ပထမဦးစွာ ဘုရားရှင်အား ချီးမွှမ်း ဝတ်ပြုကိုးကွယ်ကြပါသည်။ ထို့နောက် အစပြု နှုတ်ကပါတ်တော် ဖတ်ကြားပါသည်။ နံပါတ် (၃) အစီအစဉ်အနေဖြင့် ကလေးသူငယ်များထံမှ ကျမ်းချက်အလွတ်ဖတ်ရွတ်ခြင်း အစီအစဉ်တွင် စကားပင် ပီသအောင် မပြောနိုင်သေးသည့် ကလေးငယ်လေးပင် အင်္ဂလိပ်လို သမ္မာကျမ်းစာ ကျမ်းပိုဒ်များအား အလွတ်ရွတ်ဆိုသွားသည်ကို တွေ့ရ၍ အင်မတန် ခွန်အားတိုးမိပါသည်။
ထို့နောက် မိတ်ဆက်ခြင်း အစီအစဉ်တွင် မိတ်ဆက်ကြသောအခါတွင်မှ ဖို့ဝေါ့သ်မြို့ အရှေ့ပိုင်းရှိ Cherry Hill Appartment နှင့် Quail Ridge Appartment များမှ လာရောက်ကြသောသူများ၊ ဖောင်တိန်ကွန်နာမြို့မှ လာရောက်ကြသောသူများ အားတက်သရော လာရောက်ကြသည်ကို တွေ့ရသည့်အပြင် နယ်ခံ La De Ra Appartment မှလည်း အင်တိုက်အားတိုက် ပါဝင်ကြသည်ကို တွေ့ရှိရပါသည်။
ထို့နောက် တပင်တိုင်သီချင်းဖြင့် ချီးမွှမ်းခြင်း၊ အပြန်အလှန် နှုတ်ကပါတ်တော် ဖတ်ကြားခြင်း၊ ပရိတ်သတ် ချီးမွှမ်း ဓမ္မသီချင်း သီဆိုခြင်း၊ အသင်းတော် သာသနာသစ် ဆက်ကပ်ဆုတောင်းခြင်း၊ အလှူတော်ငွေအတွက် ဆက်ကပ် ဆုတောင်းခြင်း၊ အလှူတော်အတွက် သီချင်းသီဆိုခြင်းများ ပြုလုပ်ပါသည်။ ထို့နောက် အဖွဲ့ချီးမွှမ်းသီချင်းအစီအစဉ်တွင် ဆရာတော် Rev.Samuel Lung မိသားစုမှ တမိသားစုလုံး ဆက်ကပ်ကြရာ ခွန်အားရစရာ ဖြစ်ခဲ့ပါသည်။
ထို့နောက် တရားဒေသနာတော် ဟောပြောခြင်း အစီအစဉ်၊ ထို့နောက်တွင် ပွဲတော်မင်္ဂလာကျင်းပပါသည်။ ထို့နောက် ကောင်းကြီးအလုံးစုံပေးသောဘုရားနှင့် ကောင်းကြီးပေးခြင်းအစီအစဉ်ဖြင့် အောင်မြင်စွာ ဝတ်ပြုအစည်းအဝေးအစီအစဉ် ပြီးဆုံးခဲ့ပါသည်။
ထို့နောက် အစားအသောက် အစီအစဉ်များအား မြန်မာထမင်း၊ ဟင်း ပေါင်းစုံဖြင့် တည်ခင်းဧည့်ခံ၊ ပျော်ရွှင်စွာ စားသုံးခဲ့ကြပါသည်။
(မောင်ပွကြီး)