Saturday, August 7, 2010

လိုအပ်ပါက အီရန်ကိုတိုက်ခိုက်ရန် အစီအစဉ်ရှိကြောင်း အမေရိကန် စစ်ဦးစီးချုပ်အဖွဲ့ ဥက္ကဋ္ဌ ပြောကြား

အီရန်နိုင်ငံက နျူကလီးယားလက်နက်များ မရရှိစေရေးအတွက် လိုအပ်ပါက တိုက်ခိုက်ရန် အစီအစဉ် ရှိသော်လည်း ယင်းသို့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း အမေရိကန် စစ်ဦးစီးချုပ်အဖွဲ့ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလင်က ပြောကြားခဲ့သည်။

အီရန်ကို စစ်ရေးအရ အရေးယူခြင်းသည် ကြိုတင်ခန့်မှန်းရန် ခက်ခဲပြီး မလိုလားအပ်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း မူလင်က ပြောကြားခဲ့သည်။ သို့သော် နျူကလီးယားလက်နက် ထုတ်လုပ်ရန် အီရန်ကို ခွင့်ပြုခြင်းသည်လည်း လက်ခံနိုင်ဖွယ် မရှိကြောင်း သြဂုတ်လ ၁ ရက်နေ့က ထုတ်လွှင့်ခဲ့သော NBC ရုပ်သံ၏ Meet the Press အစီအစဉ်တွင် မူလင်က ပြောကြားခဲ့သည်။

"ပွင့်ပွင့်လင်းလင်းပြောရရင် အကျိုးဆက်နှစ်ခုလုံးနဲ့ပတ်သက်လို့ ကျွန်တော်အလွန်အမင်းပဲ စိုးရိမ်မိပါတယ်"ဟု မူလင်က ပြောကြားခဲ့သည်။ နျူကလီးယားသန့်စင်မှု အစီအစဉ် ရပ်ဆိုင်းရန်အတွက် နိုင်ငံ တကာံတမန်ရေး ကြိုးပမ်းမှုများနှင့် ပိတ်ဆို့အရေးယူမှုတို့ ပေါင်းစပ်မှုသည် အလုပ်ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း မူလင်က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် စစ်ရေးနည်းလမ်းအရ ရွေးချယ်မှုများသည် စားပွဲပေါ်တွင် ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ အီရန်ကို တိုက်ခိုက်ရန် အမေရိကန် စစ်တပ်တွင် အစီအစဉ်ရှိပါသလားဟု မေးမြန်းရာတွင် မူလင်က ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

သို့သော်လည်း အကျယ်တ၀င့် ပြောကြားခြင်း မရှိခဲ့ပေ။ အီရန်ကမူ ၎င်းတို့၏ ယူရေနီယမ်သန့်စင်မှု အစီအစဉ်သည် ငြိမ်းချမ်းရေးအတွက်သာဖြစ်ကြောင်း အခိုင်အမာ ပြောကြားလျက်ရှိသည်။

(ထပ်ဆင့်ကူးယူဖေါ်ပြသည်။)

No comments: