Monday, September 15, 2008

ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်နေ့ အစီအစဉ်

Saturday, September 12, 2009
က်တင်ဘာ(၂၆) ရက်နေ့သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ သံဃာတော်အရှင်သူမြတ်များ ဓမ္မဝိနယနှင့်အညီ မြန်မာပြည်သူပြည်သားများ ကာလကြာရှည်စွာ ကြုံတွေ့ခံစားနေရသော လူမှု ဒုက္ခအခက်ခဲများကို ပြေလည်အောင် ဖြေရှင်းပေးရန် မေတ္တာပို့ခဲ့စဉ် ၊ လက်ရှိစစ်အစိုးရမှ ရက်ရက်စက်စက် နှိပ်စက်ဖြိုခွင်းခဲ့သဖြင့် သွေးမြေကျခဲ့ရသော နေ့တစ်နေ့ဖြစ်ပါသည်။ ယင်းဖြစ်ရပ်ကြောင့် သာသနာ့ဥသျှောင်အဖွဲ့မှ သည်နေ့သည်ရက်ကို ရွှေဝါရောင်နေ့ အဖြစ် သက်မှတ်အတည်ပြု ပြဌာန်း ခဲ့ကြပြီး ဖြစ်သည်။

ထို့ကြောင့် ကျွန်တော်တို့  ပီနန်ရှိ မလေးရှားရောက် မြန်မာပြည်ဖွားတိုင်းရင်သား ညီအစ်ကို မောင်နှမ များအားလုံးတို့က သာသနာ့ဥသျှောင်အဖွဲ့နာယက ပီနန်ဆရာတော်ကြီးကို အမှူးထား၍၊ ပြည်သူပြည်သားများအရေး အသက်ပေးလှူသွားကြသော၊ ကိုယ်ကျိုးစွန့် ၊အနစ်နာခံသွားကြသော ဆရာတော်များ၏ ဂုဏ်ကျေးဇူးကို မမေ့မလျှော့စေရန်နှင့် အမြဲသတိရနေစေရန် ရည်ရွယ်၍ ရွှေဝါရောင် နေ့နှစ်ပတ်လည်အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ပါသည်။

ဘာသာတရားကို မြတ်နိုးအလေးထားကြကုန်သော မြန်မာပြည်ဖွား တိုင်းရင်းသူ/သား မည်သူမဆို ကျွန်ုပ်တို့ ညီအကိုမောင်နှမ အားလုံးနှင့် အတူ လက်တွဲလျှက် ပီနန်ပြည်နယ်ရှိ ဘာသာရေး အသင်းအဖွဲ့ ၊ လူမှုရေး အသင်းအဖွဲ့ ၊ တိုင်းရင်းသား အဖွဲ့ နှင့် နိုင်ငံရေးအဖွဲ့ အစည်း စုစုပေါင်း (၁၆) ဖွဲ့ တို့ မှ အမျိုးဘာသာ၊ သာသနာ အတွက် ၂၁ / ၉/ ၂၀၀၈ တနင်္ဂနွေနေ့ တွင် ပီနန်ရှိ "မဟာဓမ္မိကာရာမ" ကျောင်းတိုက်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း မလေးရှားရောက်မြန်မာများနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအား အသိပေး ကြေငြာအပ်ပါသည်။ ထိုနေ့တွင် သာသနာ့ဥသျှောင်အဖွဲ့ နာယက (ပီနန်) ဆရာတော်ကြီးဦပညာဝံသ မှ မြန်မာနိုင်ငံသားတိုင်းရင်းသား တပည့်သားမြေးများကို သြဝါဒ စကား မြွက်ကြားမည်ဖြစ်ပါသည်။


ရွှေဝါရောင်နေ့ ကျင်းပရေးကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
ပီနန် မလေးရှာ

No comments: