Monday, January 24, 2011

လူတိုင်းအတွက် သတင်းကောင်း





အမေရိကန်ပြည်ထောင်စု၊ တက်ဆက်ပြည်နယ်၊ ဖို့ဝေါ့သ်မြို့၊ ချယ်ရီတောင်ကုန်းအိမ်ယာတွင် နေထိုင်သော ဆရာလူရီကြည်ထန်းမိသားစုမှ လူတိုင်းအတွက် သတင်းကောင်း ကျမ်းစာသင်တန်းကို ဇန္နဝါရီလ ၂၂ ရက်မှ ၂၇ ရက်နေ့ထိ ဖွင့်လှစ်လျက် ရှိရာ သင်တန်းပို့ချသူအဖြစ် ကမ္ဘာလှည့် သာသနာပြုဆရာ Rev. လှမြင့်မှ လာရောက် ပို့ချနေသဖြင့် ဖို့ဝေါ့သ်မြို့နေ ခရစ်ယာန်ဘာသာဝင်များ ဝိဉာဉ်ခွန်အားများတိုးပွားကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြကြောင်း သိရှိရပါသည်။

နေ့စဉ် နံနက် ၁၀နာရီမှ မွန်းလွဲ ၁နာရီအထိ (ခရစ်ယာန် အသက်တာ)ကို ပို့ချပြီး၊ ည ၇နာရီမှ ၉ နာရီအထိ (အပြစ်တရားနှင့် ကယ်တင်ခြင်းတရား)ကို ပို့ချလျက်ရှိရာ ဖို့ဝေါ့သ်မြို့တွင် နေထိုင်ကြသော ဗမာ၊ ချင်း၊ ကချင်၊ ရဝမ် ခရစ်ယာန်ဘာသာဝင်များ တက်ရောက်သင်ယူကြသည်ကို တွေ့ရပါသည်။

သင်တန်းပို့ချသော ကမ္ဘာလှည့်သာသနာပြုဆရာကြီး Rev.လှမြင့်မှာ သင်တန်းပို့ချရာတွင် ရှင်းလင်းတိကျလွန်းသဖြင့် တချို့လူများသည် ၎င်းတို့၏အလုပ်များကို ခွင့်တင်၍ဖြစ်စေ၊ တချို့ဝေးလံလှသောနေရာများမှဖြစ်စေ လာရောက်၍ မပြတ်မလပ် သင်ယူနေကြကြောင်းကိုလည်း တွေ့ရှိရပေသည်။

သင်တန်း၏ ပထမဦးဆုံးနေ့တွင် ဆရာလူရီကြည်ထန်းမှ "ကျေးဇူးတပါး၌ထပ်ဆင့်၍ ကျေးဇူးတပါးကိုငါတို့ ရှိသမျှသည် ခံကြရပြီ" (ယော၊ ၁း၁၆)ကျမ်းချက်အား သူ၏ကြုံတွေ့ရသောဘဝဖြင့် သက်သေခံခဲ့ရာ ကြားရသူများအတွက် ခွန်အားရရှိခဲ့ပါသည်။

ဆရာလူရီကြည်ထန်းမိသားစု၏စေတနာနှင့် သင်တန်းပို့ချသူ ဆရာကြီး Rev. လှမြင့်၏ ကျွမ်းကျင်ပိုင်နိုင်လှသော သင်တန်းပို့ချချက်များကြောင့် ကျမ်းစာတက်ရောက်သင်ယူနေသူများက သင်တန်းကာလ ကုန်ဆုံးသွားမှာကို နှမျောနေကြကြောင်း ပြောဆိုသံများ ကြားသိခဲ့ရပါသည်။

No comments: