Friday, April 24, 2009

ပါလီမန်ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေး (ဒုတိယပိုင်း)

၁။ သြကာသလောကဟု ခေါ်ဆိုကြသော ရေမြေတောတောင်ပါဝင်သည့် နယ်နီမိတ်ဖြင့် ထင်ရှားစွာ သီးသန့် သတ်မှတ်ပိုင်းခြားထားသော ဒေသ (Territory)။
၂။ ထိုမြေကြီးကို အမှီပြုရွေ့ နေထိုင်ကြသော ပြည်သူလူထု (Population)။
၃။ ထိုမြေနှင့် ထိုလူမျိုးသည် သူတစ်ပါး၏ လက်အောက်ခံမဟုတ်။ လွတ်လပ်သော တိုင်းပြည်နှင့် လူမျိုးဖြစ်ရွေ့ အချုပ်အခြာအာဏာ (Sovereignty)ရှိခြင်း။
၎။ ထိုအချုပ်အခြာ အာဏာစက်အရ အုပ်ချုပ်သော အစိုးရ (Government) ရှိခြင်း။

အာဏာရှင်နိုင်ငံဖြစ်စေ၊ လူတစ်စု စိုးမိုးသော နိုင်ငံဖြစ်စေ၊ လူထုစိုးမိုးသော နိုင်ငံဖြစ်စေ အထက်ပါ အင်္ဂါ ၄ ရပ်နှင့် ပြည့်စုံသော နိုင်ငံမျိုးသာ ဖြစ်ပေသည်။ အချုပ်အခြာ အာဏာစက်တည်ရာ ဆင်းသက်ရာသာလျှင် တစ်မျိုးနှင့် တစ်မျိုး ခြားနားကြ၏ ။ ယင်းအချုပ်အခြာ အာဏာကို လူထုအပေါ်သို့ ပျံ့နှံ့စေသောအခါနှိုက် လူထု၏ ဆနနှင့် ကိုက်ညီလျှင် လူထု၏ အကျိုးကို သက်ရောက်သည့်အတွက် ၄င်းအချုပ်အခြာအာဏာစက်သည် စွဲမြဲတည်တံ့၏။

ထိုနည်းတူစွာပင် လူတစ်စု အုပ်ချုပ်သော နိုင်ငံတွင် ထိုလူတစ်စု၏အာဏာစက်ကို လူထုအပေါ်သို့ ပျံ့နှံ့စေရာနှိုက်၊ လူထုအကျိုး၊ လူထု၏ ဆနနှင့် ကိုက်ညီနေပါက ယင်းလူတစ်စု၏အာဏာစက်သည် စွဲမြဲတည်တံ့မည် ဖြစ်ပေသည်။

အချုပ်အခြာအာဏာပိုင်သည် လူထုဖြစ်ပါက ထိုအချုပ်အခြာအာဏာပိုင် လူထု၏အာဏာစက်သည် လူထုအပေါ်သို့ ပြန်လည်ပျံ့နှံ့ရေက်ရှိလာသည့်အခါတွင် လူထု၏ ဆန၊ လူထု၏အကျိုးသာ ဖြစ်သောကြောင့် တန်ပြန်မှု (Reactionary)၊ တော်လှန်မှု (Revolt or Revolution) မျိုး မဖြစ်မူရွေ့၊ လူထု၏အချုပ်အခြာ အာဏာသည်လည်း တည်တံ့ခိုက်မြဲခြင်း ရှိနိုင်ပေသည်။

အချုပ်အခြာအာဏာစက်ကို လက်တွေ့ အကောင်အထည်ဖေါ်လျှင် ဥပဒေနှင့် အမိန့်များသာ ဖြစ်၏။ အုပ်ချုပ်ရေး အာဏာစက်ဖြစ်သည့် ဥပဒေများ (Laws) သည် ဒီမိုကရေစီနိုင်ငံများတွင် လူထု၏ အချုပ်အခြာအာဏာစက်ဖြင့် ဥပဒေပြု ယနရားမှ ပေါ်ထွက်လာရွေ့ လူထု၏ဆနနှင့် အကိုက်အညီသာလျှင် ဖြစ်သည်။ အာဏာရှင် နိုင်ငံနှင့် လူတစ်စု အုပ်စိုးသော နိုင်ငံများတွင်မူ ထိုဥပေဒ (Laws) သို့မဟုတ် အမိန့် (Orders) တည်းဟူသော အချုပ်အခြာအာဏာစက်သည် လူထု၏ ဆနနှင့် ကိုက်ညီချင်မှ ကိုက်ညီပေမည်။

နိုင်ငံတော်၏ အင်္ဂါအစိတ်အပိုင်း ၄ ခုအနက် အချုပ်အခြာ အာဏာဆိုသည့် အစိတ်အပိုင်းကို အတော်အသင့် ရှင်းလင်းပြခဲ့ပေပြီ။ ထိုအချုပ်အခြာ အာဏာစက်ကို လည်ပတ်စေရန် (၀ါ)လူထုနှင့် တိုင်းပြည်ပေါ်သို့ ပျံ့နှံ့စေရန် မည်ကဲ့သို့ ပြုလုပ်သည်ကို ယခု တင်ပြလိုပေသည်။

အစိုးရ (ပါလီမန်)
နိုင်ငံတော်အစိုးရ (Government) တည်းဟူသော ယနရားကြီးသည် အချုပ်အခြာအာဏာစက်ကို သက်ရောက်စေ၏။ ယင်းအစိုးရ ယနရားကြီးတွင် (Orgams of Government) အစိတ်အပိုင်း ၃ ခု ရှိ၏။ ၄င်းတို့မှာ - ဥပဒေပြု ယနရား(Legislative Organ) ၊ အုပ်ချုပ်ရေးယနရား (Executive Organ) နှင့် တရားစီရင်ရေးယနရား (Judicial Organ) များ ဖြစ်ကြ၏။

ပါလီမန်ဒီမိုကရေစီစနစ်တွင် လူထုသည် အချုပ်အခြာအာဏာပိုင်ဖြစ်ရကား တရားသဖြင့် ပြုလုပ်သော ရွေးကောက်ပွဲအရ လူထုတင်မြှောက်သော ပါလီမန် (၀ါ) ဥပဒေပြုယနရားသည် တန်ခိုးအကြီးဆုံးပင်ဖြစ်၏။ ယင်းဥပဒေပြုယနရားတွင် လွတ်တော်တစ်ရပ် (Uni - Cameral) သို့မဟုတ် အများအားဖြင့် လွှတ်တော်နှစ်ရပ် (Bi- eameral) ရှိရွေ့ ပါလီမန်ဟု ခေါ်ကြ၏ ။ ပါလီမန်သည် အကန့်အသတ်မ၇ှိ ဥပဒေပြုနိုင်ခွင့်အာဏာ (unlimited powers of legislation)ရှိသည့်အပြင် များသောအားဖြင့် အုပ်ချုပ်ရေးခေါင်းဆောင်နှင့် တရားစီရင်ရေး၊ ယနရားခေါင်းဆောင်များကို ရွေးချယ်တင်မြှောက်ရ၏။ အချို့သော ဒီမိုကရေစီနိုင်ငံများတွင်မူ ယင်းပုဂိုလ်များကို ပါလီမန်က ရွေးချယ်ခြင်း မပြုဘဲ လူထုက တိုက်ရိုက်သီးသန့် ရွေးကောက်တင်မြှောက်ကြသည်။

အာဏာရှင်နိုင်ငံများတွင် အချုပ်အခြာအာဏာသည် အာဏာရှင်တွင် တည်ရှိသဖြင့် ဥပဒေပြုယနရားနှင့် တ၇ားစီရင်ရေးယနရားကို ဦးစားမပေးပဲ အုပ်ချုပ်ရေးယနရားကိုသာ အထူးဦးစားထား အလေးချိန်ပေးရွေ့ အုပ်ချုပ်တတ်ပေသည်။ ပါလီမန်ဒီမိုကရေစီတွင် အုပ်ချုပ်ရေးယနရားအား ဦးစားမပေးပဲ ၄င်းအား ထိန်းသိမ်းချုပ်ကိုင်ခြင်းသဘော၊ မဲတင်းညှိနှိုင်းခြင်း (Check and Balance) သဘောဖြင့် ထားရှိတတ်ပေသည်။

လူထု၏အချုပ်အခြာအာဏာစက်ဖြစ်သော မဲဆနဖြင့် ရွေးကောက်တင်မြှောက်လိုက်သော လူထုကိုယ်စားလှယ်များ ပါဝင်သည့် ဥပဒေပြုယနရား (၀ါ) ပါလီမန်သည် လူထု၏ အကျိုး ၊ လူထု၏ဆနနှင့် ကိုက်ညီသော အချုပ်အခြာအာဏာစက်ဟု ဆိုအပ်သည့် ဥပဒေကို ပြဌာန်းလျက် လူထုက တင်မြှောက်သော အစိုးရ (၀ါ) အုပ်ချုပ်ရေးယနရားအား ဥပဒေနှင့်ကိုက်ညီစွာ အုပ်ချုပ်စေပြိးလျှင် လူထု၏ အာဏာစက်ဖြစ်သော ဥပဒေကို လူထုအပေါ် တဖန်သက်ရောက်ပြန့်နှံ့စေရန် လူထု၏အကျိုးကို ဖြစ်ထွန်းစေ၏။ ထိုနိုင်ငံကို ပါလီမန်ဒီမိုကရေစီနိုင်ငံ (၀ါ) ဥပဒေနိုင်ငံ (၀ါ) လူထုအချုပ်အခြာအာဏာပိုင်နိုင်ငံဟု ခေါ်ဆိုကြပေသည်။

အချုပ်အခြာအာဏာ၏ အနက်အဓိပါယ်နှင့် သဘောကို တင်ပြခဲ့ပြီးဖြစ်၏။ ထိုမှတစ်ပါး အချုပ်အခြာအာဏာစက်သည် ပါလီမန်ဒီမိုကရေစီနိုင်ငံတွင် မည်သည်နှိုက် ရပ်တည်ရွေ့ အုပ်ချုပ်ရေးယနရား၊ တရားစီရင်ရေးယနရားတို့မှ တစ်ဆင့် မည်သို့လည်ပတ်သည်ကို တင်ပြခဲ့ပေပြီ။


Thursday, April 23, 2009

ပါလီမန်ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေး (ပထမပိုင်း)

မဟာသရေစည်သူ - ဦးချမ်းသာ (I.C.S. - Retired)

ပါလီမန်ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေး (၀ါ) အာဏာစက်ပျံ့နှံ့ရေး (Parliamentary Democracy and the Rule of Law) နှင့် ပတ်သက်ရွေ့ တင်ပြလိုပေသည်။ သို့ရာတွင် ထိုသို့တင်ပြရာနှိုက် စာဖတ်သူများလွယ်ကူစွာ သဘောပေါက်စေရန် ရှေးဦးစွာ ပါလီမန်ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေး သဘောတရားကို ခြားနား ဆန့်ကျင်သော နိုင်ရာစားလောက နှင့် တောတွင်းသဘာဝဥပဒေ (Anarchy and the Law of Jungle) ၏ သဘောကို နှိုင်းယှဉ်တင်ပြရပေမည်။

သဘာဝလောက
သဘာဝနယ် (State of Nature) ဟူသည်မှာ လောဘ၊ ဒေါသ၊ မောဟ စသည့် တရားများ အတားအဆီး ကင်းမဲ့စွာ သောင်းကျန်းနေကြသော ကြီးနိုင်ငယ်ညှဉ်းဆိုသည့် (Survival of the Fittest) နိုင်ရာစားလောကပင် ဖြစ်ပေသည်။ ယင်းနိုင်ရာစားလောကတွင် (Natural Liberty) သဘာဝလွတ်လပ်မှုမှ တစ်ပါး စည်းကမ်းဟူရွေ့ မရှိ ။ တရားမဲ့သော လောက ၊ တိရစာန်လောက၊ အမြဲတန်းကျီးလန့်စာစားနေထိုင်ရသော လောကသာ ဖြစ်၏။

သဘာဝလွတ်လပ်မှုဟု ဆိုရာနှိုက် ကိုယ်က နိုင်သည့်ပအခါတွင် ကိုယ် ထင်သလို ကျင့်နိုင်ရွေ့ သူက နိုင်သည့်အခါနှိုက်လည်း သူ ထင်သလို ကျင့်နိုင်သော လွတ်လပ်ရေးမျိုးဖြစ်၏။ သူ့အိမ်၊ သူ့ယာ၊ သူ့ပစည်း၊ ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်ပစည်း စသည်ဖြင့် သီးခြား သတ်မှတ်ထားခြင်း အလျှင်းမရှိဘဲ ကိုယ်က အားကြီးသည့်အခါတွင်လည်း ထိုနည်းအတိုင်း ကိုယ့်ကို ထင်ရာ ကျင့်နိုင်ခြင်းပင် ဖြစ်သည်။

အထက်ဖော်ပြပါ သဘာဝနယ်တွင် ဥပဒေဟူရွေ့ သဘာဝ၏ဥပဒေ (Natural Laws) သာ ရှိ၏။ သဘာဝ၏ ဥပဒေဟု ဆိုရာတွင် တောတွင်း တိရစာန်လောကနှိုက် ရှိသော ဥပဒေမျိုးဖြစ်၏ ။ ယင်းဥပဒေမှာ နိုင်ရာစားဥပဒေ ပင်ဖြစ်၏။

သို့ဖြစ်ရကား အကျဉ်းချုပ်ရွေ့ဆိုရလျှင် သဘာဝနယ်(State of Nature) ဆိုသည်မှာ စည်းမရှိ ကမ်းမရှိ၊ ကိုယ်ထင်ရာကိုယ်ကျင့်၊ သူထင်ရာသူ ကျင့်နိုင်သော ယဉ်ကျးရွေ့ စည်းကမ်းတကျ ရှိသော လောက (Civil State or Society) မျိုးမဟုတ်သော (an eye for an eye , a tooth for a tooth) သူက ကိုယ့်မျက်စိတစ်လုံးကို ဖောက်ပစ်လျှင် ၊ ကိုယ်ကလည်း သူ့မျက်စိတစ်လုံးကို ဖောက်ပစ်မည်။ သူက ကိုယ့်သွားတစ်ချောင်းကို ချိုးလျှင် ကိုယ်ကလည်း သူ့သွားတစ်ချောင်းကို ပြန်ချိုးမည်ဟူသော သဘောတရားမျိုးဖြင့် လောဘ၊ ဒေါသ၊ မောဟ စသည့် အကုသိုလ်တရားများကို ကန့်သတ်တားဆီးထိန်းသိမ်းခြင်း အလျှဉ်းမရှိဘဲ ဖြစ်ချင်တိုင်း ဖြစ်နေသော လောကမျိုး ဖြစ်ပေသည်။ ယင်းသို့သော လောကမျိုးတွင် လွတ်လပ်ခြင်း၊ တူညီမျှခြင်း နှင့် တရားမျှတခြင်း (Liberty, Equality and Justice) တည်းဟူသော သဘောတရားများဆိတ်သုဉ်းရွေ့ တိရိစာန်လောက သက်သက်သာလျှင် ဖြစ်၏။

ယဉ်ကျေးသော လူ့လောက (Civil State) နှိုက်မူ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တူညီမျှခြင်းတရားများ အနည်းနှင့်အများ ရှိကြသည့်အပြင် သဘာဝလောကအတွင်း သောင်းကျန်းတတ်သော လောဘ၊ ဒေါသ၊ မောဟများ ထင်တိုင်း အသောင်းကျန်နိုင်စေခြင်းငှာ တားဆီးခြင်း ၊ ဟန့်တားခြင်းတို့အတွက် အစိုးရကို တည်ဆောက်ရွေ့ အုပ်ချုပ်ခြင်းဖြင့် ယဉ်ကျေးသော လူ့လောကကို ဖြစ်စေ၏။

သဘာဝလောကမှ ယဉ်ကျေးသော လူ့လောကသို့
ကမာဦးသူတို့သည် အကန့်အသတ်မရှိသော လောဘ၊ ဒေါသ၊ မောဟတို့၏ ဘေးမှ ကာကွယ်ဟန့်တားနိုင်စေခြင်းငှာ မိမိတို့ လုပ်ကိုင်ရွေ့ရသော ပစည်း၏ ဆယ်ဖို့တစ်ဖို့ကို ပေးကာ မိမိတို့အား အုပ်ချုပ်နိုင်ရန်အတွက် မဟာသမတမင်းအား တင်မြှောက်အုပ်ချုပ်စေခဲ့သည်။ သို့ဖြင့် မင်းမဲ့လောကမှ မင်းရှိလောကသို့ ပြောင်းလဲခဲ့ရသည်။ မမျှတသော လောကမှ တရားမျှတသော လောကသို့ ပြောင်းလဲခဲ့ရ၏။

အချုပ်အခြာအာဏာ(မင်း)
အထက်တွင် ပြဆိုခဲ့သည့်အတိုင်း ကမာဦးသူတို့သည် မဟာသမတမင်းအား တင်မြှောက်အုပ်ချုပ်စေခဲ့ခြင်းဖြင့်
- မင်း - ဟူသော သဘောတရား ပေါ်ထွက်လာခဲ့၏။ အုပ်ချုပ်ခဲ့သော မင်းများအနက် မင်းကျင့်တရား ဆယ်ပါးနှင့်

ထိုမှတပါး - မင်း -နှင့် ဒွန်တွဲလျက် - အာဏာ - ဟူသော သဘောတရားလည်း ပေါ်ထွက်လာ၏။

အာဏာဟု ဆိုရာနှိုက် နှစ်မျိုး နှစ်စားရှိ၏ ။ ၄င်းတို့မှာ သာမန်အာဏာနှင့် အချုပ်အခြာအာဏာ (Sovereignty) ပင်ဖြစ်၏။

အချုပ်အခြာအာဏာ၏ တည်ရာ၊ ဆင်းသက်ရာကို မူတည်ရွေ့ ယဉ်ကျေးသော လူ့လောကကို အုပ်ချုပ်သော အာဏာပိုင်အစိုးရ (၀ါ) မင်းကို အကျယ်အားဖြင့် အပိုင်းသုံးမျိုး ပိုင်းခြား၏။ ၄င်းတို့မှာ
(၁) သက်ဦးဆံပိုင်မင်း သို့မဟုတ် အာဏာရှင် အုပ်ချုပ်သော အစိုးရ (Autocracy)
(၂) လူတစ်စုက မင်းလုပ်အုပ်ချုပ်သော အစိုးရ (Aristocracy or Oligarchy)
(၃) လူထုက တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်သော နည်းအားဖြင့်သော်လည်းကောင်း၊ အုပ်ချုပ်သော အစိုးရ (Democracy) တို့ပင် ဖြစ်ကြ၏။

အချုပ်အခြာအာဏာသည် လူတစ်ယောက်တည်းတွင် တည်ရှိ ရွေ့ ၄င်းထွံမှ ဆင်းသက်လျှင် ပထမအမျိုးအစား Autocracy ဖြစ်၏။ အချုပ်အခြာအာဏာသည် လူတစ်စုတွင် တည်ရှိရွေ့ ၄င်းတို့မှ ဆင်းသက်ပါက ဒုတိယအမျိုးအစား ဖြစ်၏။ အချုပ်အခြာအာဏာသည် လူတုတွင် တည်ရှိရွေ့ လူထုမှ ဆင်းသက်ပါမူ တတိယအမျိုးအစား Democracy ပင် ဖြစ်၏။

အချုပ်အခြာအာဏာဟူသော စကားရပ်ကို အနည်းငယ် ရှင်းလင်းရန် လိုပေမည်။ အချုပ်အခြာအာဏာ ဟူသည်မှာ မည်သည့်အာဏာပိုင်၏ လက်အောက်ခံမျှမဟုတ်။ ခြွင်းချက် မရှိ၊ အန့်အသတ် မရှိ၊ အတားအဆီး အပိတ်အပင် မရှိသော အာဏာဖြစ်သည်ဟု နိုင်ငံရေးဗေဒက ဆို၏။

သို့ဖြစ်လေရာ လောဘမီး၊ ဒေါသမီး၊ မောဟမီး တို့ အကန့်အသတ်မရှိ၊ တောက်လောင်နေသော မင်းမဲ့လောကမှ အချုပ်အခြာအာဏာပိုင်သော မင်းရှိလောကသို့ ကူးပြောင်းပြီးလျှင် ယင်းလောဘ၊ ဒေါသ၊ မောဟများကို အချုပ်အခြာအာဏာပိုင်က ကန့်သတ်ချုပ်ချယ်ကာ ယဉ်ကျေးသော လူ့လောကကို အထက်က ပြဆိုခဲ့ပြိးသော အုပ်ချုပ်ပုံနည်း သုံးနည်းအနက် တစ်နည်းနည်းဖြင့် အုပ်ချုပ်စေခြင်းဖြင့် နိုင်ငံတော် (Polotical State) ဟူရွေ့ ပေါ်ထွက်လာခဲ့ပေသည်။

နိုင်ငံတော်
နိုင်ငံတော်ဆိုသည်မှာ လွတ်လပ်သော အချုပ်အခြာအာဏာ (Sovereignty)ပိုင်ရွေ့ ထိုအာဏာအရ အုပ်ချုပ်သော အစိုးရ (Government) ၏အုပ်ချုပ်ခြင်းကို ခံယူလျှက်ရှိသော ပြည်သူတို့ ရှိကြသည့် တည်ရာ နယ်နိမိတ်ဖြင့် သီးသန့် တည်တံ့စွာ တည်ရှိသော တိုင်းပြည်ကို ခေါ်ပေသည်။

သို့ဖြစ်ရာ နိုင်ငံတော်ဆိုသည့် သဘောတွင် အင်္ဂါအစိတ်အပိုင်းကြီး လေးရပ် ပါဝင်သက်ရောက်နေကြောင်း တွေ့မြင်ရပေမည်။ ၄င်းအင်္ဂါအစိတ်အပိုင်းကြီး ၄ ရပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ဝတ်ပြုဆုတောင်းသူ နှစ်ဦး သာသနာတော် ညှိုးနွမ်းစေမှုဖြင့် တရားစွဲခံရ

မြင့်မောင်၊ ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 22 2009 19:30 - မြန်မာစံတော်ချိန်


နယူးဒေလီ၊ ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တွံတေးမြို့နယ် ဇီးဖြူကုန်းရွာရှိ စေတီတော်ကြီး၌ ယမန်နေ့ ဆုတောင်းပွဲ၌ ဦးဆောင်ခဲ့သဖြင့် ဖမ်းဆီးခံရသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် နှစ်ဦးကို မြို့နယ်တရားရုံးက ယနေ့ တရားစွဲဆိုလိုက်သည်။

ပါတီဝင်လူငယ်နှင့် ရွာသား စုစုပေါင်း ၅ဝ ခန့်ကို ဦးဆောင်၍ အဖတ်တရာ စေတီကြီးတွင် ဆုတောင်းကြသဖြင့် ယမန်နေ့က အဖမ်းခံခဲ့ရသူ တွံတေးမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေ၊ စည်းရုံးရေးအဖွဲ့ဝင် ဦးအောင်စိုးဝေ အား ယနေ့တွင် မြို့နယ်တရားရုံးက သာသနာတော်ညှိုးနွမ်းစေရန် ပြုလုပ်မှုဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။

“တရားသူကြီး ဦးအေးကိုကိုက ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၅ (က) အရ သာသနာရေးနဲ့ ပတ်သက်ပြီးတော့ အမှုဖြစ်တဲ့ အတွက်ကြောင့် အာမခံ မရဘူးဆိုတဲ့အကြောင်း။ ဒီအမှုကို ဒီနေ့ မစစ်ဖြစ်ဘူး။ ရက်ချိန်း ရွှေ့လိုက်တယ်” ဟု အမှုအတွက် အကျိုးဆောင်ပေးနေသူ တွံတေးမြို့မှ အထက်တန်းရှေ့နေ ဒေါ်မြင့်မြင့်ဋ္ဌေးက မဇ္ဈိမကို ပြောသည်။

အကျိုးဆောင် နောက်တဦးဖြစ်သည့် ရှေ့နေ ဦးကျင်တိုးကလည်း “ပြစ်မှုဆိုင်ရာ ဥပဒေ ၂၉၅ နဲ့ စွဲလိုက်တယ်။ အဲဒီပုဒ်မက ရဲ အရေးမပိုင်ဘူး။ ဝရန်းထုတ်နိုင်တယ်။ အာမခံ ပေးခွင့် မရှိဘူး” ဟု ပြောသည်။

တရားစွဲဆိုခံရသူ အန်အယ်ဒီ ပါတီဝင် နှစ်ဦးသည် ယမန်နေ့ နံနက်ပိုင်းက ဇီးဖြူကုန်းရွာ ပါတီဝင် လူငယ်များနှင့် နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရွာသားများ စုစုပေါင်း ၅ဝ ခန့်နှင့်အတူ အဖတ်တရာ စေတီတော်ကြီးတွင် သာသနာ့ အလံနှင့် သပြေပန်းများကို ဂြိုဟ်တိုင်များတွင် စိုက်ထူပြီး ဝတ်ပြုဆုတောင်းခဲ့သည်။

ဆုတောင်းစဉ် တွံတေးမြို့မှ ရဲ ၆ ဦးခန့်က လာရောက်၍ အသံဖမ်းခြင်း၊ မှတ်တမ်းယူခြင်းများ လုပ်ခဲ့သော်လည်း အခြား အနှောင့်အယှက် မပြုဘဲ၊ ပြီးစီးသည့်အခါ တွံတေးရဲတပ်ဖွဲ့ ဒုရဲအုပ် ဝင်းထွဋ်ထွဋ်ဦးက သူတို့နှစ်ဦးကို ခေါ်သွားပြီး တွံတေး ရဲစခန်းတွင် ချုပ်နှောင်ဖမ်းဆီးခဲ့သည်။

ယနေ့ တရားရုံးထုတ်ရာတွင် ကြားနာခြင်း မပြုဘဲ ရုံးချိန်းကို ယခုလ ၂၈ ရက်နေ့သို့ ချိန်းဆိုလိုက်သည်။

ရှေ့နေ ဦးကျင်တိုးက “တကယ်တော့ လူတန်းစားတခုခုက ယုံကြည်ကိုးကွယ်နေတဲ့ သာသနာကို စိတ်နာကြည်းအောင် ပြုလုပ်တာကို သာသနာညှိုးနွမ်းစေတယ်လို့ ခေါ်တယ်။ တကယ်လို့ ကိုင်ဆောင်တဲ့ အလံမှာ မကောင်းတဲ့ မိန်းမပုံ ယောက်ျားပုံလိုမျိုး ပါတယ်ဆိုရင်တော့ ညှိုးနွမ်းစေတာပေါ့လေ” ဟု ပြောသည်။

တွံတေးမြို့နယ် အန်အယ်ဒီလူငယ် တာဝန်ခံ ကိုရဲထွဋ်ခေါင်ကလည်း “ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး လုပ်တာက ကုသိုလ်ကောင်းမှု ပြုပြီး ဘုရားမှာ ဆုတောင်းမေတ္တာ ပို့တာဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တွေက အလှူတခုခု လုပ်တယ်ဆိုရင် အလှူဒါန ပြီးမြောက်အောင် သတ္တဝါတွေ ကျန်းမာပါစေ၊ ချမ်းသာပါစေ ပြုလုပ်သမျှ ပေးဝေတာပဲ။ သာသနာကို ညှိုးနွမ်းအောင် လုပ်ရာ မရောက်ဘူး၊ ကျနော်တို့က အိမ်ဦးခန်းမှာ ကိုးကွယ်ထားတဲ့ ဘုရားကို ရှစ်ခိုးရင် သာသနာကို ညှိုးနွမ်းအောင် လုပ်တာနဲ့ ဆွဲမှာလား” ဟု ပြောသည်။

သံလျင်ခရိုင် သာသနာရေး ဦးစီးဌာနမှ လက်ထောက် ဦးဉာဏ်ဋ္ဌေးက တရားလိုအဖြစ် ဆက်လက် ထွက်ဆိုသွားမည်ဟု သိရသည်။

ယခု စွဲဆိုလိုက်သည့် ပုဒ်မသည် ပြစ်ဒဏ်အဖြစ် ၂ နှစ်နှင့် ငွေဒဏ်ပါ ကျခံရနိုင်သည့် ပုဒ်မဖြစ်သည်။

နေပြည်တော်မှာ အလောင်းတွေ မီးရှို့လို့မရ

NEJ /၂၃ ဧပြီ ၂၀၀၉

နေပြည်တော်ကွင်းကြီး သုသာန်မီးသင်္ဂြိုဟ်စက်ကြီးမှာ မီးအားမနိုင်သည့်အတွက် အလောင်းများ မီးရှို့၍မရ ဖြစ်နေသည်ဟု အသုဘရှင်တဦးက ပြောသည်။

အဆိုပါ မီးသင်္ဂြိုဟ်စက်ကြီးမှာ လျှပ်စစ်ဓာတ်အားသုံးသည့် မီးသင်္ဂြိုဟ်စက်ကြီးဖြစ်သည်။ မီးရှို့ရာ၌ load မနိုင်ဘဲ Fuse မကြာခဏပြတ်နေသည့်အတွက် အလောင်းများမီးရှို့မရသဖြင့် အသုဘရှင်များ စိတ်ညစ်နေကြသည်ဟု စုံစမ်းသိရသည်။

နေပြည်တော်စတင် တည်ဆောက်ချိန်က သုသာန်အတွက် မစဉ်းစားဘဲ တည်ဆောက်ခဲ့ရာ အစောပိုင်းမှာ ၀န်ထမ်းများသေလျှင် မည်သည့်နေရာ သင်္ဂြိုဟ်ရမှန်းမသိဘဲ အဆင်မပြေဖြစ်ခဲ့သည်ဟု နေပြည်တော် ၀န်ထမ်းတဦးက ပြောသည်။

ဇာဂနာထောင်အတွင်း သတိလစ်၊ အသည်းရောင် အသားဝါကြောင့် ကျန်းမာရေးဆိုးဝါး

NEJ /၂၃ ဧပြီ ၂၀၀၉


ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ မောင်သူရခေါ် ဇာဂနာသည် ယခုလ (၁၆) ရက်၊ ည (၈) နာရီတွင် မြစ်ကြီးနား ထောင်ထဲ၌ သတိလစ်သွားပြီး ည (၁၁) နာရီခန့်မှ သတိပြန်လည်လာကာ ယခုအခါ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေကြောင်း ၎င်း၏မိသားစုနှင့် အထူးရင်းနှီးသော ခိုင်မာသည့်သတင်းရပ်ကွက်မှ သိရသည်။

ထိုသို့ သတိလစ်ပြီး (၂) ရက်အကြာတွင် ထောင်တွင်း၌ပင် ပြည်နယ်ဆရာဝန်ကြီးနှင့် ပြသခွင့်ရရှိပြီး အသည်းရောင် အသားဝါ ရောဂါဖြစ်နေသည်ကို သိရှိရကြောင်း ဇာဂနာအား သွားရောက်တွေ့ဆုံခဲ့သည့် ၎င်း၏မိသားစုဝင်တဦး၏ ပြောပြချက်ကို ကိုးကား၍ အဆိုပါသတင်းရပ်ကွက်မှ သိရှိရသည်။

“အခုအခြေအနေကတော့ နေလို့သိပ်မကောင်းဘူး။ ဒီလ (၂၂) ရက်က သူ့မိသားစုဝင်တဦး သွားတွေ့ခွင့်ရ တယ်လေ။ သွားတော့ ကိုဇာဂနာရဲ့ ဗိုက်ကပူနေတယ်တဲ့။ အရင်က အသည်းရောင်အသားဝါဖြစ်တယ်လို့ မကြားရ ပါဘူး။ အခုတော့ အဲလိုဖြစ်နေတယ်။ အခုတော့ သူ့မိသားစုက ဆေးကုခွင့်တင်ထားတယ်။ ခွင့်ပြုမပြုတော့ မသိရသေးဘူး” ဟု ဇာဂနာမိသားစု၏ အတွင်းရေးကိစ္စများ ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောသည်။

ယခုလ (၂) ရက်က မြစ်ကြီးနားထောင်သို့ ဇာဂနာအား မိသားစုဝင်တဦးက ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့ သော်လည်း ထောင်တွေ့ရက်မစေ့သဖြင့် တွေ့ဆုံခွင့်မရခဲ့ပေ။

ထိုသို့ ထောင်တွင်း၌ ဇာဂနာ သတိလစ်သွားခဲ့သည်ကို သက်ဆိုင်ရာ ထောင်အာဏာပိုင်များက မိသားစုထံ တရားဝင် အကြောင်းကြားခြင်းမရှိဘဲ ထောင်နှင့် နီးစပ်သူများထံမှ သိရခြင်းဖြစ်သည်။

မိသားစုဝင်များအား အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဇာဂနာ၏ ကျန်းမာရေးအရေးကြီးသည့်အချိန် ဖြစ်နေသောကြောင့် ထောင်ဝင်စာအပိတ်ခံရမည်ကို စိုးရိမ်ရသဖြင့် မိသားစုဝင်များက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

ဇာဂနာသည် စာပေ၊ အနုပညာရှင်အချို့နှင့်အတူ သပိတ်မှောက်ကံဆောင်နေသည့် သံဃာတော်များအား ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၌ နှစ်ရက်ဆက်တိုက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဇာဂနာအား စစ်အစိုးရ အာဏာပိုင်များက ၂၀၀၇ ခု စက်တင်ဘာ (၂၅) ရက်တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၅၉) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကာ (၃၅) နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။

Wednesday, April 22, 2009

ဘိုကလေးတွင် ဝမ်းရောဂါဖြစ်ပွားမှု အဆမတန်မျာပြားနေ

Tuesday, 21 April 2009 17:28 ဖြိုးကြီး

ဘိုကလေးမြို့ပေါ်တွင် ဝမ်းရောဂါများဖြစ်ပွားနေလျှက်ရှိပြီး အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက် ကုသနေရသူများ အဆမတန် များပြားနေသည်။

ပြီးခဲ့သည့် (၁၃) ရက်နေ့မှစတင်ကာ ယနေ့အထိ ဝမ်းရောဂါကြောင့် ဆေးရုံတတ်ရောက်သူ ၆၀၀ ဝန်းကျင်ရှိခဲ့ကြောင်း ဘိုကလေးမြို့ခံတဦးက ပြောသည်။

“ဝမ်းရောဂါဖြစ်တာက သင်္ကြန်အကြိုနေ့ကတည်းကဆိုရင် ဆေးရုံတက်ရတာရော ဆင်းသွားတာတွေရောဆို ငါးရာခြောက်ရာလောက်ရှိတယ်၊ ဆေးရုံမှာ ကုတင်မဆန့်လို့ စင်္ကြန်လမ်းမှာ နေနေရတယ်၊ အသေအပျောက်ကတော့ ကလေးသုံးယောက်နဲ့ လူကြီး နှစ်ယောက်ပဲရှိတယ်” ဟု ဆေးရုံအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

ဘိုကလေးမြို့ (၄) ရပ်ကွက်၊ (၆) ရပ်ကွက်တွင်ရှိသည့် ကန်တော်ကြီးရေကန်မှ ရေများခမ်းခြောက်သွားသည့်အတွက် ၎င်းရပ်ကွက်ပတ်ဝန်းကျင်ရှိ ပြည်သူများမှာ မသန့်သည့်ရေများကို သောက်သုံးနေရသဖြင့် ယခုကဲ့သို့ ဝမ်းရောဂါဖြစ်ပွားခြင်းဖြစ်ကြောင်း အဆိုပါ မြို့ခံက ဆက်ပြောသည်။

“ကန်တော်ကြီးက ရေခမ်းပြီး နီနေတာ၊ အဲနားဝန်းကျင်က ဒီရေကိုပဲ သောက်သုံးကြရတာ၊ ရေကလဲ မသန့်တော့ အဲလိုဖြစ်တာ၊ နာဂစ်ဖြစ်ပြီးတုန်းက (MSF) အဖွဲ့က လှူထားတဲ့ရေသန့်စက်ကို (မယက)က ဖြုတ်သိမ်းသွားတာ ကြာပြီ၊ အခု ရေကလဲပြတ်လပ်တော့ ဝမ်းရောဂါတွေဖြစ်တာ” ဟု ပြောသည်။

အဆိုပါ ဝမ်းရောဂါဖြစ်ပွားမှုအခြေအနေကို ဘိုကလေးမြို့နယ် ပြည်သူ့ဆေးရုံသို့ မေးမြန်းရာ ဝမ်းရောဂါဖြစ်ပွားနေခြင်းမှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

“ဝမ်းရောဂါတွေနဲ့ တက်တဲ့လူနာတွေ ရှိပါတယ်၊ အခုတော့ နည်းသွားပါပြီ၊ ပထမကတော့ တနေ့ကို တယောက် နှစ်ယောက်လောက်ပဲ ရှိတယ်၊ သာမန်ဖြစ်တာပေါ့၊ (၁၉) ရက်နေ့မှာတော့ များတယ်၊ အတိအကျတော့ ကျမတို့ဆီမှာ စာရင်းမရှိဘူး၊ မြို့နယ်ဆရာဝန်ကြီးဆီမှာပဲ ရှိတယ်” ဟု ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။

မြို့နယ်ကျန်းမာရေးအဖွဲ့၏ ကွင်းဆင်းလေ့လာမှုအရ ယခုဖြစ်ပွားသည့် ဝမ်းရောဂါမှာ ရေကြောင့်ဖြစ်သည့်ရောဂါမဟုတ်ဘဲ ယင်နားသည့် အစားအသောက်များနှင့် ရာသီဥတု ပူပြင်းမှုတို့ကြောင့် ဖြစ်သည်ဟု ကျန်းမာရေဝန်ထမ်းက ပြောသည်။

အာဏာပိုင်များအနေဖြင့် ဝမ်းရောဂါဖြစ်ပွားနေမှုအတွက် တစုံတရာ ကျန်းမာရေးသတိပေးနှိုးဆော်မှုများ ထိထိရောက်ရောက် လုပ်ဆောင်ခြင်းမရှိသေးကြောင်း မြို့ခံတဦးက ပြောသည်။

“ဒီမနက်မှ ကြံ့ခိုင်ရေးတွေ၊ အမျိုးသမီးရေးရာအဖွဲ့တွေက ကျန်းမာရေးအဖွဲ့တွေနဲ့ပေါင်းပြီး လိုက်လုပ်နေတာတော့ တွေ့တယ်၊ ဘာတွေလုပ်နေတယ်ဆိုတာကို တိတိကျကျ မသိရဘူး၊ အရင်ရက်တွေက ဘာမှမလုပ်ဘူး” ဟု သူက ဆက်လက်ပြောဆိုသည်။

မြင်းခြံထောင်တွင် အကျဉ်းကျနေသူများ ကျန်းမာရေးစောင့်ရှောက်မှုမရ

မြင်းခြံအကျဉ်းထောင်၌ ဆရာဝန်ရှိသော်လည်း အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမရှိကြောင်း နိုင်ငံရေးအကျဉ်းသား အမျိုးသမီးတဦးက သူမ၏မိခင်ထံသို့ စာရေးအကြောင်းကြားကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသား မမိုးမိုး၏ မိခင်ဖြစ်သူက “စာထဲထည့်ရေးထားတာ မြင်းခြံထောင်ဆရာဝန် no good တဲ့။ ကျန်းမာရေး စောင့်ရှောက်မှု လုံးဝရှိပုံ မရဘူး။ တခါသွားရင် ပါရာစီတမော အလုံး (၁၀၀)၊ အမိုင်နို အလုံး (၁၀၀)၊ ၀မ်းပိတ်ဆေး၊ ၀မ်းကိုက်ပျောက်ဆေး အကုန်ယူသွားရတယ်။ ထောင်အမှုထမ်းတွေဆီ ဆေးထုပ်အပ်လိုက်ရင် သူတို့က သမီးကို ပို့ပေးတယ်။ အရက်ပြန်၊ ပတ်တီးကအစ မှာတယ်” ဟု ပြောသည်။

ထို့အပြင် မြင်းခြံထောင်အတွင်း မိခင်များအကျဉ်းကျရာတွင် အတူပါသွားသည့် ကလေးသူငယ်များမှာလည်း ထောင်ဝင်စာပို့သူမရှိ၍ စားရေး သောက်ရေးကအစ အခက်အခဲရှိနေကြောင်း သိရသည်။

“အန်တီ့သမီးဆီ ထောင်ဝင်စာပို့ရင် အဲဒီကလေးတွေအတွက်လည်း သယ်သွားရတယ်။ ငါးပိကြော်တွေ၊ သရက်သီးသနပ်တွေရယ်၊ ကလေးတွေဝတ်ဖို့ အ၀တ်အစားတွေကျ ဟိုကဒီက အလှူခံ။ သကြားလုံး၊ မုန့်လုံးတွေ ၀ယ်သွားပေါ့။ ကလေးတွေ ငတ်တော့ အန်တီ့သမီးက မနေနိုင်ဘူး” ဟု မမိုးမိုး၏ မိခင်က ပြောသည်။

မြင်းခြံထောင်၌ မသက်သက်အောင်၊ မမိုးမိုးတို့အပါအ၀င် နိုင်ငံရေးအကျဉ်းသား အမျိုးသမီး (၆) ဦးရှိပြီး လူရွှင်တော် ဇာဂနာ၏တပည့် ကတုံးအပါအ၀င် အမျိုးသားများလည်း ရှိနိုင်သည်ဟု သိရသည်။

မမိုးမိုးသည် ပုဒ်မ ၂၄ (၁) ဖြင့် ၂၀၀၈၊ အောက်တိုဘာ (၁၆) တွင် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရပြီး ထောင်ဝင်စာ (၁၅) မိနစ်သာ တွေ့ခွင့်ရသည်ဟု မမိုးမိုး၏ မိခင်ကပြောသည်။

ထောင်ဝင်စာ တခေါက်တွေ့က (တရားဝင် လက်မှတ်ထိုး၍) ဈေးပါဆယ်ဝယ်ရန် ကျပ်(၅) သောင်း၊ ဟင်းအစိုအခြောက် သီးခြားမှာစား၍ရရန် ရင်းနှီးပြီး ထောင်အမှုထမ်းတဦးအတွက် ကျပ် (၃) သောင်းဖြင့် စုစုပေါင်း ငွေ (၈) သောင်းထားခဲ့ရပြီး ခရီးစရိတ်ကို အိုင်စီအာစီမှ ထောက်ပံ့ကြောင်း သိရသည်။

၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအတွင်း ပါဝင်လှုပ်ရှားမှုဖြင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ မသက်သက်အောင်မှာလည်း မြင်းခြံထောင်တွင် ထောင်ဒဏ် (၆၅) နှစ်ချမှတ်ခံရသည်။

ယခုအခါ မသက်သက်အောင်မှာ ကျန်းမာရေးမကောင်းသဖြင့် အပြင်မှဆေးဝါးများကိုသာ အားထားနေရကြောင်း ၎င်း၏မိခင် ဒေါ်စုစုကြည်က ပြောသည်။

“ဆရာဝန်က ထောင်မှာသေသေချာချာ စစ်ဆေးကုသမှုမပေးဘူး။ လူတယောက်ကို သေချာမစမ်းသပ်တော့ ရမ်းကုလိုဖြစ်နေတာပေါ့။ သက်သက်အောင်က နှလုံးရောဂါရှိပြီး အရင်ကတည်းက နှလုံးအထူးကုဆရာဝန်ကြီး ဦးစန်းလွင်နှင့်ကုနေရတာ။ အခုတော့ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုပဲ ၀ယ်ပို့ပေးနေရတယ်” ဒေါ်စုစုကြည်က ပြောသည်။

အခြား ၈၈ မျိုးဆက်ကျောင်းသားများနှင့်ပတ်သက်၍လည်း “မှန်ကြီး(ကိုလှမျိုးနောင်) လည်း မျက်စိအခြေအနေ မကောင်းဘူးကြားတယ်၊ မောင်ဌေးကြွယ်လည်း ကျန်းမာရေးမကောင်းဘူးကြားတယ်၊ သူတို့တွေအားလုံးဟာ လိုအပ်တဲ့ဆေးကုသမှု မရကြဘူးလို့သိရတယ်” ဟု ၎င်းကပြောသည်။

ဒေါ်စုစုကြည်၏ အစ်မဖြစ်သူ မိတ္ထိလာထောင်ရှိ ဒေါ်စန်းစန်းတင်မှာလည်း ၈၈ မျိုးဆက်ကျောင်းသားများအား အားပေးကူညီမှုဖြင့် ထောင် (၉) နှစ်ချခံရပြီး ကျောက်ကပ်ရောဂါနှင့်နှလုံးရောဂါရှိသဖြင့် ဆေးများပို့ပေးနေရသည်ဟု သိရသည်။

အိုင်စီအာစီက အကျဉ်းကျနေသူများရှိရာ အကျဉ်းထောင်များသို့ သွားရောက်ရန် မိဘဆွေမျိုးများအား ခရီးစရိတ်ထုတ်ပေးနိုင်သော်လည်း စစ်အစိုးရက ထောင်များအတွင်းသို့ ၀င်ရောက်ခွင့်ပိတ်ပင်ထားသဖြင့် အကျဉ်းထောင်တွင်းရှိသူများ၏ ကျန်းမာရေးအတွက် အကူအညီပေးနိုင်ခြင်းမရှိပေ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှထုတ်ပြန်သည့် ၂၀၀၉ ခု၊ မတ်လအတွင်း နိုင်ငံရေးအကျဉ်းသားများ၏ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း (၂,၁၆၄) ဦးရှိပြီး ကျန်းမာရေးအခြေအနေဆိုးဝါးသူများမှာ (၁၁၃) ဦးရှိသည်ဟု ပါရှိသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်မှာ သွေးတိုးရောဂါနှင့် မျက်လုံးကိုက်ခဲ့သည့်ရောဂါ ပြင်းထန်စွာခံစားနေရပြီး ကိုလှမျိုးနောင်မှာလည်း ၎င်းအားဖမ်းဆီးချိန်တွင် ခွဲစိတ်ကုသထားသည့်မျက်စိအတွက် ဆေးဝါးမရှိခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး ယခုအခါ ကျန်ရှိသည့်မျက်စိတဖက်မှာလည်း ဆေးကုသမှုမခံရ၍ မျက်မမြင်ဘ၀သို့ ရောက်မည့်အခြေအနေတွင် ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ သတင်းထုတ်ပြန်ထားသည်။

လွတ်မြောက်ရေး လက်မှတ်ပေါင်း ၃ သိန်းကျော် ရပြီ

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 22 2009 17:17 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆန္ဒပြုလက်မှတ်များ ကောက်ခံနေရာ ယနေ့အချိန်ထိ ၃ သိန်းကျော် ရရှိထားပြီ ဖြစ်သည်။

မြန်မာအတိုက်အခံ အဖွဲ့အစည်းများက ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့မှ စတင်ကာ ရက် ၄ဝ ခန့်အကြာ ကောက်ခံလာရာ ယနေ့အချိန်တွင် အဆိုပါ အရေအတွက် ရရှိထားခြင်း ဖြစ်သည်။

“လက်ဝယ် ရထားတာက ၂၅၃၅၂၄။ ဂျပန်တို့၊ သြစတြေးလျားတို့၊ နယ်စပ်ဒေသတွေမှာ ကောက်နေတာတွေ ရှိတယ်။ ကျနော်တို့ နောက်ဆုံး သိရသလောက် ၆ သောင်း၊ ၇ သောင်းလောက် ရမယ်ထင်တယ်။ လက်ထဲတော့ မရောက်သေးဘူး။ အကုန်လုံးပေါင်းလိုက်ရင် ၃ သိန်းကျော် ရပြီလို့ ပြောလို့ ရပါတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) – AAPP အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က မဇ္ဈိမကို ပြောသည်။

ယခုလှုပ်ရှားမှုကို AAPP နှင့်အတူ Forum for Democracy in Burma – FDB က ကမကထ ပြုခဲ့ပြီး၊ မြန်မာတိုင်းရင်းသား အင်အားစုများ၊ ကျောင်းသားလူငယ်များနှင့် အမျိုးသမီး အဖွဲ့အစည်းများ အပါအဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံရှိ လူထုအခြေပြု အဖွဲ့အစည်းပေါင်း ၂၃ဝ ကျော်က ပူးပေါင်းပါဝင် ကောက်ခံနေခြင်း ဖြစ်သည်။

မေလ ၂၃ ရက်နေ့အထိ ၇၃ ရက်အကြာ ကောက်ခံမည်ဖြစ်ရာ၊ လက်မှတ်ပေါင်း ၈၈၈၈၈၈ ရရှိရန် ရည်ရွယ်ထားသည်။ ဆန္ဒပြုလက်မှတ် ကောက်ခံခြင်းနှင့်အတူ ဓာတ်ပုံနှင့် သရုပ်ပြပွဲ၊ စကားဝိုင်းများ ပြုလုပ်လာခဲ့သည်။

ဓာတ်ပုံပြပွဲတွင် နိုင်ငံရေး အကျဉ်းသားများနှင့် အကျဉ်းထောင်များ၏ ဓာတ်ပုံများ၊ နိုင်ငံရေး အကျဉ်းသားများ၏ နောက်ခံ သမိုင်းကြောင်း၊ ပြစ်ဒဏ်ချမှတ်ခံရသည့် နှစ်အရေအတွက်နှင့် ထောင်တွင်း၌ နေထိုင်ရသည့် ပုံစံများကို ပြသထားသည်။

မည်သည့်တိုင်းပြည်က လက်မှတ်မည်မျှ ရရှိကြောင်း ကြေညာသွားမည်ဖြစ်ကာ၊ ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ အခမ်းအနားတရပ် ကျင်းပ၍ ပေးပို့သွားမည် ဖြစ်သည်။

''မြန်မာ့အရေးကို စိတ်ဝင်စားတယ်၊ မြန်မာ့ဒီမိုကရေစီရေး ဖြစ်ပေါ်တိုးတက်မှုအပေါ် အတော် စိတ်ဝင်စားတယ်လို့ ပြောလို့ ရပါတယ်။ သူတို့ရဲ့ ပူးပေါင်းပါဝင်မှုက တော်တော် ကြီးထွားလာတယ်လို့ ပြောလို့ရပါတယ်။ ပြီးခဲ့သည့် နှစ်ကဆိုရင် ကမ္ဘာ့ခေါင်းဆောင်တွေကနေပြီးတော့ တောင်းဆိုခဲ့တာတွေ ရှိပါတယ်။ ဒီကြားထဲမှာ ကုလသမဂ္ဂ၊ နိုဘယ်လ်ဆုရှင်တွေ၊ အမေရိကန် ကွန်ဂယက်အမတ် အမျိုးသမီးတွေကနေ တောင်းဆိုခဲ့တာတွေလည်း ရှိခဲ့တယ်'' ဟု ဦးတိတ်နိုင်က ဆိုသည်။

သူက ဆက်ပြီး ''နိုင်ငံခေါင်းဆောင်တွေတင်မကဘဲ ကမ္ဘာ့မိသားစု အလွှာအသီးသီးမှာ ဝိုင်းဝန်းတောင်းဆိုတဲ့ ကွန်ယက်ကို ပြချင်သခြင်းဖြစ်တယ်'' ဟု ပြောသည်။

မြို့ပြ၀တ်ဆံ

ဆွဲဆန့်လိုက်တာ
ရှည်သွားပေမယ့်မဖြောင့်ဘူး။


ရှင်သန်နည်းများစွာထဲက
မိမိနှစ်သက်ရာရွေးလို့
လေညင်းနဲ့ နုညံ့မလို့ကြံတုန်း
ဗြုန်းစားကြီး မုန်တိုင်းသည်းထန်တော့
ကော့ပျံမာကြောခဲ့ရပြီ။


ဒါပါပဲ
တစ်ထည်ထဲပွဲမတိုးလို့
အမျိုးမျိုးဆင်ယင်ခြယ်သ
ဒီဇိုင်းလှမလှတော့မသိ
အတွန့်အကြေတော့အများသား။


ရင်နီ

Tuesday, April 21, 2009

နောင်တမရကြစေချင်ပါ

ဧပြီလ(၂၀) ရက်၊ ၂၀၀၉

ဗိုလ်ထက်မင်း

နအဖဟာ ၁၉၉၆-၉၇ ခုနှစ်များမှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းကြီးနဲ့ တပ်မတော် (ကြည်း၊ လေ) (ခြေလျင်၊ တင့်) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းကြီးတွေကို ထိပ်တန်းလျှို့ဝှက်ချက်အဆင့်နဲ့ ဆင်နွှဲခဲ့ပြီးတဲ့နောက် တပ်မ (၂၂/ ၄၄/ ၅၅/ ၇၇/ ၈၈) တပ်မ ငါးခုစလုံးအား နောက်တန်းဌာနချုပ်များသို့ မပြန်ခိုင်းတော့ဘဲ ကရင်ပြည်နယ် စစ်ဆင်ရေးသို့ ထိုးသွင်းကာ တောက်လျှောက် ထိုးစစ်ဆင်ခဲ့ပါတယ်။

အဲဒီနောက် ကြာအင်းဆိပ်ကြီး နယ်မြေတ၀ိုက် စစ်ဆင်ရေး တာဝန်ယူရတဲ့ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးချုပ် မောင်မောင်သိန်းထံ ကေအန်ယူမှ တိုက်ခိုက်ရေး ထူးချွန်တဲ့ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောသမူဟဲက လက်နက်ချလိုကြောင်း ဆက်သွယ်သတင်းပို့လာပါတယ်။ ဗိုလ်သန်းရွှေက ဒီနေရာမှာ ကေအန်ယူကို စိတ်ဓာတ်ရေးရာ ထိခိုက်ကျဆင်းအောင် လုပ်ရမယ်ဆိုကာ စိတ်ဓာတ်စစ်ဆင်ရေး နည်းဗျူဟာ အပါအ၀င် အောက်လမ်းနည်းကိုပါ ရောမွှေစီစဉ်ခိုင်းပါတော့တယ်။

ဗိုလ်သန်းရွှေဟာ သဘောထားတင်းမာတဲ့ ဗိုလ်မောင်အေး အပါအ၀င် ဗိုလ်မြင့်အောင်နဲ့ ဝန်ကြီးများအပြင် အတွင်းရေးမှူး (၁) ဗိုလ်ခင်ညွန့်ကိုပါ စောသမူဟဲအား သွားရောက်တွေ့ဆုံ လက်ခံဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်မောင်အေးနဲ့ ဗိုလ်ခင်ညွန့်တို့ နှစ်ဦးဟာ စစ်သက်တမ်းတလျှောက်မှာ မတွဲစဖူး အတွဲထူးပြီးတော့ စောသမူဟဲရဲ့ လက်နက်ချ အခမ်းအနားကို လုပ်ခဲ့ကြရပါတယ်။

အဲဒီ လက်နက်ချအခမ်းအနားမှာ ကေအန်ယူအလံကို မြေမှာ ဗိုလ်မောင်အေးရဲ့  ဖိနပ်နဲ့ ချနင်းဖို့ အောက်လမ်း အစီအမံ တွေပါ လုပ်ဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီး စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ လုပ်ခိုင်းရာမှာ နာမည်ကြီး စစ်ဗိုလ် သီချင်းရေး ဆရာ ဗိုလ်မှူးမြသန်းစံ (ကကပြည်) အား ငြိမ်းချမ်းရေးပန်းခင်းသီချင်းအား အမြန်ရေးသား စပ်ဆိုခိုင်းကာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ထုတ်လွှင့်ခိုင်းခဲ့ပါတယ်။

ဒီနေရာမှာ စစ်အစိုးရဲ့ ပျင်းရိဖွယ်ကောင်းလှပြီး လက်တွေ့မရှိတဲ့ မူဝါဒတွေ ဦးတည်ချက်တွေကို ပြည်သူတွေ နားဝင်ချိုအောင် ဆွဲဆောင်နိုင်အောင် အနုပညာပီသစွာ စပ်ဆိုပေးနိုင်တဲ့ စစ်သားတပိုင်း၊ အနုပညာရှင်တပိုင်း ပါရမီရှင် ဗိုလ်မှူးမြသန်းစံဟာ တပ်က ထွက်လိုက်ရတာမို့ နှမြောစရာ ကောင်းလှပါတယ်။ တပ်က ထွက်လိုက်ရတဲ့ အကြောင်းရင်းကလည်း သူ့အား အမိန့်အာဏာတွေနဲ့ ဇွတ်တရွတ် လုပ်ခိုင်းနေတာမို့ အနုပညာဟာ အာဏာနဲ့ အမိန့်ပေးပြီး ချက်ချင်းရေးခိုင်းလို့ ရတာမျိုး မဟုတ်ဘဲ ဈာန်ဝင်မှ လုပ်ရတာဖြစ်ကြောင်း တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ သူ့ကို အချိန်ပေးကာ သံစဉ်နဲ့စာသား ချောမွေ့အောင်ထည့်ပြီးမှ လုပ်ပေးနိုင်မယ်လို့ အာဏာရှင်တွေကို ပြန်ပြောခဲ့တဲ့အတွက် အချေအတင်ဖြစ်ခဲ့ရာက ပြန်လည်တုံ့ပြန်ခဲ့ကာ တပ်မှ ထွက်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်အာဏာ ရှင်တွေဟာ သူတို့ လိုချင်ပြီဆိုရင် ပြည်သူကို မဆိုထားနဲ့ မိမိလက်အောက်ခံ အရာရှိတွေကိုတောင် နိုင်ထက် စီးနင်း အမိန့်နဲ့ အာဏာသုံးကာ နှိပ်ကွပ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီတုန်းက လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ လွှတ်လိုက်တဲ့ လယ်ဆည်ဝန်ကြီး ဗိုလ်မြင့်အောင်ကလည်း ကြာအင်းဆိပ်ကြီးမြို့က ရှေ့တန်းနယ်မြေ ကျိုက်ဒုံစခန်းမှာ ဖင်ပူအောင် မနေနိုင်ဘဲ ဒေသဖွံ့ဖြိုးရေးကို ပြီးစလွယ် လုပ်ပေးကာ ပြန်ပြေးသွားခဲ့ပါတယ်။ သူဟာ တပ်မ (၄၄) တပ်မမှူးဘ၀နဲ့ ကရင်ပြည်နယ်ရဲ့  အကျိုးကျေးဇူးကြောင့် ရာထူးတက်သွားခဲ့တာကိုတောင် ဘ၀မေ့သွားကာ ကရင်ဒေသရဲ့ ဖွံ့ဖြိုးရေးကို ဂရုမစိုက်တာကတော့ တရားကျစရာ ကောင်းလှပါတယ်။

နအဖဟာ သမူဟဲလို လက်နက်ချပြီး ၀င်ရောက်လာတာမျိုးကိုလည်း စနစ်တကျ လုံခြုံရေး စီမံမှုနဲ့ ကာကွယ် စောင့်ရှောက်မှု မပေးဘဲ ပစ်ထားတာကြောင့် သူ့ရဲ့မိသားစု ပစ်သတ်ခံရတာမျိုး ဖြစ်ပွားခဲ့တာမို့ တိုင်းရင်းသား တွေအနေနဲ့ အထူးသတိထားသင့်လှပါတယ်။ နအဖအပေါ် အားကိုးတကြီး လက်နက်ချပြီး ၀င်ရောက်လာတဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဟာ လက်နက်မရှိရင် အနိုင်ကျင့်ခံရမယ့်အပြင် လုပ်ကြံပစ်သတ်ခံရတဲ့ ဒီလိုဖြစ်စဉ်မျိုးတွေ မလွဲမသွေ တနေ့ ကြုံတွေ့ရမှာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။

ကေအန်ယူက သစ်တောရေးရာဝန်ကြီး ဖဒိုအောင်ဆန်းကတော့ သစ်ကိစ္စပြဿနာ တက်လာလို့ ဘားအံမှာရှိတဲ့ ထောက်လှမ်းရေး တပ် (၂၅) က တပ်မှူး ဗိုလ်မှူးခင်မောင်ကြည်မှ တဆင့် လက်နက်ချဖို့ ဆက်သွယ်ကာ နအဖထံ ၀င်ရောက်သွားခဲ့ခြင်း ဖြစ်ပါတယ်။ ဖဒိုအောင်ဆန်းဟာ နအဖရဲ့ အရိုးအရင်း ချကျွေးထားတဲ့ ပါမစ်တွေကို လောဘဇောတက်ပြီး ဈေးကစားရာ ပွဲစားပေါင်းစုံ ရှုပ်ထွေးလာပြီး ပွဲစားတချို့က မကျေနပ်ဘဲ တိုင်ကြားလာ တာကြောင့် သူကိုယ်တိုင်လာမှ ပစ္စည်းထုတ်ပေးမယ်လို့ သက်ဆိုင်ရာက ခေါ်ပြောရတဲ့အထိ ရှုပ်ထွေးမှု ဖြစ်ခဲ့ ပါတယ်။ ပွဲစားကုလားတဦးဆိုရင် စရန်ငွေပေးထားလျက်နဲ့ ဖဒိုအောင်ဆန်းဟာ တခြားမှာ ဒီထက်ဈေးကောင်းရလို့ ကတိဖျက်ပြီး ပါမစ် မပေးတော့တာမို့ သွားရောက်တောင်းဆိုခဲ့ရာ ဖဒိုအောင်ဆန်းက သေနတ်ပြပြီး ခြိမ်းခြောက်ခဲ့ ကြောင်း သိရှိရပါတယ်။

ဖဒိုအောင်ဆန်းဟာ အမျိုးသားညီလာခံ တက်နေစဉ်မှာလည်း နိုင်ငံရေးတွင် စိတ်ပါဝင်စားမှု လုံးဝမရှိသူ ဖြစ်ပါ တယ်။ ဒါ့အပြင် သွားချင်ရာသွားကာ ညီလာခံမှ ရုတ်တရက် နေအိမ်သို့ ပြန်သွားသလို၊ တည်းခိုဆောင်ကို ထောက်ပံ့စရိတ်လာပေးတဲ့ လွှတ်တော်ရုံးက မိန်းမပျို နှစ်ဦးအား သူ့အပြော “အားဆေး” ခေါ် တိုင်းရင်းဆေးတွေကို ပါးစပ်ထဲ အတင်းခွံ့ကျွေးလို ကျွေးပြီး ပေါက်တတ်ကရ နေသူဖြစ်ကြောင်း သိရပါတယ်။

နအဖဟာ နိုင်ငံရေးအရ အသုံးချလိုတဲ့အခါမှာတော့ ဖဒိုအောင်ဆန်းကို သတင်းထောက်တွေနဲ့ သတင်းဌာနတွေ ရှေ့မှာ နအဖကောင်းကြောင်း ရှင်းလင်းပြောဆိုခိုင်းတာမို့ လူတတ်ကြီးလုပ်ပြီး နိုင်ငံရေး ပါရဂူသဖွယ် ကင်မရာရှေ့မှာ နအဖအလိုကျ ကားရားကားရား လုပ်ပြပုံကဖြင့် သနားစရာ ကောင်းလှပါတယ်။ တကယ်တော့ ဖဒိုအောင်ဆန်းဟာ နအဖရဲ့  ကြိုးဆွဲရာကို ကနေရရှာတဲ့ မျောက်ကြီးသဖွယ် အသုံးတော် ခံနေရတဲ့ဘ၀ကို ရောက်မှန်းမသိ ရောက်နေသူသာ ဖြစ်ပါတယ်။ နအဖဟာ သမူဟဲနဲ့ ဖဒိုအောင်ဆန်းကို ကြည့်ပြီး တိုင်းရင်းသားတွေ အပေါ်မှာ အထင်သေး နှိမ့်ချဆက်ဆံမှုတွေနဲ့ အကြွင်းမဲ့ လက်နက်ချခိုင်းရေးကိုသာ အားသန်နေပါတယ်။

နအဖဟာ ကေအန်ယူကို အင်အားချည့်နဲ့စေဖို့သာ ကြံရွယ်ပြီး ကေအန်ယူဗဟိုနဲ့ တိုက်ရိုက် မဆွေးနွေးသေးဘဲ တပ်မဟာမှူးတွေကို တိုက်ရိုက် Deal လုပ်ကာ ဖဲ့ထုတ်ခဲ့ပါတယ်။ ကေအန်ယူအင်အားချည့်နဲ့ပြီး ဘေးကျပ်နံကျပ်ဖြစ်အောင် ဖန်တီးပြီးမှ ကေအန်ယူဗဟိုကို အထက်စီးနဲ့ ဆွေးနွေးမယ်လို့ နအဖက ကြံစည်ထားခဲ့ပါတယ်။ ကေအန်ယူတပ်မဟာ မှူးတွေ ဖြစ်ကြတဲ့ ဗိုလ်အော်လီဗါနဲ့ ဗိုလ်ရွှေဆိုင်းတို့က သစ္စာရှိကြလို့ နအဖရဲ့  သွေးခွဲမှုအား ငြင်းဆန်ခဲ့ကြပြီး တပ်မဟာ (၇) မှူး ဗိုလ်ထိန်မောင်ကိုတော့ နအဖ ဗိုလ်မြတ်ထွန်းဦးက ထပ်မံ ဖဲ့ထုတ်စည်းရုံးနိုင်ခဲ့ပါတယ်။ ဗိုလ်ထိန်မောင် နအဖကို အညံ့ခံပူးပေါင်းရာမှာ တပ်မဟာတခုလုံး မပါဘဲ အင်အားအနည်းငယ်သာရှိလို့ နအဖက ဘ၀င်မကျကာ ပစ်ထားရာ လိုက်ပါသွားသူ တချို့တောင် နောင်တရပြီး ပြန်ပြေးခဲ့ကြပါတယ်။ ဗိုလ်ထိန်မောင်လည်း မထူးဇာတ်ခင်းပြီး နအဖ အလိုကျ ကနေရပါတယ်။

တကယ်တော့ နအဖဟာ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ တန်းတူအခွင့်အရေးမျိုး ပေးဖို့ နေနေသာသာ ဘာတခုမှ တင်ပြပိုင်ခွင့် မရှိတဲ့ ညီလာခံအတုအယောင်က တဖက်သတ် ဥပဒေနဲ့အတူ ဗြောင်ကျကျ အနိုင်ကျင့် ယူထားတဲ့ စစ်ဗိုလ်တမတ်သားရယ်၊ ကြံ့ဖွံ့ရယ်၊ စစ်အစိုးရ လက်ဝေခံ ကုန်သည်စီးပွားရေး လုပ်ငန်းရှင်ရယ်၊ ဌာနဆိုင်ရာ အသွင်ပြောင်း စစ်ဗိုလ်လူထွက်ရယ် စတဲ့ ကိုယ်စားလှယ်အတုတွေနဲ့သာ လူထုကိုလိမ်ညာကာ မျက်လှည့်ပွဲကြီးကို ကျင်းပပါတော့မယ်။

ဒါကြောင့် လူနည်းစု ကောင်းစားရေးသာရှိပြီး တတိုင်းပြည်လုံး ကျွန်ဖြစ်တာထက် ဆိုးဝါးအုံးမယ့် နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုင်းရင်းသားတွေအားလုံးမှာ လုံးဝ တာဝန်ရှိပါတယ်။ အာဏာသိမ်းထားတဲ့ ဒီစစ်အာဏာရှင် လက်ထက်မှာတောင် ဒီလောက် နွံနစ်နေရင် ရွေးကောက်ပွဲ ပြီးရင်တော့ ပေးထားတဲ့ မရှိမဲ့ ရှိမဲ့ အခွင့်အရေးလေးကို ပြန်သိမ်းလိုက်မှာ သေချာသလောက်ရှိတယ်ဆိုတာ ယနေ့ အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့တွေ အားလုံးသိထားဖို့ တင်ပြလိုက်ရပါတယ် ခင်ဗျား။

(ခေတ်ပြိုင်မှ)

ဒေသအာဏာပိုင်များက ထားဝယ်လူငယ်များကို ပြည်သူ့စစ်သင်တန်းများ အတင်းတက်ခိုင်းပြီး ရွာသားများထံမှ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေ

Monday, 20 April 2009 16:12 ဉာဏ်မောင်

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ကျေးရွာများမှ လူငယ်များကို ပြည်သူ့စစ်သင်တန်းတက်ရန် ခေါ်ယူနေပြီး သင်တန်းကုန်ကျစရိတ်အတွက် ရွာသားများထံမှ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေလျှက်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၊ လကုန်ပိုင်းလောက်မှစတင်၍ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာမှ တရွာလျှင် ရွာသား ၄ ဦးစီ ခေါ်ယူကာ ထားဝယ်မြို့ပေါ်တွင် သင်တန်းခိုင်းပြီး ၎င်းတို့ကုန်ကျစရိတ်အတွက် တအိမ်ထောင်လျှင် ကျပ် ၁,၅၀၀ နှုန်းကောက်ခံနေကြောင်း ဒေသခံအမျိုးသမီးတဦးက ပြောသည်။

“တရွာကို ၄ ယောက် မတက်မနေရခေါ်တာ၊ သရက်ချောင်းရဲတပ်ဖွဲ့နဲ့ ရွာလူကြီးတွေက ခေါ်တာ၊ သူတို့ အတွက် သင်တန်းစရိတ်ဆိုပြီး ပိုက်ဆံကောက်တယ်၊ မထည့်လို့မရဘူး၊ မရှိလဲ ချေးငှားပြီးထည့်ရတယ်၊ သူတို့ သင်တန်းတက်ခိုင်းတာက ရွာမှာ တခုခုဖြစ်ရင် ကာကွယ်ဖို့ဆိုပြီး ပြောတယ်” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ပြည်သူ့စစ်သင်တန်း တက်ရောက်ခိုင်းသည့် ကျေးရွာများမှာ သဲချောင်းကြီး၊ ဝင်းကဖော်၊ ကျွဲခြံ၊ မယ်ကဲ၊ ဗျက်ဝိသား၊ အလယ်စု၊ ကျောက်အိုင်၊ တောင်ပျောက်နှင့် ရေပူကျေးရွာများဖြစ်ပြီး တရွာလျှင် အိမ်ခြေ ၁၀၀ ကျော်မှ ၃၀၀ ကျော်အထိရှိကြောင်း ၎င်းက ဆက်ပြောသည်။

“အခုလောလောဆယ်တော့ သင်တန်းတက်တာ တသုတ်ပြီးသွားပြီး နောက်ထပ် တက်ဖို့ခေါ်နေတာရှိတယ်၊ သူတို့ကို သင်တန်းပေးတာက သရက်ချောင်းမြို့နယ်အခြေစိုက်တပ် ခမရ (၄၀၅) က စစ်သားတွေရယ်၊ ထားဝယ်မြို့ပေါ်က နယ်မြေခံတပ်က စစ်သားတွေ အလှည့်ကျသင်တန်းပေးတာ” ဟု ဒေသခံက ပြောသည်။

စစ်အစိုးရအာဏာပိုင်များက ၂၀၁၀ ရွေးကောက်ပွဲနီးလာသည့်အချိန်တွင် တိုင်းရင်းသားဒေသများတွင် လူငယ်များကို ပြည်သူ့စစ်သင်တန်းများ အတင်းအကြပ် တက်ခိုင်းခြင်းများ ပြုလုပ်နေလျှက်ရှိပြီး မကြာသေးခင်ကလည်း ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ခမ်းနှင့် မန်တုံမြို့နယ်များမှ ပလောင်လူငယ်များကို ပြည်သူ့စစ်သင်တန်းများ အတင်းတက်ခိုင်းခြင်းများ ရှိခဲ့သည်။

နိုင်ငံရေးသမားများ အရိုက်ခံရပြန်ပြီ

Monday, 20 April 2009 18:51 ဇာနည်ဝင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အထူး ပြန်ကြားရေး တာဝန်ခံ တဦးဖြစ်သူ ဦးသိန်းညွန့်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ သူ၏ နေအိမ်ခြံဝင်း အတွင်း တိုက်ခိုက် ရိုက်နှက်ခံရ သဖြင့် ဒဏ်ရာရရှိသွားသည်။

ရန်ကုန်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ (ဓာတ်ပုံ - အေပီ)

ဦးသိန်းညွန့်၏ မိသားစုဝင်များ ရောက်ရှိလာသဖြင့် မည်သူမည်ဝါမှန်း မသိရသော တိုက်ခိုက်သူက ခြံစည်းကျော်ပြီး ထွက်ပြေးသွားသည်ဟု သိရသည်။

“ခေါင်းက ဖူးယောင်သွားပြီးတော့ ပွန်းပဲ့သွားတယ်။ ခေါင်းကတော့ မူးနေတုန်းပဲ” ဟု မိသားစုဝင် တဦးက ပြောပြသည်။

ဦးသိန်းညွန့်သည် အသက် ၆၅ နှစ် ရှိပြီဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် ၁ မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ရသည့် ပြည်သူ့ ကိုယ်စားလှယ် တဦးလည်း ဖြစ်သည်။

ပြီးခဲ့သည့် အပတ်အတွင်း ရန်ကုန်တိုင်း တွံတေးမြို့နယ်မှ အဖွဲ့ချုပ် လူငယ်တချို့ ရိုက်နှက်ခံရမှု ၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်မှ လာသော သတင်းများက ဆိုသည်။

နိုင်ငံရေးသမားတို့ ရိုက်နှက်ခံရမှုများ မကြာခဏ ဖြစ်ပွားခဲ့သော်လည်း တရားခံကို ရှာဖွေ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည် ဟူသော သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးပေ။

၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်အတွင်း တိုက်ခိုက်ခံရသည့် နိုင်ငံရေးသမား အများစုသည် ၎င်းတို့ကိုယ်တိုင် ဖမ်းဆီးခံခဲ့ရပြီး ကြီးမားသည့် ထောင်ဒဏ်များ အပေးခံခဲ့ရသည်။

ရိုက်နှက်မှု ကျူးလွန်သူများမှာ အာဏာပိုင်တို့ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း၊ စွမ်းအားရှင် အသင်းတို့တွင် အသင်းဝင်များဖြစ်သည်ဟူသော ယူဆချက်များလည်း ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေသည်။ အာဏာပိုင်တို့က ထိုသတင်းများနှင့် ပတ်သက်ပြီး ဖြေရှင်းခြင်း မရှိသေးပေ။

ထိုတိုက်ခိုက်မှုများမှာ ဒေသတချို့တွင်သာ ဖြစ်ပွားနေခြင်း ဖြစ်သောကြောင့် တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် မည်သူမည်ဝါ ရှိနေသည်ကို ခန့်မှန်းရခက်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ နိုင်ငံခြားရေးဌာနမှ ကိုမိုးဇော်ဦးက ပြောသည်။

“အထက်က ခိုင်းတာမျိုး မဟုတ်ဘဲနဲ့ အောက်ခြေက သူတို့ သဘောနဲ့ သူတို့ လုပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
မူဝါဒ တခုလို ချမှတ်ပြီးတော့ တမင်တကာ လုပ်တာမျိုး ဟုတ်ချင်မှလည်း ဟုတ်မယ်” ဟု ကိုမိုးဇော်ဦးက ဆိုသည်။

အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၁၉၉၆ တွင် တကြိမ်၊ ၂၀၀၃ ခုနှစ်တွင် တကြိမ် လူအုပ်စုဖြင့် ၀ိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးသည်။

Monday, April 20, 2009

ယဉ်ကျေးမှုဓလေ့မတူလို့တဲ့လား (လီကွမ်ယုသို့ ချေပချက်)

ဘုန်းသက်ပိုင်

အာရှဟာ ဒီမိုကရေစီနဲ့ပတ်သက်ပြီး သင့်လျော်မှုရှိတယ်၊ အောင်မြင်မှု ရရှိနိုင်တယ် ဆိုတာအပေါ် မှိန်ဖျော့သွားပေမယ့် ကြွင်းကျန်ဆဲ သံသယတွေကတော့ ရှိနေဆဲပါ။ ဒီလို သံသယမျိုးတွေဟာ အဓိကအားဖြင့် အာရှရဲ့အာဏာပိုင်ခေါင်းဆောင်တွေဆီက ထွက်ပေါ်လာကြတာပါ။ အဲဒီအထဲမှာ စကာင်္ပူရဲ့ ခေါင်းဆောင်ကြီး လီကွမ်ယုဟာ အထင်ရှားဆုံးပါပဲ။ အဲဒီခေါင်းဆောင်တွေက ယဉ်ကျးမှုဓလေ့ထုံးတမ်းချင်း မတူတာတွေကြောင့် အနောက်ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အယူအဆတွေဟာ အရှေ့(အာရှ)နဲ့ သင့်လျော်မှုမရှိဘူးလို့ အခိုင်အမာ ကိုင်စွဲထားကြပါတယ်။ အာရှဟာ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ အတွေးအခေါ်နဲ့ သမိုင်းရေးနောက်ခံ ရှိသလား။ ဒီမိုကရေစီဟာ အာရှမှာ ထွန်းကားနိုင်သလား။

ကျွန်တော်လည်း ယဉ်ကျေးမှုဓလေ့ထုံးတမ်းရဲ့ အရေးကြီးမှုကို လက်ခံယုံကြည်ပါတယ်။ ဒါပေမယ့် ဒါတစ်ခုတည်းက လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ ကံကြမာကို အဆုံးအဖြတ်ပေးတယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဒါ့အပြင် လီ(ကွမ်ယု)ရဲ့ အာရှ ဓလေ့ထုံးတမ်းနဲ့ ပတ်သက်တဲ့ အမြင်ကို ထောက်ခံနိုင်ခြင်း မရှိသလို ကိုယ်တိုင်ကျင့်သုံးနိုင်မှာလည်း မဟုတ်ပါဘူး။ သူ(လီ)က အရှေ့လူ့အဖွဲ့အစည်းတွေဟာ အနောက်လို မဟုတ်ဘဲ တစ်သီးပုဂလလူသားတွေဟာ သူ့မိသားစုရဲ့ အစိတ်အပိုင်းတွေအဖြစ် တည်ရှိကြတယ်။ မိသားစုဆိုတာကလည်း လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်လို့ လက်ခံပါတယ်။ ဒါပေမယ့်လည်း ရှောင်လွှဲမရနိုင်တဲ့ စက်မှုထွန်းကားမှုရဲ့ အကျိုးဆက်အနေနဲ့ မိသားစုဗဟိုပြု အရှေ့အာရှ လူ့အဖွဲ့အစည်းတွေဟာ အတဗဟိုပြု တစ်သီးပုဂလ၀ါဒဆီ အလျင်အမြန်ရွေ့လျား နေခဲ့ကြပါတယ်။ လူသားသမိုင်းမှာ ထာဝရတည်တယ်၊ မြဲတယ်ဆိုတာ ဘာမှ မရှိပါဘူး။

လီ အလေးအနက်အခိုင်အမာပြောတာက အရှေ့မှာ လူတစ်ဦးအတွက် မိသားစုက အစွမ်းကုန်ဖြည့်ဆည်း ပေးထားတဲ့ အရာကို အုပ်ချုပ်သူ ဒါမှမဟုတ် အစိုးရက ၀င်ရောက်ဖြည့်ဆည်းပေးဖို့ မကြိုးစားဘူးဆိုတာပါပဲ။ သူက ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်မှုရဲ့ မိသားစု အဓိကထားဓလေ့ထုံးတမ်းဟာ အရှေ့အာရှ စီးပွားရေးအောင်မြင်မှုရဲ့ အဓိကအကြောင်းအဖြစ် ရှုမြင့်ပြီး လူ့အဖွဲ့အစည်းအတွင်းက ပြသနာရပ်တွေ အားလုံးကို ဖြေရှင်းဖို့ ကြိုးစားနေကြတဲ့အတွက် အနောက်တိုင်းအစိုးရတွေကို အပြစ်တင်သွားခဲ့ကြတယ်။ သူက အလွန်အကျွံ ဒီမိုကရေစီနဲ့ အလွန်အကျွံ တစ်သီးပုဂလရပိုင်ခွင့်တွေကြောင့် အနောက်လူ့အဖွဲ့အစည်းတွေ ကျင့်ဝတ်ပိုင်းအရ ပြိုကွဲပျက်စီးနေကြတယ်လို့ သတိတောင် ပေးခဲ့ပါတယ်။ လီရဲ့အဆိုအရ တစ်ဦးပုဂလအရေးကိစ တွေအပေါ် စစ်စီတတ်တဲ့ အစိုးရပုံစံဖြစ်တဲ့ အနောက်နိုင်ငံရေးစနစ်ဟာ မိသားစုအဓိကထားတဲ့ အရှေ့အာရှနဲ့ ကိုက်ညီမှု မရှိပါဘူး။ လီက ခေတ်မီရေးနှင့်အတူပါလာတဲ့ ဘ၀နေဟန် ပြောင်းလဲမှုကို လက်ခံနေစဉ်မှာပဲ westernizationကို သူက ငြင်းပယ်ပါတယ်။ ဒီမိုကရေစီဟာ အာရှမှာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ အကြောက်အကန် ပြောဆိုယူဆနေပါတယ်။

မိသားစုတန်ဖိုး

ဒါပေမယ့် တကယ်ဖြစ်ပျက်နေတာတွေက လုံးဝ ဆန့်ကျင်ဘက်ပါ။ လီ ထင်ခဲ့သလို အာရှအစိုးရတွေဟာ လူတစ်ဦးရဲ့ ပုဂလရေးကိစ တွေမှာ ၀င်စွက်တာမျိုး၊ လူ့အဖွဲ့အစည်းရဲ့ အသေးစိတ်ပြသနာရပ်တွေ အားလုံးကို ၀န်ပိုထမ်းနေခြင်း မရှိဘူးဆိုတာ မမှန်ပါဘူး။ တစ်သီးပုဂလတွေ မိသားစုတွေရဲ့ နေ့စဉ်အမှုကိစတွေမှာ အာရှအစိုးရတွေရဲ့ ၀င်စွက်မှုဟာ အနောက်ထက် အများကြီး ပိုပါတယ်။ ဥပမာ - ကိုရီးယားမှာဆို အိမ်ထောင်စုတိုင်းဟာ ဒေသနရရေးကိစတွေနဲ့ပတ်သက်ပြီး အစိုးရညွှန်ကြားချက်တွေ၊ ဆွေးနွေးမှုတွေကို ရယူဖို့ ရပ်ရေးရွာရေး ဆွေးနွေးပွဲတွေကို လစဉ်တက်ဖို့ လိုအပ်ပါတယ်။ ဂျပန်ရဲ့သြဇာကြီးမားတဲ့အစိုးရဟာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့ စီးပွားရေးလောကထဲကို ၀င်ရောက်စွက်ဖက်တာမျိုးတွေ ရှိပြီး အမေရိကန်နဲ့ အခြားကုန်သွယ်ဖက်တွေရဲ့ ငြိုငြင်မှုကို ခံနေခဲ့ရပါတယ်။ လီ ရဲ့ စကာင်္ပူမှာဆိုရင်လည်း ပီကေ၀ါးတာ၊ တံတွေးထွေးတာ၊ ဆေးလိပ်သောက်တာ၊ အမှိုက်ပစ်တာ စတာတွေလိုမျိုး လူတစ်ဦးရဲ့ ပုဂလဆောင်ရွက်မှုတွေကို အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။ ဒီအချက်တွေဟာ လီရဲ့ အာရှအစိုးရတွေဟာ ၀န်ပိုတွေ လျှော့ထားမှုတွေလို့ အခိုင်အမာပြောဆိုမှု မျက်နှာစာမှာ ၀ဲပျံနေပါတယ်။

လီလိုမျိုး အမြင်တွေဟာ အာရှမှာကော၊ အနောက်တိုင်းသား အချို့အကြားမှာပါ တိမ်းညွှတ်နေပါတယ်။ အဓိက အကြောင်းကတော့ ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း များအကြားမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြိုကွဲပျက်စီးနေမှုကြောင့်ပါပဲ။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံသား မိုက်ကယ်ဖေးရဲ့ လက်သရမ်း ဆောင်ရွက်မှုအတွက် စင်္ကာပူအစိုးရက ပေးတဲ့ကြိမ်ဒဏ်ဟာ ထိုက်တန်တယ်လို့ အမေရိကန်အများအပြားက တွေးထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေက အနောက်ယဉ်ကျေးမှု ဓလေ့တွေရဲ့ ပင်ကိုယ် ချို့ယွင်းချက်တွေကြောင့် မဟုတ်ပါဘူး။ စက်မှုထွန်းကားတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ချို့ယွင်းချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီလို အဖြစ်အပျက်မျိုးဟာ အခုအခါမှာ အာရှရဲ့ စက်မှုထွန်းသစ်တဲ့ လူ့အဖွဲ့အစည်းတွေမှာ ပျံ့နှံ့နေပါပြီ။ လီက သေးငယ်တဲ့ မြို့ပြနိုင်ငံလေးဖြစ်တဲ့ စင်္ကာပူဟာ နိုင်ငံသားတွေကို ထိန်းချုပ်ဖို့ အကြွင်းမဲ့အာဏာပိုင် (police state) (ရဲတပ်ဖွဲ့ကျောထောက်နောက်ခံပြု ထိန်းချုပ်ဆောင်ရွက်တဲ့ နိုင်ငံ) တစ်ခုနီးပါး ပါပဲ လိုအပ်တယ်လို့ ပြောတာနဲ့ အစိုးရတွေဟာ မိသားစုတွေရဲ့ ပုဂလိကအရေးကိစတွေမှာ ၀င်ရောက်စွက်ဖက်မှုကနေ လက်ရှောင်ထားမယ်ဆိုရင် အားလုံးဟာ ကောင်းကျိုးချမ်းသာ ဖြစ်စေတယ်လို့ သူ့ရဲ့ အခိုင်အမာ အလေးအနက် ပြောဆိုမှုတွေဟာ ရှေ့နောက်ကွဲနေပါတယ်။ စက်မှုထွန်းကားလူ့အဖွဲ့အစည်းတွေရဲ့ ဆိုးဝါးမှုတွေကို ကုသဖို့အတွက် တစ်ခုတည်းသောနည်းက police state ရဲ့ တင်းကျပ်တဲ့ ဆောင်ရွက်မှုတွေကို ဖော်ဆောင်ဖို့ မဟုတ်ပါဘူး။ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပညာပေးဆောင်ရွက်မှုကို အလေးပေး ဆောင်ရွက်ရမှာပါ။ စိတ်ယဉ်ကျေးမှုပိုင်းဆိုင်ရာ တန်ဖိုးတွေကို အထူးအလေးပေးရမယ်၊ ယဉ်ကျေးမှု ဓလေံထုံးတမ်းရဲ့ အနုပညာရပ်တွေမှာ နှုန်းစံတန်ဖိုးတွေ မြင့်တက်လာအောင် မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။

အားလုံးရဲ့ကဏ္ဍ

စီးပွားရေးအလျင်အမြန်ပြောင်းလဲမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေအတွက် အနောက်ယဉ်ကျေးမှုကို ပုံချနေမယ့်အစား အာရှလူ့အဖွဲ့အစည်းရဲ့ အစဉ်အလာကောင်းမှုတွေက ပိုမိုသာလွန်ကောင်းမွန်တဲ့ ဒီမိုကရေစီ ဖြစ်ထွန်းအောင် ဘယ်လို ဖြည့်ဆည်းပေးနိုင်သလဲဆိုတာကို ရှာဖွေကြည့်ရှု လေ့လာတာက ပိုပြီး လျော်ကန်မှု ရှိပါတယ်။ အာရှမှာ ဒီမိုကရေစီဟာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတန်ဘိုးတွေကို အလေးထားနေတာနဲ့ တစ်ချိန်တည်းမှာပဲ ကိုယ့်ခြေထောက်ပေး ကိုယ်ရပ်တည်ရေးကို ပိုမိုကြီးထွားလာအောင် အားပေးနိုင်ပါတယ်။ ဒီလို ဒီမိုကရေစီလူ့အဖွဲ့အစည်းမျိုးဟာ ပြည်သူတစ်ရပ်လုံးရဲ့ တစ်ခုတည်းသော စစ်မှန်တဲ့ ဆနသဘောထားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ လူ့အဖွဲ့အစည်းထဲက အစိတ်အပိုင်းအသီးသီးရဲ့ ပြည့်ဝတဲ့ ပူးပေါင်းမှု ၊ ဆောင်ရွက်မှုကို လိုအပ်ပါတယ်။ ဒါမှသာ ဒီမိုကရေစီဟာ သဘာဝကျပြီး တိုင်းပြည်တစ်ပြည်ရဲ့ လားရာအမြင်ကို ထင်ဟပ်နေမှာ ဖြစ်ပါတယ်။

အာရှအာဏာပိုင်တွေက - ထိရောက်တဲ့ အုပ်ချုပ်ရေးစည်းမျဉ်းတွေ - ဆိုတာနဲ့ - ဥပဒေနှင့်အညီ -ဆိုတဲ့ အယူအဆတွေကြား ဆက်စပ်မှုကို နားလည်မှု လွဲနေကြပါတယ်။ အများပြည်သူအကြား အခြေအတင် အကျေ အလည်ဆွေးနွေးပြီးမှ ရရှိလာတဲ့ ပေါ်လစီမျိုးတွေဟာ အာရှရဲ့ ဂုဏ်ယူစရာ ကောင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေကြတဲ့ ပြည်သူတွေအတွက် ခွန်အားဖြစ်လာစေပါလိမ့်မယ်။

ဂလိုဘယ်ဒီမိုကရေစီဆိုတာ - ကျနော်တို့ တစ်ဦးအပေါ် တစ်ဦး ဘယ်လိုပြုမူဆက်ဆံကြတယ် - ဆိုတာနဲ့ -ကျနော်တို့ သဘာဝတရားအပေါ် ဘယ်လိုပြုမူဆက်ဆံကြတယ် - ဆိုတာကြား ဆက်နွယ်နေမှုကို အသိအမှတ် ပြုရပါလိမ့်မယ်။ ပြီးတော့ အဲဒါက အနာဂတ်မျိုးဆက်တွေကို ကောင်းကျိုးဖြစ်ထွန်းစေတဲ့ မူဝါဒတွေကို ရရှိစေပါလိမ့်မယ်။ ဒီနေ့ ကျနော်တို့ဟာ မျိုးစိတ်အားလုံး လုံးဝမျိုးတုံး ပျက်သုဉ်းနေမှု အနရာယ်နဲ့ ရင်ဆိုင်နေရပြီး သဘာဝပတ်ဝန်းကျင်ရဲ့ တင်ကျန်မှုဟာ ခြိမ်းခြောက်ခံနေရပါတယ်။ ဒီမိုကရေစီကို ညီရင်းအစ်ကို ချစ်ကြည်မှုနဲ့ မိုအောက်မြေပြင် တစ်ခွင်လုံး ပျံ့နှံ့ကျယ်ဝန်းစေမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ကမာမှု ပြုကြရပါမယ်။

အာရှမှာ ဒီလို ပျံ့နှံ့အောင် ဆောင်ရွက်မှုတွေကို အဓိကအားဖြင့် အာရှရဲ့ သေးငယ်ပေမယ့် အစွမ်းထက်တဲ့ နိုင်ငံရေးလုပ်ကိုင်ဆောင်ရွက်တဲ့ အုပ်စုတွေက အဓိက မောင်းနှင်နေကြပါတယ်။ ပြီးတော့ ကမာတလွှား ဒီမိုကရေစီထွန်းကားေ၇းအတွက် ဆောင်ရွက်နေကြတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အစိုးရအပိုင်း အုပ်စုတွေကလည်း အားပေးထောက်ခံနကြပါတယ်။ ဒါတွေဟာ အာရှရဲ့ ဒီမိုကရေစီအနာဂတ်အတွက် မျှော်လင့်စရာ သင်္ကေတတွေပါပဲ။ ဒီလိုအင်အားစုတွေဟာ သူတို့ ပြည်သူပြည်သား အရေးကိစ တွေနဲ့ ပတ်သက်ပြီး သူတို့အစိုးရတွေက နားထောင်လာအောင် လုပ်နိုင်စွမ်းရှိကြသူတွေပါ။ သူတို့ကို ထောက်ခံသင့်ကြပါတယ်။

အာရှမှာ ကမာကြီးအတွက် ဖြည့်ဆည်းပေးနိုင်စရာတွေ အများကြီး ရှိပါတယ်။ အာရှဒေသရဲ့ ကြွယ်ဝတဲ့ ဒီမိုကရေစီဆန်တဲ့ အတွေးအခေါ်တွေရဲ့အစဉ်အလာတွေဟာ ဂလိုဘယ်ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုအတွက် အထူးတလည် ဖြည့်ဆည်းပေးနိုင်ပါတယ်။ ကျနော်တို့ရဲ့ ကံကြမာအတွက် မရှိမဖြစ်လိုအပ်တာက ဓလေ့ထုံးတမ်းတွေ မဟုတ်ပါဘူး။ ဒီမိုကရေစီပါ။

(ပါဋိ၊ ပါတ်ဆင့် ရိုက်မရသော နည်းပညာအခက်အခဲကြောင့် ဖြည့်စွက်ဖတ်ရှုပေးပါရန်)

Ref; Is Culture Destiny? The Myth of Asia's Anti-Democratic Values by Kim Dae-June

Saturday, April 18, 2009

ဒေသကွက်ကဲရေးအာဏာပိုင်များ ရိုက်နှက်မှုကြောင့် ရုံးစောင့်တဦးသေဆုံး

Friday, 17 April 2009 16:11 ဖြိုးကြီး
ဘိုကလေးမြို့ပေါ်တွင် ကွက်ကဲရေးရုံးအာဏာပိုင်များ ရိုက်နှက်မှုကြောင့် ရုံးအစာင့်ဝန်ထမ်းတဦး သေဆုံးခဲ့ရပြီး မြို့နယ်တရားရေးဝန်ထမ်းက သာမန်ရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ထွက်ဆိုခိုင်းနေလျှက်ရှိသည်။

ဘိုကလေးမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး အစောင့်ဖြစ်သူ ဦးမိုက်ကယ်အား ယခုလ (၇) ရက်နေ့ ညတွင် ဒေသကွက်ကဲရေးရုံး အာဏာပိုင်များက အဆိုပါရုံးအတွင်းရိုက်နှက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်စဉ် (၈) ရက်နေ့တွင် သေဆုံးခဲ့သည်။

“(၈) ရက်နေ့မနက်မှာ ဘိုကလေးဆေးရုံကို သွားပြတော့ ဆရာဝန်က လက်မခံဘဲ ရန်ကုန်ဆေးရုံကို လွှဲလိုက်တာ၊ လမ်းမှာတင် ဆုံးတာ၊ အဲဒါကို တရားရေးဝန်ထမ်း ဥပဒေအရာရှိ ဦးဝင်းလှိုင်က (၇) ရပ်ကွက်ဥက္ကဌ ဦးသိန်းထွန်းကို ရိုးရိုး ရာသီဥတုပူတဲ့ဒဏ်ကြောင့် သေဆုံးတာဖြစ်တယ်လို့ သက်သေထွက်ဆိုခိုင်းထားတယ်” ဟု သေဆုံးသူနှင့် နီးစပ်သူတဦးက ပြောသည်။

ဦးမိုက်ကယ်သည် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးစောင့်အဖြစ် လုပ်ကိုင်ခဲ့သည်မှာ (၁၅) နှစ်ခန့်ရှိပြီး မသေဆုံးခင်က အလုပ်မှနားခွင့်ပြုရန် မြို့နယ်(မယက)အတွင်းရေးမှူး ဦးမျိုးညွန့်အား ပြောဆိုထားသော်လည်း ဥက္ကဌမရှိသေးသည့်အတွက် စောင့်ဆိုင်းရန်ပြောဆိုသဖြင့် ဆက်လက် တာဝန်ထမ်းဆောင်နေစဉ် ယခုကဲ့သို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။

“ဘိုကလေးမြို့ပေါ်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးကို နာဂစ်ဖြစ်ပြီးတော့ ယာယီကွက်ကဲရေးရုံးလုပ်ထားတာ၊ ရဲ၊ စစ်တပ်နဲ့ (ရယက)တွေက အဲဒီမှာ ၂၄ နာရီ နေတာ၊ အကူအညီပေး ပစ္စည်းတွေကိုလည်း အဲဒီမှာထားတယ်၊ အဲဒီပစ္စည်းတွေ ထုတ်ရောင်းတာတွေ၊ ညဘက်ဆို အာဏာပိုင်တွေ သောက်စားပြီး ညစ်ညမ်းအခွေတွေ ကြည့်တာကအစ သူကသိတယ်” ဟု ၎င်းက ဆက်ပြောသည်။

သေဆုံးသူ ဦးမိုက်ကယ်ကို ယခုလ (၁၀) ရက်နေ့က ဘိုကလေးသုဿန်တွင် မြေမြှုပ်ခဲ့ပြီး တရားဝင် ဆရာဝန်ဆေးစစ်ချက်အရ မည်ကဲ့သို့ သေဆုံးခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ရဲစခန်းမှ အမှုဖွင့်အရေးယူမှုများကို မသိရသေးကြောင်း အဆိုပါမြို့ခံက ဆက်လက်ပြောသည်။

ကုမ္ပဏီပိုင်လယ်များ ရေရရှိရန် ဆည်ဖောက်ချသဖြင့် အနိမ့်ပိုင်းလယ်များနှင့် ကျေးရွာများ ရေနစ်မြုပ်နေ

Tuesday, 07 April 2009 18:05 ဗထူး
ဒဂုံမြို့သစ်မြို့နယ်အတွင်း ကုမ္ပဏီပိုင် လယ်မြေများရေရရှိရန် ဆည်ဖောက်ချလိုက်သဖြင့် အနိမ့်ပိုင်းရှိ ကျေးရွာနှင့် လယ်မြေများ ရေနစ်မြုပ်သွားသဖြင့် သွားရေးလာရေးခက်ခဲပြီး စပါးရိတ်သိမ်းဆဲ လယ်သမားများ ဒုက္ခရောက်နေကြသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ သုံးခွကျေးရွာနှင့် လေးထောင့်ကန်ကျေးရွာများဘက်တွင် ကုမ္ပဏီများက သိမ်းယူထားသည့် အမြင့်ပိုင်းလယ်မြေများကို ရေရောက်ရှိရေးအတွက် ငမိုးရိပ်ဆည်ကို ဖောက်ချလိုက်ခြင်းကြောင့် အနိမ့်ပိုင်း လယ်မြေနှင့် ကျေးရွာများ ပြီးခဲ့သည့် သုံးလေးရက်ခန့်က စတင်နစ်မြုပ်နေခြင်းဖြစ်ကြောင်း ဒေသခံရွာသားတဦးက ပြောသည်။

“သုံးခွရွာရဲ့ အနောက်ဖက်ခြမ်း၊ ညောင်ပင်ရွာဘက်က အခြမ်းတွေ၊ အဲဒီဘက်က အခြမ်းတွေကို ရေမရောက်ရောက်အောင်တင်တော့ အနိမ့်ပိုင်းက ကျေးရွာတွေ ရေမြုပ်နေတာ သုံးခွကျေးရွာ၊ လေးကောင့်ကန်၊ အောင်ပြေသာဘက်တွေ အကုန်လုံး ရေတွေမြုပ်နေတာ၊ အခုသွားရေးလာရေးခက်ပြီး တချို့မသိမ်းရသေးတဲ့ လယ်သမားတွေ ဒုက္ခရောက်ကုန်တယ်” အဆိုပါ ရွာသားတဦးက ပြောသည်။

၎င်းကျေးရွာများးတွင် လယ်မြေများသိမ်းယူထားသည့် ကုမ္ပဏီများမှာ အထူးဇုန် (၁) အကွက်အမှတ် (၁) ဒဂုံဧရာနေရှင်နယ် လီမိတက်၊ အေးရှားဝေါလ်၊ ထူးထရေးဒင်း၊ ယုဇနတို့ဖြစ်ပြီး ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဘုရင့်နောက်လမ်း စံပြစိုက်ပျိုးရေး အထူးဇုန်(၁) ရွှေနဂါးမြင့်ကုမ္ပဏီ၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ပဲခူးမြစ် စံပြစိုက်ပျိုးရေးအထူးဇုန် (၂) တို့ ဖြစ်သည်။

“လယ်တွေက ဧက ၂၀၀ ကျော်လောက်ရှိတယ်၊ တချို့ အိမ်တွေတောင် ရေမြုပ်တော့မယ်၊ ရေစတက်လာတာ တပတ်လောက်ရှိပြီ၊ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကစပြီး အဆမတန် ထပ်တက်လာပြီး မြုပ်ကုန်တာ၊ ရေတွေတတ်လာတော့ ပိုးကောင်မွှားကောင်တွေပါ ရောက်လာတော့ တော်တော်ဒုက္ခ ရောက်နေတယ်၊ အထက်အာဏာပိုင်တွေကို တင်ပြဖို့ကလဲ ကြောက်နေကြတယ်၊ ” ဟု ရွာသားက ဆက်ပြောသည်။

ဒဂုံမြို့နယ်အတွင်းရှိ လယ်များမှာ ရေနက်ကွင်းများဖြစ်သည့်အတွက် စပါးရိတ်သိမ်းချိန် နောက်ကျသည့်အတွက် လယ်သမားအများစုမှာ အကုန်အပြီးစီးအောင် သိမ်းဆည်းနိုင်ခြင်း မရှိသည့်အတွက် ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်ဟု ၎င်းက ဆက်ပြောသည်။

Friday, April 17, 2009

ဇာဂနာနှင့် နေဘုန်းလတ် ထောင်ဝင်စာ ခက်ခဲ

Thursday, 16 April 2009 19:41 ကိုစိုး

စစ်အစိုးရက ထောင်ဒဏ် နှစ်ရှည် ချမှတ်ထားသော နိုင်ငံရေး အကျဉ်းသားများကို ထောင်ဝင်စာ တွေ့ရာတွင် တင်းကျပ်မှုများ ပြုလုပ်သောကြောင့် အခက်အခဲများ ဖြစ်နေကြကြောင်း အကျဉ်းသားမိသားစုဝင်များက ပြော သည်။

ဘားအံမြို့ ထောင်တွင် အကျဉ်းကျခံနေရသော လူငယ် ဘလော့ဂါ ကိုနေဘုန်းလတ်အား လွန်ခဲ့သည့် အပတ် အတွင်းက ထောင်ဝင်စာ သွားရောက်တွေ့ဆုံရာတွင် အာဏာပိုင်များ၏ စစ်ဆေးမေးမြန်း အနှောင့်အယှက်ပေး မှုကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသည်ဟု မိခင်ဖြစ်သူ ဒေါ်အေးအေးသန်းက ပြောသည်။

“၈ ရက်နေ့က သွားတွေ့ပါတယ်၊ ဒီကသွားတော့ အန်တီတို့က အန်အယ်လ်ဒီ အဖွဲ့ဝင် တယောက်အိမ်မှာတည်း တယ်၊ အဲဒါကို ဘာဖြစ်လို့ အန်အယ်လ်ဒီ အိမ်မှာ တည်းသလဲလို့ ထောင်က ရစ်တယ်၊ အမြဲငှားစီးနေကျ ကားကို လည်း စစ်လားမေးလား လုပ်တယ်၊ ကားပေါ်မှာ ဘာတွေပြောလဲ လျှောက်မေးတော့ ကားသမား တွေက လည်း စိုးရိမ်မှာပေါ့၊ အခု အန်တီတို့ ငှားတော့ မအားဘူးဆိုပြီး ငှားမရတော့ဘူး၊ တခြားကား ငှားရတယ်၊ စရိတ်တွေ ပို ကုန်တယ်၊ အချိန်ပိုကြာတယ်၊ အခက်အခဲ ဖြစ်တာပေါ့၊ အန်တီတို့ အတွက်ကတော့ အနှောင့်အယှက်ပဲ” ဟု ဒေါ်အေးအေးသန်းက ဧရာဝတီသို့ ပြောပြသည်။

ရန်ကုန်မှ ဘားအံကို စတင်ရောက်ရှိချိန်ကပင် ရဲအထူးသတင်း တပ်ဖွဲ့(အက်စ်ဘီ)သို့ လာသည့် ကားနံပါတ်၊ ပြန်မည့်ကားနံပါတ်များကိုပြောပြရကြောင်း၊ အက်စ်ဘီ က ဓာတ်ပုံများရိုက်ယူပြီး မည်သည့်နေ့တွင် ရောက်ရှိ သလဲ၊ မည်သည့် နေရာတည်းခိုသလဲ စသည်များကို မေးမြန်းမှတ်တမ်းယူကြောင်း၊ ထောင်ဝင်စာတွေ့ရာတွင် အက်စ်ဘီ အရာရှိများလာမှ ကိုနေဘုန်းလတ်နှင့် တွေ့ခွင့်ရကြောင်းလည်း ၎င်းက ပြောသည်။

ထို့အပြင် ထောင်အာဏာပိုင်များက သတင်းမီဒီယာများနှင့် ပြောဆိုသည်ကိုလည်း ခြိမ်းခြောက် တားမြစ်သည်ဟု ဒေါ်အေးအေးသန်းက ဆိုသည်။

“မီဒီယာတွေနဲ့ ပြောလို့ နောက်ထောင် တခု ပြောင်းလိုက်ရင် ဘယ်နှယ်လုပ်မလဲတဲ့၊ မီဒီယာနဲ့ မပြောပါနဲ့ပေါ့၊ ထောင်က ပြောတယ်”ဟု ၎င်းက ပြောဆိုသည်။

ကိုနေဘုန်းလတ် ခေါ် ကိုနေမျိုးကျော်သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်တွင် အင်းစိန် ထောင်တွင်း အနောက်ပိုင်း ခရိုင် တရားရုံးက ပုဒ်မ ၅၀၅(ခ) အရ ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ အရ ၃ နှစ်နှင့် ၆ လ ၊ အီလက်ထရွန်နစ် ပုဒ်မ အတွက် ၁၅ နှစ် စုစုပေါင်း ထောင်ဒဏ် အနှစ် ၂၀ နှင့် ၆ လ ချမှတ်ခံခဲ့ရပြီး ၂၀၀၉ ခု ဖေဖော်ဝါရီလအတွင်းက ထောင် ၈ နှစ်နှင့် ၆ လ လျှော့ချခံခဲ့ရခြင်းဖြစ်သည်။

အလားတူ ယခုလ ၃ ရက်နေ့ကလည်း မြစ်ကြီးနားထောင်တွင် ရောက်ရှိနေသော လူရွှင်တော် ကိုဇာဂနာကို ထောင်ဝင်စာ သွားရောက်တွေ့ဆုံရာတွင် အာဏာပိုင်များက တွေ့ခွင့်မပေးကြောင်း မိသားစုဝင် တဦးဖြစ်သည့် မငြိမ်းက ပြောသည်။


“မတွေ့ခဲ့ရဘူး၊ ဘာဖြစ်လို့ ပေးမတွေ့လည်း ဆိုတော့ ရက်ပေါင်း ၃၀ မပြည့်လို့တဲ့၊ ကျမက အကျဉ်းသား ဥပဒေ မှာ ၁၅ ရက်တခါ ပေးတွေ့ခွင့် တရားဝင် သတ်မှတ်ထားတာပဲ၊ ဒါပေမယ့် ကျမတို့က ၁၅ ရက်တခါလည်း မတောင်းဆိုပါဘူး၊ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က တခါထောင်ဝင်စာ တွေ့တယ်၊ မတ်လ မှာ ၂ ခါ မ၀င်ပါဘူး၊ သင်္ကြန် လည်း လွတ်အောင်လေ၊ အဲဒါ ကြောင့် ၃ ရက်နေ့မှာသွားတာ၊ ကိုသူရ အမေလည်း ဆုံးထားတော့ ဓာတ်ပုံလေး တွေ ဘာတွေလည်း သွားပြရင်းပေါ့၊ အဲဒါ ထောင်က ၁၀ ရက်နေ့မှ ပေးတွေ့နိုင်မယ်တဲ့၊ လူမှုရေး အရလည်း ပြောတယ်၊ အဲဒါ လုံးဝ တွေ့ခွင့် မပေးဘူး၊ တွေ့ခွင့်မပေးနိုင်ပါဘူးတဲ့၊ ထောင်ပိုင်ကြီး နေရာရောက်တဲ့ ဦးခင်မောင်ဆွေဆိုတဲ့ လူက”ဟု မငြိမ်းက ပြောပြသည်။

သင်္ကြန်တွင်း ခရီးသွားလာရေး ခက်ခဲသည့်အတွက် ယခုကဲ့သို့ ၅ ည အိပ် ၆ ရက်ခရီးကို ကြိုတင်သွားရောက်ခဲ့ သော်လည်း စရိတ်စကများကုန်၍ ကိုဇာဂနာနှင့် တွေ့ခွင့်မရဘဲ ပြန်ခဲ့ရကြောင်းလည်း သူက ဆိုသည်။

“သင်္ကြန် အပြီး ပြန်သွားဖို့လည်း မလွယ်ဘူး၊ ခရီးစရိတ်ချည်းပဲ ၁ သိန်း ခွဲ လောက် ကုန်တယ်၊ ထောင်မှာ သုံးဖို့ ဆေးဖိုးတို့ ဘာတို့ ပေးခဲ့ရတာတွေ မပါဘူး၊ အသွားအပြန် ၅ ည အိပ် ၆ ရက်၊ အခုတခေါက်က မတွေ့ခဲ့ရဘဲ ပြန် ခဲ့ရတာ၊ ဘယ်လိုပဲ ဖြစ်ဖြစ် တပတ် ပဲ၊ အချိန်ကုန်တာက ၊ အိမ်မှာ ကျမအမေကလည်း နေမကောင်းဘူးဆိုတော့ ပြန်လာလိုက်ရတယ်”ဟု မငြိမ်းက ဆက်လက်ပြောဆိုသည်။

ကိုဇာဂနာသည် ၂၀၀၈ ခု နိုဝင်ဘာလ ၂၁ ရက်နေ့က အီလက်ထရွန်နစ် အမှု ၃ မှု အပါအ၀င် ပုဒ်မ ၅၀၅(ခ) ၊ ၃၃(က)၊ ၃၂(ခ)၊ ပုဒ်မ ၃၈ တို့ ဖြင့် ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံခဲ့ရပြီး ၂၇ ရက်နေ့တွင် ထောင်ဒဏ် ၁၄ နှစ် ထပ်မံတိုးချလိုက်၍ စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ချခံခဲရခြင်းဖြစ်သည်။ ထို့နောက် ဒီဇင်ဘာ လဆန်းပိုင်းတွင် အင်းစိန်ထောင်မှ မြစ်ကြီးနားထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား၂၁၀၀ ခန့် ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းအရသိရသည်။

Saturday, April 11, 2009

ထိုင်းမှာ သိန်းစိန် ခွေးပြေးဝက်ပြေး ပြေးရခြင်း

[ra3858237909.jpg]
သိန်းစိန် ကြီးတို့ အာဆီယံလူရှုပ်များကို ထိုင်း လူမျိုးများကလိုက်လံ ရိုက်နက်နေပုံ

ဧပြီလ ၁၁ ရက်နေ့ က ထိုင်းနိင်ငံပတ်တရာ မြို့ မှာ အာဆီယံ ထိပ်သီးအစည်းဝေးပြုလုပ်ပါတယ်။ ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ကို လိုလားသူများက ဆန္ဒပြခဲ့ကြတယ်။ သူတို့အဖွဲ့ကို ယူဒီဒီဟုအမည်ပေးထားတယ်။ လက်ရှိဝန်ကြီးချုပ်အဘီဇစ်အစိုးရ ကို နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြခြင်းဖြစ်တယ်။

ပထမပိုင်းမှာ အစိုးရလုံခြုံရေးအဖွဲ့တွေက ဆန္ဒပြပွဲကို ထိမ်းသိမ်းထား နိင်သော်လည်း နောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့များကို ကျော်ဖြတ်ပြီး အာဆီယံအစည်းဝေး အတွင်းသို့ချဉ်းနင်း ၀င်ရောက်နိင်ခဲ့ကြ သဖြင့် အာဆီယံအစည်းဝေးပျက်သွားပြီးအာဆီယံခေါင်းဆောင်များ ခွေးပြေးဝက်ပြေး ထွက်ပြေးရတဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြင့် အစည်းဝေးပျက်သွားခဲ့ရတယ်။ထိုင်းနိင်ငံဟာ နိင်ငံတကာ အစည်းဝေးကျင်းပနိုင်လောက်တဲ့ လုံခြုံရေး အဆင့်အတန်း မရှိတော့ဘူး ဆိုတာကို ကမ္ဘာကိုပြလိုက်သလိုဖြစ်သွားပါတယ်။

မြွေပူရာကင်းမှောင့်ဆိုသလို မြန်မာဝန်ကြီးချုပ် သိန်းစိန်ဆိုသူကလည်း အစည်းဝေးမှာ ဘာမှ မဆွေးနွေးပဲ ထွက်ပြေးတော့မှ အသံအကျယ်ဆုံးနဲ့ရှေ့ ဆုံးကဖြစ်နေကြောင်း သိရပါတယ်။ ဆန္ဒပြသူ များဝင်ရောက်လာချိန် တွင် ထိတ်လန့်နေသော မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကို ဦးစားပေး ကယ်တင်ခဲ့ရတယ်လို့ သိရှိရပါတယ်။ အဆောက်အဦး ခေါင်းမိုးပေါ်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် နိုင်ငံခေါင်းဆောင် ၁၆ ယောက် နိုင်ငံခြားရေး ၀န်ကြီး ၁၆ ယောက်တို့ကို ဦးစားပေးကယ်တင်ချိန် တွင် မြန်မာဝန်ကြီးချုပ် ကို ဦးစားပေး၍ ထိုင်း က ပထ မ ရဟတ်ယာဉ် ဖြင့် ပင် ထည့်ပေးလိုက်ရကြောင်း၊ မိန်းမသားဖြစ်တဲ့ ဖိလစ်ပိုင် ခေါင်းဆောင် အာရိုယာ ပင် နောက် အစီးဖြင့် လိုက်သွားကြောင်း ကြားသိရပါတယ်။

နောက်ဆုံးရတဲ့သတင်းအရ မြန်မာဝန်ကြီးချုပ် သွေးတက်သွားပြီး၊ ပတ်တရာမြို့ တွင် အာဏာရှင် ဆန့်ကျင်ရေးဒီမိုကရေစီ တပ်ဦး(UDD) အဖွဲ့ဝင်များက အစည်းအဝေးခန်းမ အတွင်းဝင်ရောက် လာသောကြောင့် မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန် နောက်ဖေးပေါက်မှ ခေါင်းမိုးပေါ်သို့ တက်ပြေးပြီး ကြုံရာ ရဟတ်ယာဉ် ဖြင့် အူတာပေါင်း လေတပ်စခန်းသို့ ကယ်ထုတ်သွားရသည်။ ရဟတ်ယာဉ်ပေါ်အတွက် သူ၏မျက်မှန်ပြုတ်ကျရာ ထိုင်းကွန်မန်ဒို က တက်နင်းလိုက် သဖြင့် ကျိုးသွားကြောင်းသိရပါတယ်။ မမြင်မစမ်းဖြစ်နေတဲ့ သိန်းစိန်ကို ထိုင်းစစ်သား တယောက် ပွေ့တင်ပြီး ပြေးရကြောင်း သတင်းရရှိပါတယ်။

အစည်းအဝေးခန်းမ အတွင်းထိုးဖောက်ဝင်ရောက်လာသူများသည် မြန်မာဝန်ကြီးချုပ်ဆီ ဦးတည် သွားကြသည် ဆိုသောကြောင့် ထိပ်တန်းလုံခြုံရေးအရာရှိများခြံရံပြီး သူ့ကို အရင် ရဟတ်ယာဉ်ပေါ် တင်ပေးလိုက်ရသည် ဟု ထိုင်းသတင်းဌာန တစ်ခု ကလွှင့် ထုတ်သွားခဲ့သည်။ လက်ရှိ စစ်ခေါင်းဆောင် များထဲ တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်မှာ အကြောက်တတ်ဆုံးဟု နာမည်ကြီးသည်။ ဒုတိယအကြောက်အကြီးဆုံးမှာ သန်းရွှေဖြစ်ကြောင်းသိရပါသည်။

Source: Freedom News Group & ဂျေရာသော့မ်ဆင်

(ကိုမိုးသီးဘလော့ဂ်မှ ထပ်ဆင့်ကူးယူဖေါ်ပြသည်။)

မုန်တိုင်းသင့် ရုပ်အလောင်းများ သင်္ဂြိုဟ်သူများ ထောင်ဒဏ် ကျခံရ

ဖနိဒါ
သောကြာနေ့၊ ဧပြီလ 10 2009 18:16 - မြန်မာစံတော်ချိန်


ချင်းမိုင်(မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ကူညီသူ ၆ ဦးအား အင်းစိန်ထောင် အထူးတရားရုံးတွင် မတရားအသင်းဖွဲ့မှုဖြင့် ထောင်ဒဏ် ၂ နှစ်မှ ၄ နှစ်အထိ ယနေ့ ချမှတ်လိုက်သည်။

မုန်တိုင်းသင့် ဒေသများတွင် ရုပ်အလောင်းများကို မီးသင်္ဂြိုဟ်ရာ ပါဝင်ကူညီခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါက်တာ နေဝင်း၊ သမီးဖြစ်သူ မဖြိုးဖြိုးအောင် အပါအဝင် ၆ ဦးအား မတရားအသင်းဖွဲ့မှု ပုဒ်မ ၆ နှင့် ၇ အရ ယခုလို ပြစ်ဒဏ်များ ချလိုက်ခြင်း ဖြစ်သည်။

“သူတို့အားလုံး - ကိုအောင်သန့်ဇင်ဦး၊ ဖြိုးဖြိုးအောင်၊ ရှိန်းရာဇာထွန်းရယ်တို့က ၄ နှစ်။ ကိုနေဝင်း၊ အောင်ကျော်ဆန်း၊ ဘုန်းပြည့်ကြွယ်တို့က ၂ နှစ်ပဲ အသင်းအဖွဲ့ ၇ နဲ့။ ထောင်တွင်း အထူးတရားရုံးကနေပေါ့” ဟု ဗဟိုတရားရုံးရှေ့နေ ဦးခင်မောင်မြင့်က မဇ္ဈိမကို ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) မှ အဖွဲ့ဝင်များဖြစ်သည့် မဖြိုးဖြိုးအောင်၊ ကိုရှိန်းရာဇာထွန်း၊ ကိုအောင်သန့်ဇင်ဦး တို့ကိုမူ အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၆ ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် ပုဒ်မ ၇ ဖြင့် ထောင်ဒဏ် ၂ နှစ် ချလိုက်ရာ စုစုပေါင်း ၄ နှစ် ကျခံရခြင်းဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါက်တာ နေဝင်း၊ မြန်မာမန်နေဂျာ ဂျာနယ် ထုတ်ဝေသူ ဦးအောင်ကျော်ဆန်း၊ ကိုဘုန်းပြည့်ကြွယ်တို့အား မတရား အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၇ ဖြင့် ၂ နှစ် ချခြင်းဖြစ်သည်။

သူတို့ အားလုံးကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်နှင့် ဆက်သွယ်သည်၊ ပြည်ပ သတင်းမီဒီယာများနှင့် ဆက်သွယ်သည်ဟု ဆိုကာ ဤ မတရားအသင်း အသင်းအဖွဲ့ ဥပဒေများဖြင့် ချမှတ်ခြင်းဖြစ်ကြောင်း သူတို့၏ ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။

သူက ဆက်ပြီး “သူတို့ကို တကယ်တမ်း ချမယ်ဆိုရင် အနိမ့်ဆုံး ၂ နှစ် ကနေ အမြင့်ဆုံး ၈ နှစ်ထိ ကျခံရနိုင်တယ်။ အသင်းအဖွဲ့ ၆ ဆိုရင် ၄ နှစ် ကနေ ၂ နှစ်ပဲ။ အသင်းအဖွဲ့ ၇ ဆိုလည်း ၃ နှစ်ကနေ ၂ နှစ်ပဲ ချတယ်ဆိုတော့ နည်းနည်းလျော့တယ်လို့ ပြောရမှာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် ဇွန်လလယ်က ဧရာဝတီတိုင်း ဘိုးကလေးမြို့နယ်ရှိ နာဂစ်မုန်တိုင်းအတွင်း သေဆုံးခဲ့ရသည့် ရုပ်အလောင်းများအား မီးသင်္ဂြိုဟ်ကာ ရန်ကုန်မြို့သို့ အပြန်တွင် စရဖ - စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ထို့အပြင် နာဂစ်အရေး သတင်းလိုက်ယူသဖြင့် Ecovision သတင်းထောက် မအိမ့်ခိုင်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသူ Weekly Eleven အယ်ဒီတာဖြစ်သူ အသက် ၃ဝ နှစ်အရွယ် ကိုကျော်ကျော်သန့်သည်လည်း အင်းစိန်ထောင်တွင်း အသက်ရှူကြပ်သည့် ရောဂါ ခံစားနေရသည်မှာ ၂ လကျော် ရှိနေပြီဟု အင်းစိန်ထောင်သို့ ယနေ့ ပါဆယ်သွားပို့သည့် ညီမဖြစ်သူ မဥမ္မာသန့်က မဇ္ဈိမကို ပြောသည်။

“အသက်ရှူကြပ်နေတာပေါ့နော်။ ၂ လကျော်နေပြီလေ။ သူက ဆေးမှူးကို ပြောပြတော့ ဆေးမှူးက နှလုံး အထူးကု ဆရာဝန်လာရင် ပြပေးမယ် ပြောထားတာ အခုထိ မလာသေးဘူး။ ဘယ်အချိန်ရောက်မလဲ ဆိုတာ မသိဘူးတဲ့လေ။ အသက်ရှူကောင်းအောင် ရှူဆေး ပို့ပေးတယ်၊ သွင်းပေးထားတယ်” ဟု သူက ပြောသည်။

ရန်ကုန်ရှိ အစိုးရမဟုတ်သော အဖွဲ့ထံ နာဂစ် ဒုက္ခသည်များက သွားရောက် အကူအညီတောင်းသည်ကို သတင်းလိုက်ယူရင်း ၂ဝဝ၈ ခု ဇွန်လ ၁ဝ ရက်နေ့တွင် ကိုကျော်ကျော်သန့် အဖမ်းခံခဲ့ရသည်။

ညီမဖြစ်သူက “သူ့မွေးနေ့က ဒီလ ၁၅ ရက်နေ့မှာလေ။ ထောင်မှာ အကြိုလုပ်ပေးလိုက်တယ်။ ကိတ်မုန့် ထည့်ပေးလိုက်တယ်။ နှစ်တိုင်းဆို မိသားစု စုံပြီးတော့ သူငယ်ချင်း အများကြီး လုပ်ဖြစ်တယ်။ ဒီနှစ်က မွေးနေ့ရှင်မရှိဘဲ လုပ်ဖြစ်ခဲ့တယ်။ သမီးတို့က အထူးကု ဆရာဝန်နဲ့ ပြစေချင်တယ်။ အဲလို ရောဂါမျိုးက နှလုံးအောင့်တယ် ဆိုတော့ အကြာကြီးထားလို့ မရဘူးလေ” ဟု ပြောသည်။

သူ့အား နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ တို့ဖြင့် ထောင်ဒဏ် ၇ နှစ် ချထားသည်။

“သူက သတင်းရယူရင်း အဖမ်းခံထားရတာ ဖြစ်တယ်။ အခုပေးထားတဲ့ ပုဒ်မနဲ့ တခြားစီပါ။ ဒါကြောင့် အမြန်လွှတ်ပေးစေချင်တယ်။ အရွယ်ကောင်းတဲ့ အချိန်မှာ သူတတ်တဲ့ ပညာနဲ့ တိုင်းပြည်ကို အလုပ်အကျွေး ပြုစေချင်တယ်။ ထောင်ထဲမှာ အကျိုးရှိမယ့် အချိန်တွေကို မကုန်ဆုံးစေချင်ပါဘူး။ အယ်ဒီတာ အလုပ်နဲ့ စာပေဘက်မှာ အကျိုးတွေ အများကြီး လုပ်ရမယ်” ဟု မဥမ္မာသန့်က ပြောဆိုသည်။

Thursday, April 9, 2009

မြစ်ကြီးနားထောင်မှ လူရွှင်တော်ဇာဂနာ ထောင်ဝင်စာငြင်းပယ်ခံရ


NEJ /ဧပြီလ(၇) ရက်၊ ၂၀၀၉

ပြီးခဲ့သည့် ဧပြီလ (၃) ရက်နေ့က မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မောင်သူရ ခေါ် ဇာဂနာအား ထောင်ဝင်စာ သွားတွေ့သည့် ခယ်မဖြစ်သူ မငြိမ်းကို အဆိုပါ အကျဉ်းထောင်က ထောင်ဝင်စာ တွေ့ခွင့်မပေးကြောင်း အကျဉ်းဦးစီးဝန်ထမ်းတဦးက ပြောသည်။

မြစ်ကြီးနားအကျဉ်းထောင်မှ ထောင်ဝန်ထမ်းတဦးက “မငြိမ်းက မြစ်ကြီးနားကို ဧပြီ (၃) ရက်နေ့မှာ ရောက်တယ်။ မြစ်ကြီးနားကို မလာခင် ရန်ကုန်ကတည်းက ကျနော်တို့ ထောင်ပိုင် ဦးလှရွှေကို တွေ့ခွင့်တောင်းပြီးမှ လာတာလို့ သိရတယ်။ အဲဒါ ဒီရောက်တော့ ထောင်ဝင်စာတွေ့ထားတာ တလ မပြည့်သေးလို့ တွေ့ခွင့်မပေးဘူးဆိုပြီး ထောင်က ငြင်းလိုက်တယ်” ဟု ပြောသည်။

၎င်း၏ ပြောပြချက်အရ လူရွှင်တော်ဇာဂနာ၏ ခယ်မ မငြိမ်းသည် ရန်ကုန်က ကိုဇာဂနာ၏ မိခင် စာရေးဆရာမကြီး ဒေါ်ကြည်ဦး ဈာပန အခမ်းအနား ဓာတ်ပုံများကိုလည်း ယူဆောင်လာကြောင်း၊ မိခင်ကြီး ဆုံးပါးသွားသည်မှာ မကြာသေးသည့်အတွက် အားပေးစကားပြောရန် တွေ့ခွင့်ပေးပါဟု အသနားခံခြင်းကိုလည်း ထောင်အာဏာပိုင်များ က ငြင်းပယ်လိုက်ကြောင်း ပြောသည်။ ထိုကြောင့် မငြိမ်းသည် ရန်ကုန်ပြန်ရန် လေယာဉ်လက်မှတ် တင်ထားသော် လည်း နေ့စဉ် လိုက်ပါခွင့်ရသည့် စာရင်းမှ ယနေ့ ဧပြီ (၇) ရက်နေ့အထိ ငြင်းပယ်ခံနေရဆဲဖြစ်ကြောင်း ရှင်းပြသည်။

လက်ရှိ မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်များတွင် မိသားစုဝင်များအနေဖြင့် ထောင်ကျအကျဉ်းသားများကို တလ နှစ်ကြိမ် တွေ့ဆုံခွင့် ရှိသော်လည်း နိုင်ငံရေးအကျဉ်းသားကိုမူ မည်သည့်အကြောင်းပြချက်မှ မပေးဘဲ တလတကြိမ် သာ တွေ့ခွင့်ပြုရန် ပြည်ထဲရေးဝန်ကြီးဌာနက နှုတ်မိန့်ဖြင့် ညွှန်ကြားချက် ထုတ်ပြန်ထားသည့်အပြင် နောက်ဆုံး တွေ့ဆုံခဲ့ချိန်မှ စ၍ တလမပြည့်မချင်း တွေ့ခွင့်မပြုရဆိုသည့် တရားမျှတမှုမရှိသောအမိန့်ကိုလည်း ချမှတ်ထား သည်။

အဆိုပါအမိန့် ထုတ်ရခြင်း ရည်ရွယ်ချက်သည် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအနေဖြင့် လကုန်ခါနီးရက်တွင် ထောင်ကို အရောက်လာပြီး ကုန်တော့မည့်လတွင် တကြိမ်တွေ့၊ နောက်လ ရောက်သွားပြီးနောက် တကြိမ် ထပ်တွေ့ စသဖြင့် တခေါက်လာရုံနှင့် ထောင်ဝင်စာနှစ်ခေါက် မတွေ့နိုင်အောင် တားဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမိန့်ကြောင့် ထောင်ဝင်စာ တွေ့သူတဦးသည် ပြီးခဲ့သည့်လ (၁၅) ရက်က ထောင်ဝင်စာ တွေ့ထားခဲ့ပါက နောက်လတွင်လည်း (၁၅) ရက်နေ့ထက် စောပြီး လာရောက်တွေ့ဆုံခွင့် မပြုခြင်းမျိုး ဖြစ်သည်။

အခြားထောင်ကျ အကျဉ်းသားများမှာမူ တလအတွင်း ကြိုက်သည့်နေ့၊ သတ်မှတ်ထားသည့် ရက်တို့တွင် တွေ့ဆုံခွင့် ရသည်။ နအဖစစ်အစိုးရသည် နိုင်ငံရေးသမားများကို တရားဥပဒေအတိုင်း စစ်ဆေးစီရင်ခြင်းမျိုး မလုပ်ဘဲ တရားသူကြီးများကို အမိန့်ပေး ထောင်ချခိုင်းခြင်းမျိုး လုပ်ခဲ့ပြီး ထောင်ကျသွားသည့်အခါတွင်လည်း သွားလာရခက်ခဲသည့် နယ်ထောင်များဆီသို့ ပြောင်းရွှေ့ခဲ့သည်။

ထို့အပြင် ထောင်ကျအကျဉ်းသား ဖြစ်သွားသည့် နိုင်ငံရေးသမားများကို ထောင်စည်းမျဉ်းစည်းကမ်းများနှင့်အညီ အခွင့်အရေးပေးခြင်းများ မရှိဘဲ သီးသန့် နှုတ်မိန့်များ၊ ညွှန်ကြားချက်များဖြင့် အကျဉ်းသားရော၊ မိသားစုဝင်များပါ ဒုက္ခရောက် အခက်တွေ့အောင် အမျိုးမျိုး ပြုမူဆောင်ရွက်နေကြသည်။

မြစ်ကြီးနားထောင်တွင် ထောင်အာဏာပိုင်များက ယခုကဲ့သို့ အကျဉ်းသားအခွင့်အရေး ချိုးဖောက်နေမှုအပေါ် ကိုဇာဂနာ အပါအဝင် အကျဉ်းသားများက မကျေမနပ် ဖြစ်နေကြပြီး တစုံတခု တုံ့ပြန်ဆောင်ရွက်ရန် စဉ်းစားနေကြ ကြောင်းလည်း သတင်းရရှိသည်။

Tuesday, April 7, 2009

အထီးကျန်ရင်း သေမယ့်ရက်ကို စောင့်ဆိုင်းနေရသည့် မြန်မာပြည်က HIV/ AIDS ဝေဒနာရှင်များ

ဓာတ်ပုံရိုက်ပြီး နှစ်ပတ်အကြာမှာ သေဆုံးသွားခဲ့တဲ့ မြန်မာပြည်က အသက် ၄၉ နှစ်အရွယ် AIDS ဝေဒနာရှင်

-မြတ်စိုး-
၀၄-၀၁-၂၀၀၉


ဒီကနေ့ နယူးယောက်တိုင်းမ်သတင်းစာထဲ မှာ မြန်မာပြည်ရှိ HIV (Human Immunodeficiency Virus) ဆိုတဲ့ လူ့ရဲ့ ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus)ပိုး ရောဂါဝေဒနာခံစားသူတွေရဲ့ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရေးသားဖော်ပြထားပါတယ်။

ဒီဆောင်းပါးထဲမှာ မြန်မာပြည်မှာ AIDS (Acquired Immune Deficiency Syndrome) ခုခံအား ကျဆင်း မှုကူးစက်ရောဂါ နှင့် HIV (Human Immunodeficiency Virus) ဆိုတဲ့လူ့ရဲ့ ကိုယ်ခံစွမ်းအားကျဆင်းစေ တဲ့ (Virus)ပိုး ဝေဒနာတွေကို ကုသပေးနေကြတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ သူနာပြုဆရာမတွေ ဟာ ဒီလိုရောဂါရရှိနေကြတဲ့ လူနာသစ်များ ထပ်မံရောက်ရှိလာမှာ ကို ရင်တထိတ်ထိတ်နဲ့စိုးရိမ်ပူပင်သောက ရောက်နေကြ တယ်လို့ အစချီဖော်ပြထားပါတယ်။

ဒီလိုစိုးရိမ်ပူပန်နေမှုရဲ့ အခြေခံအကြောင်းအရာ ကတော့ ဒီရောဂါကိုစွဲကပ်နေသူတွေကို ကုသပေးနိုင်တဲ့ ဆေးဝါးတွေဟာ လက်ရှိကုသပေးနေတဲ့ သူတွေအတွက်တောင် လုံလောက်မှုမရှိကြဘူးလို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ Médecins Sans Frontières အကြီးအကဲ မန်နေဂျာ Joe Belliveau က ထုတ်ဖော် ပြောဆိုခဲ့တယ်။ ယခုအခါ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ တစ်ခုဖြစ်တဲ့ နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ (Doctors Without Borders) ဟာ မြန်မာပြည်မှာ ဆေးခန်း ၂၃ ခန်းဖွင့်လှစ်ကာ ဆေးဝါးကုသပေးနေ ပါတယ်။ နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ (Doctors Without Borders) ရဲ့ အဆိုအရ HIV (Human Immunodeficiency Virus) ဆိုတဲ့ ကိုယ်ခံစွမ်းအား ကျဆင်းစေတဲ့ (Virus)ပိုး စွဲကပ်နေသူတွေဟာ ဆေးဝါးဖူလုံမှုမရှိတော့ တာကြောင့် AIDS (Acquired Immune Deficiency Syndrome) ခုခံအား ကျဆင်း မှုကူးစက်ရောဂါဝေဒနာ ကူးစက်ခံစားနေရပြီး သေဆုံးကြရတော့မယ်လို့ ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

Médecins Sans Frontières လို့ခေါ်တဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ရဲ့ ခန့်မှန်းတွက်ဆချက်အရ မြန်မာပြည်မှာ HIV (Human Immunodeficiency Virus) ဆိုတဲ့ ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus)ပိုးစွဲကပ်နေသူ ၂၄၀,၀၀၀ ရှိပြီး၊ ၇၆,၀၀၀ ဟာ ဒီရောဂါကို ကုသနိုင်တဲ့ဆေးဝါး အရေးပေါ် အလျင်အမြန် လိုအပ်နေကြောင်း၊ ဆေးဝါးဖူလုံမှုမရှိခြင်းကြောင့် နှစ်စဉ် ဝေဒနာခံစားနေသူ ၂၅,၀၀၀ သေဆုံးလျှက်ရှိကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

Médecins Sans Frontières အဖွဲ့ဟာ ဝေဒနာခံစားနေရသူ ၁၁,၀၀၀ ကို အသက်ဆက်လက်ရှင်သန်ဖို့ ဆေးဝါးကုသပေးနေကြောင်း၊ ဝေဒနာရှင်များ ဆက်လက်အသက်ရှင်သန်ဖို့အတွက် ART လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအား ကျဆင်းစေမှုကို တိုက်ဖျက်တဲ့ဆေးဝါးများ အလျင်အမြန်လိုအပ်နေကြောင်း ထုတ်ဖော်ပြောဆို ခဲ့တယ်။

ဒီလိုဆေးဝါးအရေးပေါ်လိုအပ်နေမှုကို ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကိုယ်ခံစွမ်းအား ကျဆင်းမှု တိုက်ဖျက်ရေး ဌာနကလည်း မြန်မာစစ်အစိုးရ ကို အသိပေး အကြောင်းကြားထားကြောင်း၊ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ လက်ရှိ ရောဂါဝေဒနာခံစားနေရတဲ့ ၂၀ ရာခိုင်နှုန်းသော လူနာများအတွက်သာ ဆေးဝါးဖူလုံမှုရှိတယ်လို့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံထဲမှာ ထည့်သွင်းရေးသားထားပါတယ်။ ဒီ ၂၀ ရာခိုင်နှုန်းသော လူနာတွေ အတွက် ART လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအား ကျဆင်းစေမှုကို တိုက်ဖျက်တဲ့ဆေးဝါးများ ကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေနှင့် မြန်မာနိုင်ငံကျန်းမာရေးဌာနက ထောက်ပံ့ကူညီပေးနေကြောင်း ဖော်ပြထား ပါတယ်။

ဒီလိုဆေးဝါးဖူလုံမှုမရှိတဲ့အပြင် လူနာ ၃၀၀၀ ကျော် ထပ်မံ ရောက်ရှိလာတာကြောင့်၊ လက်ရှိ မဖြစ်မနေ ဆေးဝါးလိုအပ်နေသူများ အတွက် အထူးစိုးရိမ်နေကြပြီး၊ HIV (Human Immunodeficiency Virus) ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus)ပိုးစွဲကပ်နေသူတွေဟာ ကူးစက်ရောဂါ တွေ (opportunistic infections) တွေ ၀င်လာပြီး၊ စိတ်ဝေဒနာပြင်းထန်စွာခံစားကာ သေဆုံးမဲ့နေ့ကို အကူအညီမဲ့ အထီးကျန်စွာ စောင့်ဆိုင်းနေကြရတယ်လို့ ဒီကနေ့ နယူးယောက်တိုင်းမ် မှာ SETH MYDANS ဆိုသူကရေးသားဖော်ပြ ထားပါတယ်။

ဆင်းရဲမွဲတေနေတဲ့ မြန်မာပြည်မှာ HIV (Human Immunodeficiency Virus) ကိုယ်ခံစွမ်းအားကျဆင်းစေ တဲ့ (Virus)ပိုး စွဲကပ်နေသူတွေဟာ ဆင်းရဲတာကြောင့် အင်မတန်မှ ဈေးကြီးတဲ့ ART လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအား ကျဆင်းစေမှုကို တိုက်ဖျက်တဲ့ ဆေးဝါးများ ကို ၀ယ်ယူဖို့ မတက်နိုင်တဲ့ အပြင်၊
မြန်မာ စစ်အစိုးရဟာ ကျန်းမာရေးထက် စစ်လက်နက်ဝယ်ယူရေးတွေမှာ ငွေကြေး ပိုမိုသုံးစွဲနေကြောင်း နိုင်ငံတကာ အစီရင်ခံစာ တစ်ခုထဲမှာ ဖော်ပြထားတာ ကြောင့် HIV (Human Immunodeficiency Virus) ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus) ပိုးစွဲကပ်နေသူ ဝေဒနာရှင် များဟာ သေမဲ့ရက်ကိုစောင့်စားနေယုံမှ တပါး အခြားနည်းလမ်းမရှိကြတော့ဘူးလို့ ရေးသားဖော်ပြထားပါတယ်။

မြန်မာပြည်က HIV-AIDS ဝေဒနာရှင်များ ဆက်လက်အသက်ရှင်သန်ဖို့ ဆေးဝါးအလျင်အမြန်ရရှိနိုင်ကြပါစေ။


(ကိုမိုးသီးဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။)
(မြန်မာပြည်တွင် HIV-AIDS ဝေဒနာရှင်များကို စောင့်ရှောက်ကူညီနေသည့် မဖြူဖြူသင်းလို စေတနာရှင်မျိုး မြောက်များစွာ ပေါ်ထွန်းလာပါစေ။)

Monday, April 6, 2009

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသာလျှင် ရရှိနိုင်သော အခွင့်ဆုလာဘ်တစ်ခု

နအဖက ငါ့မှာ တပ်ရှိတယ်၊ သေနတ်ရှိတယ်ဆိုပြီး နိုင်ငံရေးကို ကြီးနိုင်ငယ်ညှင်း နိုင်ရာစား တောတွင်းဥပဒေဖြင့် အနိုင်ကျင့်၊ ဗိုလ်ကျ ကျင့်သုံးခဲ့သည်မှာ ယဉ်ကျေးသော ကမ္ဘာ့အဖွဲ့အစည်းတွင် သူ၏ နံမည်ဆိုးကို သူကိုယ်တိုင် မော်ကွန်းထိုးလျက် ရှိနေသလို၊ ပြည်သူများမှာလည်း ငခါးဒဏ် င၀က်ခံ နေရသည့် အခြေအနေမျိုး ဖြစ်နေပေသည်။

လောက၌ ကျနော်ယုံကြည်သော အမှန်တရားမှာ ဘယ်အရာမဆို ဖြစ်ပျက်သဘော၌သာလျှင် ချုပ်ငြိမ်းကုန်ပါသည်။ ဖြစ်ပြီးရင် ပျက်မည်၊ ပျက်ပြီးရင် ဖြစ်မည်သာဖြစ်သည်။ မည်သည့်အရာမှ မတည်မြဲပါချေ။ လူတိုင်း အာဏာတည်မြဲအောင် လုပ်ခဲ့ကြသည်။ မဖြစ်ခဲ့ပါ။ ဦးနေ၀င်း၊ ဦးစောမောင်၊ ဦးခင်ညွန့်တို့ကို ဥပမာကြည့်ပါ။ လူတိုင်း မသေချင်၍ အသက်ရှင်အောင် လုပ်ခဲ့ကြသည်။ မဖြစ်ခဲ့ကြပါ။

ဤသို့ဆိုလျှင် ဦးသန်းရွှေ တစ်သက်လုံး အာဏာမြဲမည်မှာ လုံးဝမဖြစ်နိုင်သကဲ့သို့ ဦးသန်းရွှေ မသေတော့ဘူး ဆိုတာလည်း မဖြစ်နိုင်ပါချေ။ ထိုသို့မဟုတ်ပဲ မျက်စိစုံမှိတ်၍ တစ်သက်လုံးအာဏာမြဲမည်၊ ကမ္ဘာဆုံးတိုင် အသက်ရှည်မည်ဟု ဇွတ်ကြိတ်မှိတ်ယုံကြည်မည်ဆိုပါက ထိုသူသည် တရားမရှိသော သူရူးတစ်ယောက်ပင် ဖြစ်ချေလိမ့်မည်။

လူတွေသည် ရှင်ဖို့သာလျှင် ရုန်းကန်လှုပ်ရှားကြ၍ သေဖို့ရန် ပြင်ဆင်ထားမှု အားနည်းတတ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် လောက၌ တရားမရှိသူ၊ တရားမသိသူတွေ များပြားနေခြင်းဖြစ်သည်။
ဤသည်တွင် အသက်အရွယ် အလတ်ကြီး ရှိသေးသော တောင်အာဖရိက သမ္မတ ဒီကလပ်ကို လေးစားမိပါသည်။ အသားအရောင်ခွဲခြားမှုပြင်းထန်၍ ကမ္ဘာက စီးပွားရေး ပိတ်ဆို့မှုပေါင်းစုံ ပြုလုပ်ထားသော တောင်အာဖရိကနိုင်ငံတွင် လူမည်းအခွင့်အရေးများနှင့် ဒီမိုကရေစီကို လမ်းဖွင့်ပေးခြင်းဖြင့် နိုင်ငံတကာက အသိအမှတ်ပြု အလေးထားပြီး ငြိမ်းချမ်းရေးနိုဗယ်ဆုပါ ချီးမြှင့်ခံခဲ့ရသည်။ အကျိုးဆက်အားဖြင့်လည်း တောင်အာဖရိကနိုင်ငံရှိ ပြည်သူများလည်း စီးပွားရေးကောင်းမွန်၍ နိုင်ငံရေးတည်ငြိမ်မှုလည်း ရရှိခဲ့သည့်အပြင် လူ့အခွင့်အရေးများလည်း ပြည့်ဝစွာ ခံစားလျက် ရှိနေပေသည်။

ဤသို့ဆိုပါလျှင် အသက်အရွယ်ကြီးရင့်လာပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေရော ကမ္ဘာတွင် လူတကာလက်ညှိုးဝိုင်းထိုးနေသော အဖြစ်မှ သိက္ခာရှိသော လူကြီးလူကောင်းအဖြစ် ကမ္ဗည်းမထိုးနိုင်ဘူးလား။
ဦးသန်းရွှေအတွက် လုပ်ပိုင်ခွင့်အပြည့်အ၀ရှိသည့်အချိန်တွင် လုပ်နိုင်မည့်ကိုယ်ပိုင် အခွင့်ထူးဆုလာဘ်တစ်ခုဟု ကျနော် ယုံကြည်မိပါသည်။

စစ်ခေါင်းဆောင်ကြီး ဦးသန်းရွှေအနေဖြင့် ပထမဦးဆုံး သူ၏ သဘောထားကြီးကျယ်မြင့်မြတ်မှုကို ပြသရပါမည်။ ဤသည်မှာ တစ်မျိုးသားလုံး၏ လူထုခေါင်းဆောင်ဟု ခေါ်ဆိုနိုင်သော ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ အနုပညာကိုယ်စားပြု ကိုဇာဂနာ အစရှိသည့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား အားလုံးအား လွတ်လပ်ခွင့်ပေးခြင်းဖြင့် အစပြုခြင်းဖြင့် စတင်သင့်ပါသည်။
ဤသည်ကို ကမ္ဘာတစ်ဝှမ်းလုံးကလည်း သောင်းသောင်းဖျဖျ ကြိုဆိုကြပါမည်။

၎င်းနောက်တွင်မှ ထိုသူများနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းမှ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကို စတင်မည်ဆိုလျှင် သင်ပုန်းချေရုံသာမက သဘောထားကြီးခြင်း၊ လူကြီးလူကောင်းဆန်ခြင်း၊ တိုင်းပြည်အား ဒုက္ခနွံအတွင်းမှ အချိန်မီ ပြန်လည် ဆယ်ယူပေးခြင်း၊ မြန်မာ့ဒီမိုကရေစီ၏ ဖခင်၊ တိုင်းပြည်အတွက် အနစ်နာခံပေးဆပ်သူ၊ ......................... စသည့် ဂုဏ်ဒြပ်များစွာနှင့် ပြည့်စုံသည့် အခြေအနေတစ်ရပ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ပေမည်။
ဗိုလ်ချုပ်မြင့်အောင်၊ ဗိုလ်ချုပ်စိုးဝင်းတို့လို အာရှကျွန်းနိုင်ငံငယ်လေး၏ အကောင်းဆုံးကုသမှုလေးသာ ရရှိခဲ့ရသည့် အဖြစ်များကိုလည်း ကျော်လွှားဖြေရှင်းပြီး ဖြစ်ချေလိမ့်မည်။

လူဆိုသည်မှာ ရဟန္တာများ မဟုတ်၍ အတ္တမကင်းနိုင်ပါချေ။ အတ္တအနည်းဆုံး ပြုမှုဆောင်ရွက်ခြင်းသည်ပင် သာမန်လူသားတစ်ဦး မပြုလုပ်နိုင်သည့်အရာကို ပြုလုပ်နိုင်ခဲ့သည့် ပါရမီကြီးသည့်ပုဂ္ဂိုလ်များသာလျှင် ဖြစ်ချေသည်ဟု ယုံကြည်မိပါသည်။

မောင်ပွကြီး
၇၊ ၄၊ ၂၀၀၉

Sunday, April 5, 2009

ဒဏ်ရာတွေနဲ့ ကမ္ဘာကြီးကို အေးချမ်းသွားစေချင်တယ်

Friday, 03 April 2009 18:55 ဧရာဝတီ

အဆိုတော် လေးဖြူသည် ဂီတလောကသို့ ၁၉၉၄ ခုနှစ်မှစ၍ “ကန္တာရလမင်း” စီးရီးဖြင့် စတင် ဝင်ရောက်ခဲ့ပြီး ၎င်းစီးရီးမှ စတင်၍ Iron Cross တေးဂီတဝိုင်း၏ ပင်တိုင် အဆိုတော် အဖြစ် ပြည်တွင်း ပြည်ပ စင်တင်ပွဲ များစွာတွင် သီဆိုဖျော်ဖြေခဲ့သည်။ တကိုယ်တော်စီးရီး ၁၃ ခွေထွက်ခဲ့ပြီး မျိုးကြီး၊ အငဲတို့နှင့်အတူ “ရာစုသစ်” “LMN” စီးရီးများ ထွက်ခဲ့သည်။ လေးဖြူသည် IC ၁၅ နှစ်ပြည့် အထိမ်းအမှတ် စင်တင်ပွဲတွင် ပါဝင်သီဆိုခဲ့ပြီး နောက်ပိုင်း ၄ နှစ်ကျော်ခန့် စတိတ်ရှိုးများတွင် လုံးဝသီဆိုခြင်း မပြုတော့ဘဲ ယခု ၂၀၀၉ နှစ်ဆန်းတွင်မှ ပြန်လည် သီဆို ခြင်းဖြစ်သည်။ ၂၀၀၈ နှစ်ကုန်ပိုင်းတွင် ၎င်း၏ ကိုယ်ပိုင်သံစဉ် “ဘင်္ဂလားပင်လယ်အော်” စီးရီးထွက်ခဲ့သည်။ မတ်လ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် IC အဖွဲ့သားများ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်၊ ကြိုးကြာတို့နှင့်အတူ စင်တင်ပွဲ ဖျော်ဖြေတင်ဆက်ရန် ရောက်ရှိနေစဉ် ဧရာဝတီ မဂ္ဂဇင်းက အဆိုတော် လေးဖြူနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဘန်ကောက်မြို့ IC ရှိုးတွင် သူ့အလှည့်ရောက်ရန် စောင့်နေသည့် လေးဖြူ (ဓာတ်ပုံ - ဧရာဝတီ)

မေး။ ။ ကိုလေးဖြူ နောက်ဆုံးထွက်ခဲ့တဲ့ ကိုယ်ပိုင်သံစဉ် စီးရီး ဘင်္ဂလားပင်လယ်အော် (BOB) ကို ကိုလေးဖြူရဲ့ ရော့ခ်ပရိသတ်တွေက ပျော့တယ်ပြောကြတယ်။ ဘာကြောင့် ဒီလို သီချင်းအပျော့လေးတွေကို ရွေးလုပ်တာပါလဲ။

ဖြေ။ ။ တကယ်တမ်းကျတော့ ကျနော်သီချင်းဆိုလာတဲ့ ဒီ ၁၅ နှစ်တာသက်တမ်းမှာ တနိုင်ငံလုံးက ကျနော့်ပရိသတ် တွေနဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးကို ကြည့်မိတယ်။ ကျနော့်ပရိသတ်တွေက IC အဖွဲ့ကို အများကြီး ထောက်ပံ့ခဲ့တယ်။ ကျနော်တို့ကို သူတို့က အားပေးလာတယ်။ ဒီနောက်ပိုင်းမှာ ကျနော်တို့ လိုက်ဖ်စတိုင်တွေပြောင်းလဲ .. ဘဝ အသက်ရှင်တဲ့ ပုံစံတွေ ပြောင်းလဲခဲ့တယ်။ အရင်တုန်းက မရဘူးတဲ့ အတွေးအမြင်တွေလည်း ရခဲ့တယ်။ ပိုပြီး ကျယ်ပြန့်တဲ့ အသိအမြင်တွေလည်းရခဲ့တယ် .. ။ ကျနော်တို့ကို သူတို့က အားပေးကြတာကိုး။ ကျနော်တို့ ထွက်လာတဲ့ စီးရီးတွေပေါ်မှာ သူတို့ရဲ့ တုန့်ပြန်မှုတွေကို မြင်ရတယ်။

ဒီအချိန်မှာ ကျနော်တို့ အစစ အရာရာ ခက်ခဲတယ်လေ။ ဒဏ်ရာတွေနဲ့ ကမ္ဘာကြီးပေါ့ .. အရှေ့ကော အနောက်ကော တကမ္ဘာလုံးကို ပြောတာပါ။ တောမီးလောင်တဲ့သူရှိတယ်၊ ရေကြီးတဲ့သူရှိတယ်၊ တံတားကျိုးတဲ့သူရှိတယ်။ ငတ်မွတ်ခေါင်းပါးတဲ့၊ အစာရေစာ ပြတ်လပ်တဲ့သူတွေရှိတယ်။ ကုမရတဲ့ ရောဂါတွေ ဖြစ်နေတယ်။ ဒီကမ္ဘာကြီးက ဒုက္ခရောက် နေတယ်ပေါ့ဗျာ။ ဒီအချိန်မှာ ကျနော်ထွက်မယ့် အခွေထဲမှာပါတဲ့ သီချင်းလေးတွေက သူတို့ကို တထောင့် တနေရာကနေ အေးချမ်းသွားစေချင်တယ်။ ဒါကြောင့် သီချင်းအမျိုးအစားတွေကို သေချာရွေးချယ် ခဲ့တာပါ။

ဒါကို အမျိုးအစား ခွဲခြားပြီး ပျော့တယ်လို့ ပြောကြ၊ သုံးသပ်ကြတာတွေနဲ့ ပတ်သက်လို့တော့ နည်းနည်း ပြောချင်တယ်။ ကျနော့် ရည်ရွယ်ချက်ကိုတော့ ခုနက ပြောပြီးပြီ။ ကျနော်တို့ ခု နောက်ပိုင်း Recording System တွေ ကျနော်တို့သုံးတဲ့ ကြားခံ ပစ္စည်း Equipment တွေက မြန်မာပြည်မှာ ထိပ်ဆုံးဆိုတဲ့ ထဲမှာ ပါပါတယ်။ အဲဒီမှာ ကျနော်တို့က တခွေနဲ့တခွေ Splendid ဖြစ်ဖို့၊ ကွဲပြားဖို့၊ Perfect ဖြစ်ဖို့ မတူဖို့ ပုံစံတွေ ကွဲပြားဖို့ ကြိုးစားရတယ်။ အဲဒီမှာ ခု တိုးတက်နေတဲ့ ခေတ်ရဲ့အသီးအပွင့်ရှိတယ်၊ နောက် ညီလေး (ချစ်စမ်းမောင်) ရဲ့ ကြိုးစားမှုပေါ့လေ .. ။ အဲဒီမှာ ၁၀၀ ရာခိုင်နှုန်း ဒီဂျစ်တယ် ဖြစ်လာတဲ့ အနေအထားမှာ အသံတွေက ရော့ခ်ရဲ့ ပင်မဇစ်မြစ်ဖြစ်တဲ့ Analogue ထဲကနေ နည်းနည်းတော့ သွေသွားတဲ့ သဘော ရှိတယ်။ ဒါပညာရှင်စကားပြောတာပါ .. ။

ရိုးရိုးသားသား ပြောရမယ် ဆိုရင်တော့ နည်းနည်းညက်ညောတဲ့ ဘက်ကို ပါသွားတယ်။ ဒါပေမယ့် ကျနော်စိန်ခေါ်တာတော့ မဟုတ်ဘူး .. နည်းနည်း တီးပြီး ဆိုကြည့်လိုက်ပါ .. ။ အသက်သာကြီးထဲကတော့ မဟုတ်ပါဘူး။ ကျနော်တို့ ဖွဲ့စည်းပုံ ပုံစံ .. ဖွဲ့စည်းပုံ ပုံစံဆိုတာဂီတစတိုင်နဲ့ မဆိုင်ဘူးနော်။ Composition, Trend တွေကို ကြည့်မယ်ဆိုရင် ကျနော်တို့က ရပ်နေလို့မရဘူး တကမ္ဘာလုံးက သွားနေတဲ့ လမ်းကြောင်း ရှိတယ်။ ဥပမာ - ရသေ့တောင်နားရောက်ရင် ငါးခြောက်ဝယ်ရသလို၊ ခွေးရုပ်ဘူတာနားရောက်ရင် ထမင်းစားရမယ် .. အဲလိုပေါ့လေ။

ဒါတွေက Tools တွေလေ။ ဒါတွေကို သုံးကို သုံးရပါတယ်။ အဲလို အဆင့်မြင့်ပစ္စည်းတွေကို သုံးတဲ့ အခါကျတော့ ကျနော်တို့ အဆိုတွေ အတီး color တွေ .. ရှိတယ်။ လူတွေပြောချင်တာ color ကို ပြောတာ ဖြစ်ပါလိမ့်မယ်။ ကျနော်တောင် ပြောဖူးသေးတယ် ခုခေတ်လူတွေက ဂစ်တာ မကိုင်မကြတော့ဘူး ..။ ပါဝါ အွန်ပြီး တာနဲ့ မိုက်ကရိုဖုန်းကို တန်းကိုင်ကြတဲ့အခါကျတော့ နောက်ပိုင်း လူငယ်တွေမှာ Music ခံစားချက် တွေက အရင်လောက်သိပ် မပြင်းထန်ဘူး။ နည်းနည်း ကျတဲ့ ဘက်ကိုရောက်နေတယ်လို့ ပြောရမယ်။ အရင်ကလောက် မထွက်ပေါ်လာဘူး .. ။ အဲလိုကျလာတဲ့ အချိန်မှာ ကျနော်ကတော့ သေသေချာချာကို ပြောရဲတယ် ဒီ ပျော့တယ်ဆိုတာက ဘာကို ပြောတာလဲ အသေးစိတ် သေချာကြည့်ရင် ကျနော်တို့ ခဲရာခဲဆစ် လုပ်ထားရ တာတွေ အများကြီးပါ။

ပရိသတ်နှင့် အပေးအယူမျှမျှ သီဆိုနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ခုနောက်ပိုင်း ကျနော်နည်းနည်း လက်ခံလာတဲ့ ဒဿနက တမျိုးပေါ့လေ။ ကျနော့် အသက်အရွယ်နဲ့လည်း ဆိုင်ပါလိမ့်မယ်။ ကျနော် စဆိုတုန်းက ၂၈ နှစ်ပဲ ရှိသေးတယ်ဗျ။ ခု ၄၄ နှစ်လေ။ ကျနော့် ခံစားမှုလည်း ပြောင်းသွားတယ်။ ဒီအချိန်မှာ ကျနော်ခံစားရသလို ရိုးရိုးသားသား လုပ်ပြချင်တာပဲ ရှိတော့တယ်။ ဒီ အသက်အရွယ်မှာ Target တခုထားပြီး ချဉ်းကပ်တာမျိုး၊ အတင်းလုပ်ယူပြီးမှ ရတဲ့ဟာမျိုးတခုကို မလုပ်ချင် တော့ဘူး။ သဘာဝကျကျ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ လိုချင် တော့တယ်။ နှေးချင်တော့ နှေးလိမ့်မယ် .. ဒါပေမယ့် ဘယ်သူ့မှ မနာမကျင်၊ ဘယ်သူ့မှကို မထိခိုက် စေဘဲနဲ့ ကိုယ်လိုချင်တဲ့ဟာဆီ သွားတဲ့နည်းကို ပိုပြီးတော့မှ ရဲရင့်တယ်လို့ ယူဆတယ်။ ဘယ်လောက်ပဲ နိုင်ငံရေး စစ်ပွဲတွေ ဖြစ်နေပါစေ အာဂျင်တီးနားဘက်က သီချင်းတွေ ကောင်းတာပဲ။ ဘယ်လောက်ပဲ စီးပွားရေး ခက်ခဲ နေပါစေ အာဖရိက Music က ကမ္ဘာမှာ ၁ ကနေ ၅ ထဲမှာ ဝင်တာပဲ။

ပတ်ဝန်းကျင်က ဖိအားတွေရှိလိမ့်မယ် ဒါပေမယ့် အဲဒီဒဏ်တွေ ခံပြီးတော့ထွက်ပေါ်လာတာက ပိုပြီး ရဲရင့်တယ်လို့ ကျနော်ယူဆတယ်။ ခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ နေပြီးဖြေရှင်းကြတဲ့ နည်းကို ကျနော်တို့ ပိုပြီး နှစ်သက်ပါတယ်။

မေး။ ။ မြန်မာပြည်ရဲ့ ဂီတဈေးကွက်ပျက်ရတဲ့ အကြောင်းရင်းက ခိုးကူးခွေ တခုတည်းကြောင့်လို့ ပြောလို့ ရပါသလား။

ဖြေ။ ။ ဒီကိစ္စတွေ ပြောရရင် စာမျက်နှာ ၂၀ လောက်ဖြစ်သွားလိမ့်မယ်။ ပြောရရင်တော့ ကျနော်တို့ တိုင်းပြည်က Privacy အလေ့အထ နည်းသေးတဲ့ သဘောရှိတယ်။ Intellectual Property ကို ဘယ်နေရာမှာထားရမယ်ဆိုတဲ့ အသိအမြင် ဗဟုသုတ ကျနော်တို့ နိုင်ငံမှာနည်းပါသေးတယ်။ အဲဒါကပဲ ပိုပြီး ဒုက္ခရောက်စေတယ်လို့ ထင်ပါတယ်။ ပညာပေးပြီးတော့ အချိန် ကာလလေး တခုကို စောင့်ရမယ့် သဘော ရှိတယ်။ အနုပညာဈေးကွက်မှာ ပျက်စီးကြတယ်ဆိုတာက အမျိုးမျိုးပေါ့လေ။ ဖန်တီးတဲ့သူဘက် ကလည်း အပြစ်ရှိတာမျိုးရှိတယ်၊ ဝယ်ယူစားသုံးကြသူတွေဘက်က စည်းကမ်းမရှိတာတွေ အများကြီးပဲ။ ခု ကာလက ရှားပါးတဲ့၊ ခက်ခဲတဲ့ကာလမို့လို့ ခိုးလုပ်ကြတာတွေ၊ မသမာတဲ့သူတွေ လက်ချက်လည်း ပါပါတယ်။ ပြောရမယ် ဆိုရင်တော့ အများကြီးပဲ။ ခေါင်းစဉ်ကတခုတည်း တပ်လို့မရပါဘူး။

မေး။ ။ ခု BOB ကကော စီးပွားရေးအရ အောင်မြင်ရဲ့လား။

ဖြေ။ ။ အဆင်ပြေပါတယ်။ ကျနော့်ပရိသတ်တွေက ကျနော်တို့ ဘယ်လိုသဘောထားရှိတယ် ဆိုတာ သိကြတာများပါတယ်။ ကျနော်တို့အဖွဲ့ အားသာတာ အဲဒါလေးပေါ့နော်။ ကျနော်တို့အဖွဲ့ ဘယ်လိုဖီလင် ရှိတယ် ဆိုတာ သိတာများတယ်။ ကျနော်တို့ ရင်ခုန်သံနဲ့ သူတို့ ရင်ခုန်သံ သိပ်မဝေးဘူး။ သူတို့ ဝယ်ကြ ပါတယ်။ တချို့ဆို ပါကင်တောင်မဖွင့်ဘူး ဝယ်သိမ်းကြတယ်။ တချပ်ကို နားထောင်တယ် တချပ်ကို သိမ်းထားကြတယ်လို့ ပြောတယ်။ ဒီလိုဝယ်သိမ်းရတာကိုလည်း ဂုဏ်ယူကြတယ်။ တချို့နေရာမှာလည်း ရှိတော့ ရှိမှာပေါ့။ ဒါပေမယ့် နည်းပါတယ်။ တကယ်ပြောရရင် ဘယ်လိုနည်းနဲ့တွက်တွက် ကျနော်တို့နိုင်ငံမှာ အနုပညာ ပစ္စည်းရပိုင်ခွင့်က အရမ်းနည်းတယ်။ ဘယ်လိုတွက်တွက် အနုပညာသမားတွေက ဒီထက် အများကြီး ရသင့်ပါတယ်။ ဒါ လောဘကြီးလို့ ပြောတာ မဟုတ်ပါဘူး။ ကျနော်က နေနိုင်ပါတယ်။ ဖြစ်သင့်တာ ပြောတာပါ။

မေး။ ။ ကိုလေးဖြူရဲ့ ဂီတသမား သက်တမ်းမှာ ကိုလေးဖြူနဲ့ ပတ်သက်လို့ အသံ အမျိုးမျိုး ကြားရတာတွေရှိတယ်။ ကိုလေးဖြူ ဘာလုပ်လုပ် ကောင်းတယ်ပြောတဲ့သူတွေ ရှိသလို ကိုလေးဖြူ ရဲ့ ဆက်ဆံရေးကို ဝေဖန်တာမျိုးတွေလည်း ကြားရတယ်။ အဲဒီအသံတွေနဲ့ ပတ်သက်လို့ ဘာပြောချင်ပါ သလဲ။

ဖြေ။ ။ ဒါကတော့ ကျနော်ညံ့ဖျင်းလို့ပဲလို့ ပြောမှာပါပဲ။ အမှန်အတိုင်းပြောရရင် ကျနော်တို့ အားလုံး Social Dealing သိပ်မကောင်းဘူး။ ကျနော်တို့က လာသမျှလူကို စော်ကားလွှတ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ စိတ်ခံစားချက်ကိုက သိပ် Stable မဖြစ်ဘူး။ ကျနော်တို့ အဖွဲ့ တဖွဲ့လုံးက အင်တာဗျူးတွေ ဘာတွေကို သိပ်မကြိုက်ဘူးဗျ။ စကားဆိုတာကတော့ အမျိုးမျိုးပြောလို့ရတာပေါ့ဗျာ။ ရှင်းရှင်းပြောရရင် မယုံကြည်ဘူးဗျ။ မျက်နှာပေးရှိတယ်ဗျာ .. ၊ လေသံရဲ့ အဖော့အဖိ ရှိတယ်ဗျာ၊ စကားလုံးရွေးချယ်မှု လိုအပ်တယ်ဗျာ … ဒါတွေ ကျနော်တို့ မကျွမ်းကျင်ဘူး .. ကျနော်တို့က လိုရင်းကို တည့်တည့် ပြောတဲ့ အခါကျတော့ အဲဒါရိုင်းတယ်ဖြစ်တယ်ဗျ။ ဒါကတော့ ကြိုက် သလိုမြင်လို့ရပါတယ်။ ကျနော်ကတော့ ဒီတိုင်းပါပဲ။

“ရူးချင်ယောင် ဆောင်မနေနဲ့” ဆိုတဲ့ လေးဖြူ (ဓာတ်ပုံ - ဧရာဝတီ)

မေး။ ။ ကိုလေးဖြူရဲ့ အသက် ၄၀ ကျော်လာတဲ့ နောက်ပိုင်းမှာ လိုက်ဖ်စတိုင်ဘယ်လို ပြောင်းသွားတာလဲ။ အသက်ကြီးလာရင် ဘာတွေ ဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ။ ကိုယ်ပိုင်သံစဉ်တွေပဲ ဆိုသွားတော့မယ်ဆိုတာမျိုး ရှိလား။

ဖြေ။ ။ အဲလိုတော့ မရှိဘူးဗျ၊ အဲလိုတော့ ကျနော်ဘယ်တော့မှ မပြောဘူး။ အရပ်စကားနဲ့ ပြောရမယ် ဆိုရင် ငရဲ ကြီးပါတယ်။ ကော်ပီကိုဘာဖြစ်တယ် ညာဖြစ်တယ် ပြောလို့မဖြစ်ဘူးဗျ၊ ကျေးဇူးက အများကြီး ရှိတယ်။ ဒါပေမယ့် ကျနော်ပြောတာကို သဘောမတူဘူး ဆိုရင်လည်း သဘောမတူလို့ ရပါတယ်။ ဒါကတော့ လွတ်လပ်ခွင့်ပဲလေ။ ကျနော့်ကိုယ်ပိုင်အယူအဆနဲ့ ပြောမယ် ဆိုရင်တော့ ဒါက ကော်ပီကို ဒီလိုတွေ ပြောနေရတာကိုက ငရဲကြီးပါတယ်။ ဒီလောက်ပဲပြောချင်တယ်။ တခြားဟာတော့ သိပ်မပြောချင်ဘူး။ ဒီကိစ္စကလည်း ပြောရမယ်ဆိုရင် စာနယ်ဇင်းသမားတွေ၊ မီဒီယာသမားတွေ လုပ်စားလို့ကောင်းအောင် ထွင်ထားတဲ့ ထွင်လုံးကြီးပါ .. ။ ဒါက ကော်ပီတွေ၊ ကိုယ်ပိုင်သံစဉ်တွေသာ လျှောက်ပြောနေတာပါ ..။ တချို့ဆို ကော်ပီဘာလဲ ကိုယ်ပိုင်သံစဉ် ဘာလဲတောင် သိပုံမရပါဘူး။ ဒါ စာနယ်ဇင်း သမားတွေရဲ့ လုပ်ကွက်ကြီးလို့ပဲ ပြောချင်တယ်။

ဘန်ကောက်မှာ အတွေ့အကြုံသစ်တွေ ရသွားတဲ့ လေးဖြူနဲ့ IC

Wednesday, 01 April 2009 19:39 အေးချမ်းမြေ့
ဘန်ကောက်မြို့တွင် ကျင်းပမည့် IC ရှိုးဖြစ်သောကြောင့် မိုးလုံလေလုံ ကပွဲရုံကြီးထဲတွင် ဆလိုက်ရောင်စုံများ ဝေဝေဆာဆာ၊ တန်ဖိုးကြီးကားများနှင့် တောက်ပစွာ ဝတ်ဆင်ထားသည့် လူရောင်စုံများ ဟု မြင်ယောင် လိုက်လျှင် လုံးဝလွဲချော်သွားပါလိမ့်မည်။

ပရိသတ်က IC ကို ဤသို့ အားပေးသည် (ဓာတ်ပုံ - ဧရာဝတီ)

စက်ရုံဆောက်မည့် ဝင်းကြီးကို သွပ်ပြားများဖြင့် ကာရံထားသည့်အထဲ၌ ပွဲကျင်းပမည့် သံပိုက်လုံး စင်ကြီးကို တွေ့ရသည်။ အပြင်ဘက်မှာတော့ လူအများ စုရုံးနေကြသည်။ ပြီးတော့ ဈေးကလေးတဈေးနှင့် အရက်ဆိုင် ကလေး တဆိုင် ကိုလည်း တွေ့ရသည်။

IC ပွဲကျင်းပရာနေရာသို့သွားရာ လမ်းတလျှောက်တွင် မိန်းကလေး၊ ယောက်ျားလေးလူငယ်များ ပေါ့ပါး သစ်လွင်စွာ သွားလာနေကြသည်။ သူတို့အားလုံးမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။ သူတို့ တွင် ရှိသည့် အဝတ်အစားများထဲမှ အကောင်းဆုံးကို ဝတ်ဆင်လာကြပုံရသည်။ အားလုံး ပျော်ရွှင်နေကြ သည်ကတော့ သေချာသည်။

ပွဲကြည့်ရန် တဖွဲဖွဲ ဝင်လာသူ လူငယ်များက IC အဖွဲ့သားများကို မတွေ့ရသေးမီကပင် ကခုန် ပျော်ရွှင်နေ ကြသည်။ ပွဲကျင်းပမည့် စင်ကြီး ဘေးတွင်ထောင် ထားသည့် ပရိုဂျက်တာကြီးမှာတော့ IC ၁၅ နှစ်ပြည့် ရှိုး ဗီစီဒီကို ဖွင့်ထားသည်။ ထိုဗီစီဒီထဲမှ ထွက်ပေါ်လာသမျှ သီချင်းတိုင်းကို လိုက်ဆိုရင်း အားလုံးက စတိတ်ရှိုး ကြည့်နေသည့် ပုံစံအတိုင်း လက်များကိုမြှောက်ကာ မြူးတူးနေကြသည်။

ဗီစီဒီထဲတွင်ပါသည့် ကိုချစ်စမ်းမောင်၏ မြနန္ဒာ သီချင်း လိဒ် ဆိုလိုသံကိုကြားတော့ အားလုံး ကွေးနေအောင် ထကကြပြန်သည်။ IC အလာကို စိတ်ရှည်လက်ရှည်စောင့်ရင်း ပျော်ရွှင်မြူးကြွနေကြသည်။ အချိန်က ည ၈ နာရီနီးပါး ရှိနေပြီဖြစ်သော်လည်း ပွဲ မစနိုင်သေး။




ဂိတ်ဝမှာ လက်မှတ်ရောင်းနေသည်။ “တစောင် ဘတ် ၄၀၀” ဟု ကပ်ထားသည်။ IC အဖွဲ့သားများ၏ ဓာတ်ပုံကိုလည်း ဗနိုင်းစဖြင့်ထုတ်ကာ ပိုစတာအဖြစ်ကပ်ထားသည်။ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်နှင့် ကြိုးကြာတို့ အပါအဝင် IC ဝိုင်းတော်သားများ မတ်လ ၂၉ ရက်နေ့ ညတွင် ဘန်ကောက်မြို့၊ ဘန်ဘော် အရပ်၌ ဖျော်ဖြေမည်ဟု ရေးသားထားသည်။

အများစုကတော့ လက်မှတ်တစောင် ဘတ် ၄၀၀ ကို များသည်ဟု မပြောကြ။ လေးဖြူကို ကြည့်ရတာပင် အမြတ်ဟု ပြောကြသည်။

“ကျနော်က ကော့ကရိတ်မှာ နေတာဆိုတော့ ပြည်တွင်းမှာဆို လုံးဝကြည့်ရမှာ မဟုတ်ဘူး။ ခု IC လည်းကြည့်ရတယ်၊ ကိုလေးဖြူကြီးလည်း ပါတယ်ဆိုတော့ ၄၀၀ တန်ပါတယ်ဗျာ။ အစက ပွဲပျက်မလို ကြားနေရတာ။ ခု မပျက်ဘူးဆိုတော့မှ သက်ပျင်းချနိုင်တယ်” ဟု ကိုမိုးအောင် ဆိုသူ အထည်ချုပ် အလုပ်သမား လူငယ်က တက်ကြွစွာ ပြောသည်။ သူကအလုပ်သမားကတ်ဖြင့် တရားဝင်နေထိုင်သူ ဖြစ်၏။

ဆက်လက်၍သူက တချို့သောသူများမှာ လကုန်ရက်ဖြစ်သောကြောင့် ကြည့်ချင်သော်လည်း မကြည့်နိုင်ဟု ရှင်းပြသည်။ သူကတော့ ၁၅ ရက်တကြိမ်လုပ်ခ ရှင်းသဖြင့် ကြည့်နိုင်သည်ဟု ဆိုသည်။ တချို့ သိပ်ကြည့် ချင်သော်လည်း ပိုက်ဆံမတတ်နိုင်သူတို့က ချေးငှားကြည့်ကြသည်ဟု ပြောသည်။

ဘန်ကောက်မြို့ထဲမှ တက္ကသိုလ်များတွင် တက်ရောက်နေသော မြန်မာကျောင်းသားများလည်း လာကြည့် ကြသည်။ အယောက် ၃၀ ကျော် ၄၀ နီးပါးခန့်ရှိမည် ခန့်မှန်းရသည်။

ပွဲစီစဉ်သူများကို စုံစမ်းကြည့်ရာ ၁၀ ဦးခန့်ရှိသည်။ ထိုင်းကော မြန်မာများပါ ပါသည်ဟု သိရသည်။ ပွဲခေါင်းစဉ် ကို ထိုင်း - မြန်မာ ချစ်ကြည်ရေးပွဲဟု တပ်ထားသည်။ ၎င်းတို့နှင့် နီးစပ်သူ တဦးကတော့ ဘယ်အဖွဲ့အစည်း ကမှ စီစဉ်ခြင်းမဟုတ်ဘဲ ပုဂ္ဂလိက အစီအစဉ်သာဖြစ်သည်ဟု ပြောသည်။

အဝင်ဝတွင် ကင်မရာ တလုံး (ကြီးကြီး၊ သေးသေး) ဘတ် ၃၀၀ အခွန်ဆောင်ခိုင်းသည်။ ဗီဒီယို ကင်မရာ ကတော့ လုံးဝမယူရ။ အဝင်ပေါက်ဝတွင် ထိုင်းနှင့်မြန်မာ လုံခြုံရေး ဝန်ထမ်း ၁၅ ဦးခန့် တန်းစီရပ်နေသည်။ သူတို့ တဘက်တချက်ကြားမှ ဝင်သွားရသည်။

ကန်ထရိုက်ယူထားသူများက ဗီဒီယိုကင်မရာကြီး သုံးလုံးဆင်၍ ရိုက်ရန်ပြင်ဆင်နေသည်။

IC အဖွဲ့ကိုငှားရမ်းရာတွင် တီးဝိုင်းအဖွဲ့ဝင်တဦးစီအတွက် ဒေါ်လာ ၂၀၀၀ စီနှင့် ကိုလေးဖြူမှအပ ကျန် သည့်အဆိုတော်များအတွက် ဒေါ်လာ ၂၀၀၀ ကျသင့်ပြီး ကိုလေးဖြူကို ငှားရမ်းလိုလျှင် ဒေါ်လာ ၂၅၀၀ ပေးရမည်ဟု ၎င်းအဖွဲ့၏ တာဝန်ရှိသူတဦးထံမှ သိရသည်။ ၎င်းငွေမှာ အဖွဲ့ကို ငှားရမ်းစရိတ်သာဖြစ်ပြီး ခရီးစရိတ်၊ နေစရိတ်တို့ကို ကျခံရမည်ဖြစ်သည်။

၇ နာရီ ပွဲစမည်ဆိုသည့် IC က ၈ နာရီတော်တော်လေး ကျော်မှ စဖြစ်သည်။ လာကြည့်သည့် လူက ၁၅၀၀ ဝန်းကျင်ခန့် ရှိမည်။ တဖွဲဖွဲလာနေကြသည်။ ဝန်းအပြင်ဘက် ထွက်ကြည့်တော့ အပြင်မှာလည်း လူတွေ ဖွေးဖွေးလှုပ်နေသည်။ ထိုသူအားလုံးက လက်မှတ်မဝယ်နိုင်သဖြင့် တီးဝိုင်းကအသံ လာနားထောင်သူ များဖြစ်သည်။

ဝန်းကြီး၏ ဘေး နှစ်ဘက်က စက်ရုံများ၏ ပြူတင်းပေါက်များတွင်လည်း ပွဲကြည့်နေသူများ ကိုတွေ့ရသည်။

IC က စစချင်းအဖွင့်တီးလုံးပင် ရှည်ရှည်ဝေးဝေးတီးမနေဘဲ ကြိုးကြာ၏ သီချင်းဖြင့် စဖွင့်လိုက်သည်။ ကြိုးကြာကို ပန်းစည်းများ ဝိုင်းကမ်းကြသည်။ ကြိုးကြာပြီးတော့ ဆုန်သင်းပါရ်။ ဆုန်သင်းပါရ်က ရော့ခ် အဆူ သီချင်းများသာ ဆိုသည်။ အားလုံးက စည်းချက်ညီညီ ကခုန်ရင်း လိုက်ဆိုကာ အားပေးနေကြသည်။ တချို့က ဖုန်း ကင်မရာများဖြင့် ရိုက်ယူကြသည်။

ထိုအချိန်တွင် ဘေးမှ အသံတသံ ထွက်ပေါ်လာသည်။ “လမ်းထိပ်မှာ ဖမ်းနေတယ်။ အလုပ်သမားတွေ အများကြီးပဲ” ဟူ၍ဖြစ်သည်။

စင်ပေါ်မှာတော့ ဝိုင်ဝိုင်း၊ မျိုးကြီး၊ အငဲ တို့က စင်မြင့်ဖျော်ဖြေပွဲများတွင် သူတို့ လမိုင်းကပ်နေကျ သီချင်း များဖြင့် တယောက် ၅ ပုဒ်ခန့်စီ တလှည့်စီ ဖျော်ဖြေနေသည်။ ပရိသတ်က ကခုန်မြူးတူးနေဆဲ ဖြစ်သည်။

ပန်းစည်း များကို ဝယ်ပြီး အဆိုတော်များကို ကမ်းပေးနေကြသည်။ မျိုးကြီးက “လေပြည်” သီချင်းကို အားရ ပါးရ သီဆို သွားသည်။ သူ့လိုက်ဖ်ရှိုးအခွေထဲမှ “နားနားပြီးပြော” ကိုဆိုတော့ အားလုံးလိုက်ဆိုပြန်သည်။

ကိုအငဲက ဆိုကာနီးတွင် “ခုလို ဒုက္ခတွေကြားက လာအားပေးကြတဲ့ ခင်ဗျားတို့ကို ကျေးဇူး တင်တယ်ဗျာ” ဟု ပြောလိုက်ရာ ပရိသတ်က “ဝေး” ခနဲ ထအော်သည်။ လုံခြုံရေးများက နံပါတ်တုတ်များဖြင့် စောင့်နေ သည်။ သို့သော် ပွဲမစခင်မှာ အပြင်ဆွဲထုတ်ခံရသည့် လူ တယောက်၊ နှစ်ယောက် ရှိသည်က လွဲ၍ ဘာပြဿနာမှ ထွေထွေထူးထူးမရှိ။

ပွဲခင်းအပြင်ဘက်က အရက်ဆိုင်ကလေး တဆိုင်မှာတော့ ဗမာသီချင်း ကာရာအိုကေ ဆိုနေကြတာ တွေ့သည်။ ဗမာကာရာအိုကေ တပုဒ်ဆိုလျှင် ၅ ဘတ်ပေးရသည်ဟု သိရသည်။ ပွဲဝင်းထဲမှာ IC က
ခေတ်ပေါ် ရော့ခ်ဂီတဖြင့် မြူးကြွနေသလို အပြင်ဘက်က ထိုဆိုင်ကလေးထဲတွင်လည်း မြန်မာသံစဉ် သီချင်းသံများ ထွက်ပေါ်နေ၏။

ပရိသတ်က “လေးဖြူ … လေးဖြူ” ဟု အော်ကြသည်။ သို့သော်လည်း ကျန်အဆိုတော်များကို အနှောင့်အယှက်မပေး။ ကိုအငဲ ဆိုနေစဉ် ကိုလေးဖြူက စင်အောက်မှ စောင့်ကြည့်နေသည်။

သူ့အလှည့်ကျတော့ ကိုလေးဖြူက “ထွက်ပေါက်” သီချင်းဖြင့် စဖွင့်သည်။ လေဟာပြင် ဖျော်ဖြေပွဲ ဖြစ်သောကြောင့် သီချင်းတွေက ရော့ခ် အဆူ များသည်။ ကိုလေးဖြူက “ရူးချင်ယောင် ဆောင်မနေနဲ့” ဆိုတော့ ပရိသတ်က အားရပါးရလိုက်ဆိုသည်။

ကိုလေးဖြူ၏ သီချင်း ဆိုလိုကို ကိုချစ်စမ်းမောင် တီးနေစဉ် ကိုလေးဖြူက ကိုချစ်စမ်းမောင်ကို လက်ညှိုး ထိုးကာ “ဗမာကွ … ဒါ ဗမာ” ဟု အော်လိုက်ရာ ပရိသတ်က “ဝေး” ကနဲ အော်ဟစ် အားပေးပြန်သည်။

ကိုလေးဖြူနှင့် ပရိသတ်က တော်တော်လေး စီးကပ်နေ၏။ ပန်းစည်းတွေကမ်းပြီး လက်ကိုဆွဲထားကြသည်။ ရော့ခ် အမြန်၊ အဆူများ ဆိုအပြီးတွင် သူ့ နောက်ဆုံးထုတ် ဘင်္ဂလား ပင်လယ်အော် (BOB) အခွေထဲမှ စာမျက်နှာ ၁၅ သီချင်းကို သီဆိုသည်။ ပရိသတ် က ဟုတ်တိပတ်တိ လိုက်မဆိုကြ။ နားပဲ ထောင်နေကြ သည်။

“ဒီသီချင်းကို လိုက်မဆိုတာ ထူးဆန်းတယ်။ ရန်ကုန်မှာ ဆိုရင် ဒီသီချင်းက ပရိတ်သတ်အကုန် လိုက်ဆိုတဲ့ သီချင်းလေ” ဟု ကိုခင်မောင်သန့်က ပြောပြသည်။ “သူတို့တွေဆီ ဒီသီချင်း မရောက် သေးဘူးလား မသိဘူး” ဟုလည်း သူက ဆက်ပြောသည်။

သူ့ကိုယ်သူ Clay ဟု ပြောသည့် အမေရိကန်နိုင်ငံသား တယောက်လည်း လာအားပေးတာ တွေ့ရသည်။ သူက“မြန်မာပြည်မှာ နာမည်အကြီးဆုံး ရော့ခ်ဘန်ပဲ။ ကျနော်သိပ်ကြိုက်ပါတယ်။ မြန်မာပြည်ကို သွားလည် တုန်းက သူတို့ ဓာတ်ပုံတွေက နေရာအနှံ့ပဲ” ဟု ဆိုသည်။ ထိုင်းလူငယ် တော်တော်များများလည်း လာကြသည်။

ကိုလေးဖြူ ဆိုနေစဉ်။ ငလျင်တချက် လှုပ်ခါသွားရာ သံပိုက်လုံးများဖြင့် ဆောက်ထားသည့် စင်ကြီး အနည်းငယ် ယမ်းခါသွားသည်။ ပွဲကြီးကြပ်သူများက ဘေးသံတိုင်များဖြင့် မလွတ်သူများကို လာရောက် ဖယ်ရှားခိုင်းနေသည်။ ဘာမှတော့ ဆက်မဖြစ်။

တီးခတ်သူများ အစွမ်းပြချိန်ကို ပရိသတ်က မျှော်နေကြသည်။ သို့သော် ကိုလေးဖြူ ဆိုပြီးတာနှင့် ပွဲသိမ်းဖို့ပြင်တာ တွေ့ရသည်။ ထိုင်းအာဏာပိုင်များက ပွဲကို သိမ်းခိုင်းနေသည်ဟုလည်း ကြားနေရသည်။

ကိုလေးဖြူက တပုဒ်သီဆိုအပြီးတွင် “ကျနော် သူတို့ကို ပါးပါးလေး ညှိကြည့်လိုက်မယ်” ဟု ပြောလိုက်သည်။ ပရိသတ်က အရှိန်ရနေဆဲဖြစ်သည်။

သို့သော် စင်ပေါ်သို့ ကိုလေးဖြူ၊ ကိုအငဲ၊ ကိုမျိုးကြီး၊ ကိုဝိုင်ဝိုင်း လေးယောက်စလုံး တက်ကာ သူတို့ပွဲသိမ်း နေကျ “ဒီဇင်ဘာ” သီချင်းကို ဆိုသည်။ ပြီးတော့ တယောက် တပုဒ်စီဆိုကာ ကိုလေးဖြူ၏ “စုန်းမ” သီချင်းဖြင့် ပွဲကို အဆုံး သတ်လိုက် တော့သည်။

“သူတို့က ခဏခဏ လာပြီး ပွဲကိုရပ်တော့လို့ ပြောတာနဲ့ ရပ်လိုက်ရတာ” ဟု ကိုခင်မောင်သန့်က ပြောပြသည်။ ပွဲကျင်းပမည့် နေ့ တနေ့လုံး သူတို့ စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟုလည်း ဆိုသည်။ စက်များဆင်ရန် လာခေါ်ရမည့်အချိန်ထက် ၃ နာရီလောက် နောက်ကျသဖြင့် အစီအစဉ်များ ကြပ်ကုန် သည်ဟုလည်း ပြောသည်။

ပွဲပြီးပြီးချင်းပင် IC ပွဲလာကြည့်သည့် ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သူ မြန်မာရွှေ့ပြောင်း အလုပ်သမား ၄၀၀ ကျော်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းသွားသည်ဟု ကြားလိုက်ရသည်။

“ကျနော်တို့ရှေ့တင် အချုပ်ကားကြီးနဲ့ ၂ စီး လူတွေကို တင်ဖမ်းသွားတာ တွေ့လိုက်တယ်” ဟု ကိုခင် မောင်သန့်က ပြောပြသည်။ သူတို့အားလုံးလည်း စိတ်မကောင်း ဖြစ်နေကြသည်။ ဒါမျိုး တခါမှ မကြုံဖူးဘူးဟု ဆိုသည်။ သူတို့အဖွဲ့၏ ပတ်စ်ပို့စ်များကို တောင်ယူစစ်ဆေးနေသောကြောင့် ပွဲ တော်တော် နှင့်မစနိုင်ခြင်း ဖြစ်သည်။

လာသမျှပရိသတ်တို့၏ ပတ်စ်ပို့စ်များကိုလည်း လမ်းဝမှ စောင့်စစ်သည်ဟု သိရသည်။ တချို့တက္ကသိုလ် ကျောင်းသားများ ဆိုလျှင် ကျောင်းသားကတ်သာ ပါလာပြီး ပတ်စ်ပို့စ် မပါလာသောကြောင့် အတော်လေး ရှင်းယူရသည်ဟု အေးပက်တက္ကသိုလ်တွင် ဂုဏ်ထူးတန်းတက်နေသည့် ကျောင်းသူတဦးက ပြောသည်။

“ကျမတို့လည်း IC မို့လို့သာ စောင့်ကြည့်တာ။ တခြားတခုခုဆို မစောင့် တော့ဘူး။ နေရာက မလုံခြုံဘူးလို့ ခံစားတယ်” ဟု သူကဆိုသည်။ “အဆိုတော်တွေ ပုံစံနဲ့ သူတို့ပြောနေတဲ့စကားတွေ ကြားရတာလည်း တမျိုးကြီးပဲ။ သူတို့ ပျော်ပုံမရဘူး။ ပွဲက တခုခုလိုနေသလိုပဲ။ နောက်ပြီး တနာရီခွဲလောက်ပဲ တီးပြီး သိမ်းလိုက်တော့ စိတ်ကျေနပ်မှုမရဘူး” ဟု သူက ဆက် ပြောသည်။

IC ပွဲသိမ်းပြီးချိန်တွင် ပွဲခင်းအပြင်ဘက် အရက်ဆိုင်ကလေးထဲ၌ နတ်ကန္နားများတွင် ဆိုသည့် သီချင်း တပုဒ်ကိုဖွင့်ကာ အားပါးတရ ကခုန်မြူးတူးနေသည့် ဗမာ အမျိုးသား၊ အမျိုး သမီး အယောက် ၃၀ ကျော်ခန့်ကို တွေ့ရသည်။ ရှေ့က လမ်းပေါ်မှာတော့ ရဲကား ၅ စီးခန့် အချက်ပြ မီးများဖွင့်ကာ ဥဒဟို သွားလာနေသည်။

“ဘန်ကောက်ကိုတော့ တော်တော်လေး လန့်သွားပြီ။ အဖမ်းခံရတဲ့ သူတွေအတွက်တော့ စိတ် မကောင်းဘူးဗျာ။ သနားပါတယ်” ဟု ကိုခင်မောင်သန့်က ပြောသည်။ ။