Monday, September 29, 2008

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ အာရှတော်ဝင်ဆေးရုံတက် သက်သာဟု မိသားစုပြော

NEJ/ ၃၀ စက်တင်ဘာ ၂၀၀၈။ ။

အသက် (၉၃) နှစ်ရှိပြီဖြစ်သည့် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ လေဖြတ်သည့်အတွက် အာရှတော်ဝင်ဆေးရုံသို့ အရေးပေါ် တင်လိုက်ရသည်။ သက်သာပြီဟု မိသားစုက ခေတ်ပြိုင်သို့ပြောသည်။

သခင်သိန်းဖေသည် မြန်မာ့နိုင်ငံရေးကို အစဉ်တစိုက် ဝေဖန်အကြံပြုခဲ့သူတဦးလည်း ဖြစ်သည်။ ၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းက ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေနေအိမ်တွင် ကျန်းမာစွာနေထိုင်လျက်ရှိပါလျက်နှင့် သူကွယ်လွန်ကြောင်းရေးသားထားသည့် နာရေးဖိတ်စာများကို အမည်မသိလူတစုက ရန်ကုန်မြို့၌ လိုက်လံဖြန့်ဝေခဲ့သည်။

No comments: