Monday, October 20, 2008

မန်းတိုင်းကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီ ၀န်ကြီးဦးအောင်သောင်းနှင့် ပို့ဆက်ဒုဝန်ကြီး ဦးဆောင်မည်။

NEJ/ ၂၁ အောက်တိုဘာ ၂၀၀၈

မန္တလေးတိုင်း ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီကို ဦးဆောင်ဖို့အတွက် စက်မှု(၁)၀န်ကြီး ဦးအောင်သောင်းက ဥက္ကဌတာဝန်ယူထားပြီး ပို့ဆက်ဒုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က အတွင်းရေးမှူး တာဝန်ယူထားသည်ဟု ပို့ဆက်ဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။

ပို့ဆက် ဒုဝန်ကြီး ဦးဉာဏ်ထွန်းအောင်သည် နိုဝင်ဘာလတွင် ရာထူးမှ နှုတ်ထွက်ပြီး နိုင်ငံရေးဘက်သို့ ကူးပြောင်းတော့မည်ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ ၀န်ကြီး ဦးအောင်သောင်းသည် မူလက စက်မှု(၁) မှ အငြိမ်းစားယူမည့် ထိပ်တန်းအရာရှိများကို အခြေခံပြီး ကြံ့ဖွံ့နိုင်ငံရေးပါတီတွင် သုံးဖို့ ကြံစည်သော်လည်း မန္တလေးမှ ကြံ့ဖွံ့အမာခံများကို နိုင်ငံရေးပါတီထဲသုံးသွားမည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။

No comments: