်ပြလိုပေသည်။

အစိုးရ (ပါလီမန်)
နိုင်ငံတော်အစိုးရ (Government) တည်းဟူသော ယနရားကြီးသည် အချုပ်အခြာအာဏာစက်ကို သက်ရောက်စေ၏။ ယင်းအစိုးရ ယနရားကြီးတွင် (Orgams of Government) အစိတ်အပိုင်း ၃ ခု ရှိ၏။ ၄င်းတို့မှာ - ဥပဒေပြု ယနရား(Legislative Organ) ၊ အုပ်ချုပ်ရေးယနရား (Executive Organ) နှင့် တရားစီရင်ရေးယနရား (Judicial Organ) များ ဖြစ်ကြ၏။

ပါလီမန်ဒီမိုကရေစီစနစ်တွင် လူထုသည် အချုပ်အခြာအာဏာပိုင်ဖြစ်ရကား တရားသဖြင့် ပြုလုပ်သော ရွေးကောက်ပွဲအရ လူထုတင်မြှောက်သော ပါလီမန် (၀ါ) ဥပဒေပြုယနရားသည် တန်ခိုးအကြီးဆုံးပင်ဖြစ်၏။ ယင်းဥပဒေပြုယနရားတွင် လွတ်တော်တစ်ရပ် (Uni - Cameral) သို့မဟုတ် အများအားဖြင့် လွှတ်တော်နှစ်ရပ် (Bi- eameral) ရှိရွေ့ ပါလီမန်ဟု ခေါ်ကြ၏ ။ ပါလီမန်သည် အကန့်အသတ်မ၇ှိ ဥပဒေပြုနိုင်ခွင့်အာဏာ (unlimited powers of legislation)ရှိသည့်အပြင် များသောအားဖြင့် အုပ်ချုပ်ရေးခေါင်းဆောင်နှင့် တရားစီရင်ရေး၊ ယနရားခေါင်းဆောင်များကို ရွေးချယ်တင်မြှောက်ရ၏။ အချို့သော ဒီမိုကရေစီနိုင်ငံများတွင်မူ ယင်းပုဂိုလ်များကို ပါလီမန်က ရွေးချယ်ခြင်း မပြုဘဲ လူထုက တိုက်ရိုက်သီးသန့် ရွေးကောက်တင်မြှောက်ကြသည်။

အာဏာရှင်နိုင်ငံများတွင် အချုပ်အခြာအာဏာသည် အာဏာရှင်တွင် တည်ရှိသဖြင့် ဥပဒေပြုယနရားနှင့် တ၇ားစီရင်ရေးယနရားကို ဦးစားမပေးပဲ အုပ်ချုပ်ရေးယနရားကိုသာ အထူးဦးစားထား အလေးချိန်ပေးရွေ့ အုပ်ချုပ်တတ်ပေသည်။ ပါလီမန်ဒီမိုကရေစီတွင် အုပ်ချုပ်ရေးယနရားအား ဦးစားမပေးပဲ ၄င်းအား ထိန်းသိမ်းချုပ်ကိုင်ခြင်းသဘော၊ မဲတင်းညှိနှိုင်းခြင်း (Check and Balance) သဘောဖြင့် ထားရှိတတ်ပေသည်။

လူထု၏အချုပ်အခြာအာဏာစက်ဖြစ်သော မဲဆနဖြင့် ရွေးကောက်တင်မြှောက်လိုက်သော လူထုကိုယ်စားလှယ်များ ပါဝင်သည့် ဥပဒေပြုယနရား (၀ါ) ပါလီမန်သည် လူထု၏ အကျိုး ၊ လူထု၏ဆနနှင့် ကိုက်ညီသော အချုပ်အခြာအာဏာစက်ဟု ဆိုအပ်သည့် ဥပဒေကို ပြဌာန်းလျက် လူထုက တင်မြှောက်သော အစိုးရ (၀ါ) အုပ်ချုပ်ရေးယနရားအား ဥပဒေနှင့်ကိုက်ညီစွာ အုပ်ချုပ်စေပြိးလျှင် လူထု၏ အာဏာစက်ဖြစ်သော ဥပဒေကို လူထုအပေါ် တဖန်သက်ရောက်ပြန့်နှံ့စေရန် လူထု၏အကျိုးကို ဖြစ်ထွန်းစေ၏။ ထိုနိုင်ငံကို ပါလီမန်ဒီမိုကရေစီနိုင်ငံ (၀ါ) ဥပဒေနိုင်ငံ (၀ါ) လူထုအချုပ်အခြာအာဏာပိုင်နိုင်ငံဟု ခေါ်ဆိုကြပေသည်။

အချုပ်အခြာအာဏာ၏ အနက်အဓိပါယ်နှင့် သဘောကို တင်ပြခဲ့ပြီးဖြစ်၏။ ထိုမှတစ်ပါး အချုပ်အခြာအာဏာစက်သည် ပါလီမန်ဒီမိုကရေစီနိုင်ငံတွင် မည်သည်နှိုက် ရပ်တည်ရွေ့ အုပ်ချုပ်ရေးယနရား၊ တရားစီရင်ရေးယနရားတို့မှ တစ်ဆင့် မည်သို့လည်ပတ်သည်ကို တင်ပြခဲ့ပေပြီ။


Thursday, April 23, 2009

ပါလီမန်ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေး (ပထမပိုင်း)

မဟာသရေစည်သူ - ဦးချမ်းသာ (I.C.S. - Retired)

ပါလီမန်ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေး (၀ါ) အာဏာစက်ပျံ့နှံ့ရေး (Parliamentary Democracy and the Rule of Law) နှင့် ပတ်သက်ရွေ့ တင်ပြလိုပေသည်။ သို့ရာတွင် ထိုသို့တင်ပြရာနှိုက် စာဖတ်သူများလွယ်ကူစွာ သဘောပေါက်စေရန် ရှေးဦးစွာ ပါလီမန်ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေး သဘောတရားကို ခြားနား ဆန့်ကျင်သော နိုင်ရာစားလောက နှင့် တောတွင်းသဘာဝဥပဒေ (Anarchy and the Law of Jungle) ၏ သဘောကို နှိုင်းယှဉ်တင်ပြရပေမည်။

သဘာဝလောက
သဘာဝနယ် (State of Nature) ဟူသည်မှာ လောဘ၊ ဒေါသ၊ မောဟ စသည့် တရားများ အတားအဆီး ကင်းမဲ့စွာ သောင်းကျန်းနေကြသော ကြီးနိုင်ငယ်ညှဉ်းဆိုသည့် (Survival of the Fittest) နိုင်ရာစားလောကပင် ဖြစ်ပေသည်။ ယင်းနိုင်ရာစားလောကတွင် (Natural Liberty) သဘာဝလွတ်လပ်မှုမှ တစ်ပါး စည်းကမ်းဟူရွေ့ မရှိ ။ တရားမဲ့သော လောက ၊ တိရစာန်လောက၊ အမြဲတန်းကျီးလန့်စာစားနေထိုင်ရသော လောကသာ ဖြစ်၏။

သဘာဝလွတ်လပ်မှုဟု ဆိုရာနှိုက် ကိုယ်က နိုင်သည့်ပအခါတွင် ကိုယ် ထင်သလို ကျင့်နိုင်ရွေ့ သူက နိုင်သည့်အခါနှိုက်လည်း သူ ထင်သလို ကျင့်နိုင်သော လွတ်လပ်ရေးမျိုးဖြစ်၏။ သူ့အိမ်၊ သူ့ယာ၊ သူ့ပစည်း၊ ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်ပစည်း စသည်ဖြင့် သီးခြား သတ်မှတ်ထားခြင်း အလျှင်းမရှိဘဲ ကိုယ်က အားကြီးသည့်အခါတွင်လည်း ထိုနည်းအတိုင်း ကိုယ့်ကို ထင်ရာ ကျင့်နိုင်ခြင်းပင် ဖြစ်သည်။

အထက်ဖော်ပြပါ သဘာဝနယ်တွင် ဥပဒေဟူရွေ့ သဘာဝ၏ဥပဒေ (Natural Laws) သာ ရှိ၏။ သဘာဝ၏ ဥပဒေဟု ဆိုရာတွင် တောတွင်း တိရစာန်လောကနှိုက် ရှိသော ဥပဒေမျိုးဖြစ်၏ ။ ယင်းဥပဒေမှာ နိုင်ရာစားဥပဒေ ပင်ဖြစ်၏။

သို့ဖြစ်ရကား အကျဉ်းချုပ်ရွေ့ဆိုရလျှင် သဘာဝနယ်(State of Nature) ဆိုသည်မှာ စည်းမရှိ ကမ်းမရှိ၊ ကိုယ်ထင်ရာကိုယ်ကျင့်၊ သူထင်ရာသူ ကျင့်နိုင်သော ယဉ်ကျးရွေ့ စည်းကမ်းတကျ ရှိသော လောက (Civil State or Society) မျိုးမဟုတ်သော (an eye for an eye , a tooth for a tooth) သူက ကိုယ့်မျက်စိတစ်လုံးကို ဖောက်ပစ်လျှင် ၊ ကိုယ်ကလည်း သူ့မျက်စိတစ်လုံးကို ဖောက်ပစ်မည်။ သူက ကိုယ့်သွားတစ်ချောင်းကို ချိုးလျှင် ကိုယ်ကလည်း သူ့သွားတစ်ချောင်းကို ပြန်ချိုးမည်ဟူသော သဘောတရားမျိုးဖြင့် လောဘ၊ ဒေါသ၊ မောဟ စသည့် အကုသိုလ်တရားများကို ကန့်သတ်တားဆီးထိန်းသိမ်းခြင်း အလျှဉ်းမရှိဘဲ ဖြစ်ချင်တိုင်း ဖြစ်နေသော လောကမျိုး ဖြစ်ပေသည်။ ယင်းသို့သော လောကမျိုးတွင် လွတ်လပ်ခြင်း၊ တူညီမျှခြင်း နှင့် တရားမျှတခြင်း (Liberty, Equality and Justice) တည်းဟူသော သဘောတရားများဆိတ်သုဉ်းရွေ့ တိရိစာန်လောက သက်သက်သာလျှင် ဖြစ်၏။

ယဉ်ကျေးသော လူ့လောက (Civil State) နှိုက်မူ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တူညီမျှခြင်းတရားများ အနည်းနှင့်အများ ရှိကြသည့်အပြင် သဘာဝလောကအတွင်း သောင်းကျန်းတတ်သော လောဘ၊ ဒေါသ၊ မောဟများ ထင်တိုင်း အသောင်းကျန်နိုင်စေခြင်းငှာ တားဆီးခြင်း ၊ ဟန့်တားခြင်းတို့အတွက် အစိုးရကို တည်ဆောက်ရွေ့ အုပ်ချုပ်ခြင်းဖြင့် ယဉ်ကျေးသော လူ့လောကကို ဖြစ်စေ၏။

သဘာဝလောကမှ ယဉ်ကျေးသော လူ့လောကသို့
ကမာဦးသူတို့သည် အကန့်အသတ်မရှိသော လောဘ၊ ဒေါသ၊ မောဟတို့၏ ဘေးမှ ကာကွယ်ဟန့်တားနိုင်စေခြင်းငှာ မိမိတို့ လုပ်ကိုင်ရွေ့ရသော ပစည်း၏ ဆယ်ဖို့တစ်ဖို့ကို ပေးကာ မိမိတို့အား အုပ်ချုပ်နိုင်ရန်အတွက် မဟာသမတမင်းအား တင်မြှောက်အုပ်ချုပ်စေခဲ့သည်။ သို့ဖြင့် မင်းမဲ့လောကမှ မင်းရှိလောကသို့ ပြောင်းလဲခဲ့ရသည်။ မမျှတသော လောကမှ တရားမျှတသော လောကသို့ ပြောင်းလဲခဲ့ရ၏။

အချုပ်အခြာအာဏာ(မင်း)
အထက်တွင် ပြဆိုခဲ့သည့်အတိုင်း ကမာဦးသူတို့သည် မဟာသမတမင်းအား တင်မြှောက်အုပ်ချုပ်စေခဲ့ခြင်းဖြင့်
- မင်း - ဟူသော သဘောတရား ပေါ်ထွက်လာခဲ့၏။ အုပ်ချုပ်ခဲ့သော မင်းများအနက် မင်းကျင့်တရား ဆယ်ပါးနှင့်

ထိုမှတပါး - မင်း -နှင့် ဒွန်တွဲလျက် - အာဏာ - ဟူသော သဘောတရားလည်း ပေါ်ထွက်လာ၏။

အာဏာဟု ဆိုရာနှိုက် နှစ်မျိုး နှစ်စားရှိ၏ ။ ၄င်းတို့မှာ သာမန်အာဏာနှင့် အချုပ်အခြာအာဏာ (Sovereignty) ပင်ဖြစ်၏။

အချုပ်အခြာအာဏာ၏ တည်ရာ၊ ဆင်းသက်ရာကို မူတည်ရွေ့ ယဉ်ကျေးသော လူ့လောကကို အုပ်ချုပ်သော အာဏာပိုင်အစိုးရ (၀ါ) မင်းကို အကျယ်အားဖြင့် အပိုင်းသုံးမျိုး ပိုင်းခြား၏။ ၄င်းတို့မှာ
(၁) သက်ဦးဆံပိုင်မင်း သို့မဟုတ် အာဏာရှင် အုပ်ချုပ်သော အစိုးရ (Autocracy)
(၂) လူတစ်စုက မင်းလုပ်အုပ်ချုပ်သော အစိုးရ (Aristocracy or Oligarchy)
(၃) လူထုက တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်သော နည်းအားဖြင့်သော်လည်းကောင်း၊ အုပ်ချုပ်သော အစိုးရ (Democracy) တို့ပင် ဖြစ်ကြ၏။

အချုပ်အခြာအာဏာသည် လူတစ်ယောက်တည်းတွင် တည်ရှိ ရွေ့ ၄င်းထွံမှ ဆင်းသက်လျှင် ပထမအမျိုးအစား Autocracy ဖြစ်၏။ အချုပ်အခြာအာဏာသည် လူတစ်စုတွင် တည်ရှိရွေ့ ၄င်းတို့မှ ဆင်းသက်ပါက ဒုတိယအမျိုးအစား ဖြစ်၏။ အချုပ်အခြာအာဏာသည် လူတုတွင် တည်ရှိရွေ့ လူထုမှ ဆင်းသက်ပါမူ တတိယအမျိုးအစား Democracy ပင် ဖြစ်၏။

အချုပ်အခြာအာဏာဟူသော စကားရပ်ကို အနည်းငယ် ရှင်းလင်းရန် လိုပေမည်။ အချုပ်အခြာအာဏာ ဟူသည်မှာ မည်သည့်အာဏာပိုင်၏ လက်အောက်ခံမျှမဟုတ်။ ခြွင်းချက် မရှိ၊ အန့်အသတ် မရှိ၊ အတားအဆီး အပိတ်အပင် မရှိသော အာဏာဖြစ်သည်ဟု နိုင်ငံရေးဗေဒက ဆို၏။

သို့ဖြစ်လေရာ လောဘမီး၊ ဒေါသမီး၊ မောဟမီး တို့ အကန့်အသတ်မရှိ၊ တောက်လောင်နေသော မင်းမဲ့လောကမှ အချုပ်အခြာအာဏာပိုင်သော မင်းရှိလောကသို့ ကူးပြောင်းပြီးလျှင် ယင်းလောဘ၊ ဒေါသ၊ မောဟများကို အချုပ်အခြာအာဏာပိုင်က ကန့်သတ်ချုပ်ချယ်ကာ ယဉ်ကျေးသော လူ့လောကကို အထက်က ပြဆိုခဲ့ပြိးသော အုပ်ချုပ်ပုံနည်း သုံးနည်းအနက် တစ်နည်းနည်းဖြင့် အုပ်ချုပ်စေခြင်းဖြင့် နိုင်ငံတော် (Polotical State) ဟူရွေ့ ပေါ်ထွက်လာခဲ့ပေသည်။

နိုင်ငံတော်
နိုင်ငံတော်ဆိုသည်မှာ လွတ်လပ်သော အချုပ်အခြာအာဏာ (Sovereignty)ပိုင်ရွေ့ ထိုအာဏာအရ အုပ်ချုပ်သော အစိုးရ (Government) ၏အုပ်ချုပ်ခြင်းကို ခံယူလျှက်ရှိသော ပြည်သူတို့ ရှိကြသည့် တည်ရာ နယ်နိမိတ်ဖြင့် သီးသန့် တည်တံ့စွာ တည်ရှိသော တိုင်းပြည်ကို ခေါ်ပေသည်။

သို့ဖြစ်ရာ နိုင်ငံတော်ဆိုသည့် သဘောတွင် အင်္ဂါအစိတ်အပိုင်းကြီး လေးရပ် ပါဝင်သက်ရောက်နေကြောင်း တွေ့မြင်ရပေမည်။ ၄င်းအင်္ဂါအစိတ်အပိုင်းကြီး ၄ ရပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ဝတ်ပြုဆုတောင်းသူ နှစ်ဦး သာသနာတော် ညှိုးနွမ်းစေမှုဖြင့် တရားစွဲခံရ

မြင့်မောင်၊ ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 22 2009 19:30 - မြန်မာစံတော်ချိန်


နယူးဒေလီ၊ ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တွံတေးမြို့နယ် ဇီးဖြူကုန်းရွာရှိ စေတီတော်ကြီး၌ ယမန်နေ့ ဆုတောင်းပွဲ၌ ဦးဆောင်ခဲ့သဖြင့် ဖမ်းဆီးခံရသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် နှစ်ဦးကို မြို့နယ်တရားရုံးက ယနေ့ တရားစွဲဆိုလိုက်သည်။

ပါတီဝင်လူငယ်နှင့် ရွာသား စုစုပေါင်း ၅ဝ ခန့်ကို ဦးဆောင်၍ အဖတ်တရာ စေတီကြီးတွင် ဆုတောင်းကြသဖြင့် ယမန်နေ့က အဖမ်းခံခဲ့ရသူ တွံတေးမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေ၊ စည်းရုံးရေးအဖွဲ့ဝင် ဦးအောင်စိုးဝေ အား ယနေ့တွင် မြို့နယ်တရားရုံးက သာသနာတော်ညှိုးနွမ်းစေရန် ပြုလုပ်မှုဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။

“တရားသူကြီး ဦးအေးကိုကိုက ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၅ (က) အရ သာသနာရေးနဲ့ ပတ်သက်ပြီးတော့ အမှုဖြစ်တဲ့ အတွက်ကြောင့် အာမခံ မရဘူးဆိုတဲ့အကြောင်း။ ဒီအမှုကို ဒီနေ့ မစစ်ဖြစ်ဘူး။ ရက်ချိန်း ရွှေ့လိုက်တယ်” ဟု အမှုအတွက် အကျိုးဆောင်ပေးနေသူ တွံတေးမြို့မှ အထက်တန်းရှေ့နေ ဒေါ်မြင့်မြင့်ဋ္ဌေးက မဇ္ဈိမကို ပြောသည်။

အကျိုးဆောင် နောက်တဦးဖြစ်သည့် ရှေ့နေ ဦးကျင်တိုးကလည်း “ပြစ်မှုဆိုင်ရာ ဥပဒေ ၂၉၅ နဲ့ စွဲလိုက်တယ်။ အဲဒီပုဒ်မက ရဲ အရေးမပိုင်ဘူး။ ဝရန်းထုတ်နိုင်တယ်။ အာမခံ ပေးခွင့် မရှိဘူး” ဟု ပြောသည်။

တရားစွဲဆိုခံရသူ အန်အယ်ဒီ ပါတီဝင် နှစ်ဦးသည် ယမန်နေ့ နံနက်ပိုင်းက ဇီးဖြူကုန်းရွာ ပါတီဝင် လူငယ်များနှင့် နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရွာသားများ စုစုပေါင်း ၅ဝ ခန့်နှင့်အတူ အဖတ်တရာ စေတီတော်ကြီးတွင် သာသနာ့ အလံနှင့် သပြေပန်းများကို ဂြိုဟ်တိုင်များတွင် စိုက်ထူပြီး ဝတ်ပြုဆုတောင်းခဲ့သည်။

ဆုတောင်းစဉ် တွံတေးမြို့မှ ရဲ ၆ ဦးခန့်က လာရောက်၍ အသံဖမ်းခြင်း၊ မှတ်တမ်းယူခြင်းများ လုပ်ခဲ့သော်လည်း အခြား အနှောင့်အယှက် မပြုဘဲ၊ ပြီးစီးသည့်အခါ တွံတေးရဲတပ်ဖွဲ့ ဒုရဲအုပ် ဝင်းထွဋ်ထွဋ်ဦးက သူတို့နှစ်ဦးကို ခေါ်သွားပြီး တွံတေး ရဲစခန်းတွင် ချုပ်နှောင်ဖမ်းဆီးခဲ့သည်။

ယနေ့ တရားရုံးထုတ်ရာတွင် ကြားနာခြင်း မပြုဘဲ ရုံးချိန်းကို ယခုလ ၂၈ ရက်နေ့သို့ ချိန်းဆိုလိုက်သည်။

ရှေ့နေ ဦးကျင်တိုးက “တကယ်တော့ လူတန်းစားတခုခုက ယုံကြည်ကိုးကွယ်နေတဲ့ သာသနာကို စိတ်နာကြည်းအောင် ပြုလုပ်တာကို သာသနာညှိုးနွမ်းစေတယ်လို့ ခေါ်တယ်။ တကယ်လို့ ကိုင်ဆောင်တဲ့ အလံမှာ မကောင်းတဲ့ မိန်းမပုံ ယောက်ျားပုံလိုမျိုး ပါတယ်ဆိုရင်တော့ ညှိုးနွမ်းစေတာပေါ့လေ” ဟု ပြောသည်။

တွံတေးမြို့နယ် အန်အယ်ဒီလူငယ် တာဝန်ခံ ကိုရဲထွဋ်ခေါင်ကလည်း “ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး လုပ်တာက ကုသိုလ်ကောင်းမှု ပြုပြီး ဘုရားမှာ ဆုတောင်းမေတ္တာ ပို့တာဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တွေက အလှူတခုခု လုပ်တယ်ဆိုရင် အလှူဒါန ပြီးမြောက်အောင် သတ္တဝါတွေ ကျန်းမာပါစေ၊ ချမ်းသာပါစေ ပြုလုပ်သမျှ ပေးဝေတာပဲ။ သာသနာကို ညှိုးနွမ်းအောင် လုပ်ရာ မရောက်ဘူး၊ ကျနော်တို့က အိမ်ဦးခန်းမှာ ကိုးကွယ်ထားတဲ့ ဘုရားကို ရှစ်ခိုးရင် သာသနာကို ညှိုးနွမ်းအောင် လုပ်တာနဲ့ ဆွဲမှာလား” ဟု ပြောသည်။

သံလျင်ခရိုင် သာသနာရေး ဦးစီးဌာနမှ လက်ထောက် ဦးဉာဏ်ဋ္ဌေးက တရားလိုအဖြစ် ဆက်လက် ထွက်ဆိုသွားမည်ဟု သိရသည်။

ယခု စွဲဆိုလိုက်သည့် ပုဒ်မသည် ပြစ်ဒဏ်အဖြစ် ၂ နှစ်နှင့် ငွေဒဏ်ပါ ကျခံရနိုင်သည့် ပုဒ်မဖြစ်သည်။

နေပြည်တော်မှာ အလောင်းတွေ မီးရှို့လို့မရ

NEJ /၂၃ ဧပြီ ၂၀၀၉

နေပြည်တော်ကွင်းကြီး သုသာန်မီးသင်္ဂြိုဟ်စက်ကြီးမှာ မီးအားမနိုင်သည့်အတွက် အလောင်းများ မီးရှို့၍မရ ဖြစ်နေသည်ဟု အသုဘရှင်တဦးက ပြောသည်။

အဆိုပါ မီးသင်္ဂြိုဟ်စက်ကြီးမှာ လျှပ်စစ်ဓာတ်အားသုံးသည့် မီးသင်္ဂြိုဟ်စက်ကြီးဖြစ်သည်။ မီးရှို့ရာ၌ load မနိုင်ဘဲ Fuse မကြာခဏပြတ်နေသည့်အတွက် အလောင်းများမီးရှို့မရသဖြင့် အသုဘရှင်များ စိတ်ညစ်နေကြသည်ဟု စုံစမ်းသိရသည်။

နေပြည်တော်စတင် တည်ဆောက်ချိန်က သုသာန်အတွက် မစဉ်းစားဘဲ တည်ဆောက်ခဲ့ရာ အစောပိုင်းမှာ ၀န်ထမ်းများသေလျှင် မည်သည့်နေရာ သင်္ဂြိုဟ်ရမှန်းမသိဘဲ အဆင်မပြေဖြစ်ခဲ့သည်ဟု နေပြည်တော် ၀န်ထမ်းတဦးက ပြောသည်။

ဇာဂနာထောင်အတွင်း သတိလစ်၊ အသည်းရောင် အသားဝါကြောင့် ကျန်းမာရေးဆိုးဝါး

NEJ /၂၃ ဧပြီ ၂၀၀၉


ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ မောင်သူရခေါ် ဇာဂနာသည် ယခုလ (၁၆) ရက်၊ ည (၈) နာရီတွင် မြစ်ကြီးနား ထောင်ထဲ၌ သတိလစ်သွားပြီး ည (၁၁) နာရီခန့်မှ သတိပြန်လည်လာကာ ယခုအခါ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေကြောင်း ၎င်း၏မိသားစုနှင့် အထူးရင်းနှီးသော ခိုင်မာသည့်သတင်းရပ်ကွက်မှ သိရသည်။

ထိုသို့ သတိလစ်ပြီး (၂) ရက်အကြာတွင် ထောင်တွင်း၌ပင် ပြည်နယ်ဆရာဝန်ကြီးနှင့် ပြသခွင့်ရရှိပြီး အသည်းရောင် အသားဝါ ရောဂါဖြစ်နေသည်ကို သိရှိရကြောင်း ဇာဂနာအား သွားရောက်တွေ့ဆုံခဲ့သည့် ၎င်း၏မိသားစုဝင်တဦး၏ ပြောပြချက်ကို ကိုးကား၍ အဆိုပါသတင်းရပ်ကွက်မှ သိရှိရသည်။

“အခုအခြေအနေကတော့ နေလို့သိပ်မကောင်းဘူး။ ဒီလ (၂၂) ရက်က သူ့မိသားစုဝင်တဦး သွားတွေ့ခွင့်ရ တယ်လေ။ သွားတော့ ကိုဇာဂနာရဲ့ ဗိုက်ကပူနေတယ်တဲ့။ အရင်က အသည်းရောင်အသားဝါဖြစ်တယ်လို့ မကြားရ ပါဘူး။ အခုတော့ အဲလိုဖြစ်နေတယ်။ အခုတော့ သူ့မိသားစုက ဆေးကုခွင့်တင်ထားတယ်။ ခွင့်ပြုမပြုတော့ မသိရသေးဘူး” ဟု ဇာဂနာမိသားစု၏ အတွင်းရေးကိစ္စများ ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောသည်။

ယခုလ (၂) ရက်က မြစ်ကြီးနားထောင်သို့ ဇာဂနာအား မိသားစုဝင်တဦးက ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့ သော်လည်း ထောင်တွေ့ရက်မစေ့သဖြင့် တွေ့ဆုံခွင့်မရခဲ့ပေ။

ထိုသို့ ထောင်တွင်း၌ ဇာဂနာ သတိလစ်သွားခဲ့သည်ကို သက်ဆိုင်ရာ ထောင်အာဏာပိုင်များက မိသားစုထံ တရားဝင် အကြောင်းကြားခြင်းမရှိဘဲ ထောင်နှင့် နီးစပ်သူများထံမှ သိရခြင်းဖြစ်သည်။

မိသားစုဝင်များအား အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဇာဂနာ၏ ကျန်းမာရေးအရေးကြီးသည့်အချိန် ဖြစ်နေသောကြောင့် ထောင်ဝင်စာအပိတ်ခံရမည်ကို စိုးရိမ်ရသဖြင့် မိသားစုဝင်များက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

ဇာဂနာသည် စာပေ၊ အနုပညာရှင်အချို့နှင့်အတူ သပိတ်မှောက်ကံဆောင်နေသည့် သံဃာတော်များအား ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၌ နှစ်ရက်ဆက်တိုက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဇာဂနာအား စစ်အစိုးရ အာဏာပိုင်များက ၂၀၀၇ ခု စက်တင်ဘာ (၂၅) ရက်တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၅၉) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကာ (၃၅) နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။

Wednesday, April 22, 2009

ဘိုကလေးတွင် ဝမ်းရောဂါဖြစ်ပွားမှု အဆမတန်မျာပြားနေ

Tuesday, 21 April 2009 17:28 ဖြိုးကြီး

ဘိုကလေးမြို့ပေါ်တွင် ဝမ်းရောဂါများဖြစ်ပွားနေလျှက်ရှိပြီး အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက် ကုသနေရသူများ အဆမတန် များပြားနေသည်။

ပြီးခဲ့သည့် (၁၃) ရက်နေ့မှစတင်ကာ ယနေ့အထိ ဝမ်းရောဂါကြောင့် ဆေးရုံတတ်ရောက်သူ ၆၀၀ ဝန်းကျင်ရှိခဲ့ကြောင်း ဘိုကလေးမြို့ခံတဦးက ပြောသည်။

“ဝမ်းရောဂါဖြစ်တာက သင်္ကြန်အကြိုနေ့ကတည်းကဆိုရင် ဆေးရုံတက်ရတာရော ဆင်းသွားတာတွေရောဆို ငါးရာခြောက်ရာလောက်ရှိတယ်၊ ဆေးရုံမှာ ကုတင်မဆန့်လို့ စင်္ကြန်လမ်းမှာ နေနေရတယ်၊ အသေအပျောက်ကတော့ ကလေးသုံးယောက်နဲ့ လူကြီး နှစ်ယောက်ပဲရှိတယ်” ဟု ဆေးရုံအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

ဘိုကလေးမြို့ (၄) ရပ်ကွက်၊ (၆) ရပ်ကွက်တွင်ရှိသည့် ကန်တော်ကြီးရေကန်မှ ရေများခမ်းခြောက်သွားသည့်အတွက် ၎င်းရပ်ကွက်ပတ်ဝန်းကျင်ရှိ ပြည်သူများမှာ မသန့်သည့်ရေများကို သောက်သုံးနေရသဖြင့် ယခုကဲ့သို့ ဝမ်းရောဂါဖြစ်ပွားခြင်းဖြစ်ကြောင်း အဆိုပါ မြို့ခံက ဆက်ပြောသည်။

“ကန်တော်ကြီးက ရေခမ်းပြီး နီနေတာ၊ အဲနားဝန်းကျင်က ဒီရေကိုပဲ သောက်သုံးကြရတာ၊ ရေကလဲ မသန့်တော့ အဲလိုဖြစ်တာ၊ နာဂစ်ဖြစ်ပြီးတုန်းက (MSF) အဖွဲ့က လှူထားတဲ့ရေသန့်စက်ကို (မယက)က ဖြုတ်သိမ်းသွားတာ ကြာပြီ၊ အခု ရေကလဲပြတ်လပ်တော့ ဝမ်းရောဂါတွေဖြစ်တာ” ဟု ပြောသည်။

အဆိုပါ ဝမ်းရောဂါဖြစ်ပွားမှုအခြေအနေကို ဘိုကလေးမြို့နယ် ပြည်သူ့ဆေးရုံသို့ မေးမြန်းရာ ဝမ်းရောဂါဖြစ်ပွားနေခြင်းမှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

“ဝမ်းရောဂါတွေနဲ့ တက်တဲ့လူနာတွေ ရှိပါတယ်၊ အခုတော့ နည်းသွားပါပြီ၊ ပထမကတော့ တနေ့ကို တယောက် နှစ်ယောက်လောက်ပဲ ရှိတယ်၊ သာမန်ဖြစ်တာပေါ့၊ (၁၉) ရက်နေ့မှာတော့ များတယ်၊ အတိအကျတော့ ကျမတို့ဆီမှာ စာရင်းမရှိဘူး၊ မြို့နယ်ဆရာဝန်ကြီးဆီမှာပဲ ရှိတယ်” ဟု ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။

မြို့နယ်ကျန်းမာရေးအဖွဲ့၏ ကွင်းဆင်းလေ့လာမှုအရ ယခုဖြစ်ပွားသည့် ဝမ်းရောဂါမှာ ရေကြောင့်ဖြစ်သည့်ရောဂါမဟုတ်ဘဲ ယင်နားသည့် အစားအသောက်များနှင့် ရာသီဥတု ပူပြင်းမှုတို့ကြောင့် ဖြစ်သည်ဟု ကျန်းမာရေဝန်ထမ်းက ပြောသည်။

အာဏာပိုင်များအနေဖြင့် ဝမ်းရောဂါဖြစ်ပွားနေမှုအတွက် တစုံတရာ ကျန်းမာရေးသတိပေးနှိုးဆော်မှုများ ထိထိရောက်ရောက် လုပ်ဆောင်ခြင်းမရှိသေးကြောင်း မြို့ခံတဦးက ပြောသည်။

“ဒီမနက်မှ ကြံ့ခိုင်ရေးတွေ၊ အမျိုးသမီးရေးရာအဖွဲ့တွေက ကျန်းမာရေးအဖွဲ့တွေနဲ့ပေါင်းပြီး လိုက်လုပ်နေတာတော့ တွေ့တယ်၊ ဘာတွေလုပ်နေတယ်ဆိုတာကို တိတိကျကျ မသိရဘူး၊ အရင်ရက်တွေက ဘာမှမလုပ်ဘူး” ဟု သူက ဆက်လက်ပြောဆိုသည်။

မြင်းခြံထောင်တွင် အကျဉ်းကျနေသူများ ကျန်းမာရေးစောင့်ရှောက်မှုမရ

မြင်းခြံအကျဉ်းထောင်၌ ဆရာဝန်ရှိသော်လည်း အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမရှိကြောင်း နိုင်ငံရေးအကျဉ်းသား အမျိုးသမီးတဦးက သူမ၏မိခင်ထံသို့ စာရေးအကြောင်းကြားကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသား မမိုးမိုး၏ မိခင်ဖြစ်သူက “စာထဲထည့်ရေးထားတာ မြင်းခြံထောင်ဆရာဝန် no good တဲ့။ ကျန်းမာရေး စောင့်ရှောက်မှု လုံးဝရှိပုံ မရဘူး။ တခါသွားရင် ပါရာစီတမော အလုံး (၁၀၀)၊ အမိုင်နို အလုံး (၁၀၀)၊ ၀မ်းပိတ်ဆေး၊ ၀မ်းကိုက်ပျောက်ဆေး အကုန်ယူသွားရတယ်။ ထောင်အမှုထမ်းတွေဆီ ဆေးထုပ်အပ်လိုက်ရင် သူတို့က သမီးကို ပို့ပေးတယ်။ အရက်ပြန်၊ ပတ်တီးကအစ မှာတယ်” ဟု ပြောသည်။

ထို့အပြင် မြင်းခြံထောင်အတွင်း မိခင်များအကျဉ်းကျရာတွင် အတူပါသွားသည့် ကလေးသူငယ်များမှာလည်း ထောင်ဝင်စာပို့သူမရှိ၍ စားရေး သောက်ရေးကအစ အခက်အခဲရှိနေကြောင်း သိရသည်။

“အန်တီ့သမီးဆီ ထောင်ဝင်စာပို့ရင် အဲဒီကလေးတွေအတွက်လည်း သယ်သွားရတယ်။ ငါးပိကြော်တွေ၊ သရက်သီးသနပ်တွေရယ်၊ ကလေးတွေဝတ်ဖို့ အ၀တ်အစားတွေကျ ဟိုကဒီက အလှူခံ။ သကြားလုံး၊ မုန့်လုံးတွေ ၀ယ်သွားပေါ့။ ကလေးတွေ ငတ်တော့ အန်တီ့သမီးက မနေနိုင်ဘူး” ဟု မမိုးမိုး၏ မိခင်က ပြောသည်။

မြင်းခြံထောင်၌ မသက်သက်အောင်၊ မမိုးမိုးတို့အပါအ၀င် နိုင်ငံရေးအကျဉ်းသား အမျိုးသမီး (၆) ဦးရှိပြီး လူရွှင်တော် ဇာဂနာ၏တပည့် ကတုံးအပါအ၀င် အမျိုးသားများလည်း ရှိနိုင်သည်ဟု သိရသည်။

မမိုးမိုးသည် ပုဒ်မ ၂၄ (၁) ဖြင့် ၂၀၀၈၊ အောက်တိုဘာ (၁၆) တွင် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရပြီး ထောင်ဝင်စာ (၁၅) မိနစ်သာ တွေ့ခွင့်ရသည်ဟု မမိုးမိုး၏ မိခင်ကပြောသည်။

ထောင်ဝင်စာ တခေါက်တွေ့က (တရားဝင် လက်မှတ်ထိုး၍) ဈေးပါဆယ်ဝယ်ရန် ကျပ်(၅) သောင်း၊ ဟင်းအစိုအခြောက် သီးခြားမှာစား၍ရရန် ရင်းနှီးပြီး ထောင်အမှုထမ်းတဦးအတွက် ကျပ် (၃) သောင်းဖြင့် စုစုပေါင်း ငွေ (၈) သောင်းထားခဲ့ရပြီး ခရီးစရိတ်ကို အိုင်စီအာစီမှ ထောက်ပံ့ကြောင်း သိရသည်။

၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအတွင်း ပါဝင်လှုပ်ရှားမှုဖြင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ မသက်သက်အောင်မှာလည်း မြင်းခြံထောင်တွင် ထောင်ဒဏ် (၆၅) နှစ်ချမှတ်ခံရသည်။

ယခုအခါ မသက်သက်အောင်မှာ ကျန်းမာရေးမကောင်းသဖြင့် အပြင်မှဆေးဝါးများကိုသာ အားထားနေရကြောင်း ၎င်း၏မိခင် ဒေါ်စုစုကြည်က ပြောသည်။

“ဆရာဝန်က ထောင်မှာသေသေချာချာ စစ်ဆေးကုသမှုမပေးဘူး။ လူတယောက်ကို သေချာမစမ်းသပ်တော့ ရမ်းကုလိုဖြစ်နေတာပေါ့။ သက်သက်အောင်က နှလုံးရောဂါရှိပြီး အရင်ကတည်းက နှလုံးအထူးကုဆရာဝန်ကြီး ဦးစန်းလွင်နှင့်ကုနေရတာ။ အခုတော့ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုပဲ ၀ယ်ပို့ပေးနေရတယ်” ဒေါ်စုစုကြည်က ပြောသည်။

အခြား ၈၈ မျိုးဆက်ကျောင်းသားများနှင့်ပတ်သက်၍လည်း “မှန်ကြီး(ကိုလှမျိုးနောင်) လည်း မျက်စိအခြေအနေ မကောင်းဘူးကြားတယ်၊ မောင်ဌေးကြွယ်လည်း ကျန်းမာရေးမကောင်းဘူးကြားတယ်၊ သူတို့တွေအားလုံးဟာ လိုအပ်တဲ့ဆေးကုသမှု မရကြဘူးလို့သိရတယ်” ဟု ၎င်းကပြောသည်။

ဒေါ်စုစုကြည်၏ အစ်မဖြစ်သူ မိတ္ထိလာထောင်ရှိ ဒေါ်စန်းစန်းတင်မှာလည်း ၈၈ မျိုးဆက်ကျောင်းသားများအား အားပေးကူညီမှုဖြင့် ထောင် (၉) နှစ်ချခံရပြီး ကျောက်ကပ်ရောဂါနှင့်နှလုံးရောဂါရှိသဖြင့် ဆေးများပို့ပေးနေရသည်ဟု သိရသည်။

အိုင်စီအာစီက အကျဉ်းကျနေသူများရှိရာ အကျဉ်းထောင်များသို့ သွားရောက်ရန် မိဘဆွေမျိုးများအား ခရီးစရိတ်ထုတ်ပေးနိုင်သော်လည်း စစ်အစိုးရက ထောင်များအတွင်းသို့ ၀င်ရောက်ခွင့်ပိတ်ပင်ထားသဖြင့် အကျဉ်းထောင်တွင်းရှိသူများ၏ ကျန်းမာရေးအတွက် အကူအညီပေးနိုင်ခြင်းမရှိပေ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှထုတ်ပြန်သည့် ၂၀၀၉ ခု၊ မတ်လအတွင်း နိုင်ငံရေးအကျဉ်းသားများ၏ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း (၂,၁၆၄) ဦးရှိပြီး ကျန်းမာရေးအခြေအနေဆိုးဝါးသူများမှာ (၁၁၃) ဦးရှိသည်ဟု ပါရှိသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်မှာ သွေးတိုးရောဂါနှင့် မျက်လုံးကိုက်ခဲ့သည့်ရောဂါ ပြင်းထန်စွာခံစားနေရပြီး ကိုလှမျိုးနောင်မှာလည်း ၎င်းအားဖမ်းဆီးချိန်တွင် ခွဲစိတ်ကုသထားသည့်မျက်စိအတွက် ဆေးဝါးမရှိခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး ယခုအခါ ကျန်ရှိသည့်မျက်စိတဖက်မှာလည်း ဆေးကုသမှုမခံရ၍ မျက်မမြင်ဘ၀သို့ ရောက်မည့်အခြေအနေတွင် ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ သတင်းထုတ်ပြန်ထားသည်။