Thursday, January 1, 2009

နေပြည်တော် စက်မှု (၁) ၀န်ထမ်းများထံမှ အဓမ္မကောက်ခံငွေ ၀န်ကြီးပြန်ပေး

NEJ / ၃၁ ဒီဇင်ဘာ ၂၀၀၈

နေပြည်တော် အမှတ်(၁) စက်မှုဝန်ကြီးဌာန လက်အောက်ခံ အရာထမ်း၊ အမှုထမ်းများထံမှ လစဉ် အဓမ္မကောက်ယူခဲ့သည့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းကြေး ငွေများကို ၀န်ကြီး ဦးအောင်သောင်းက ရုတ်တရက် အားလုံး ပြန်ပေးသဖြင့် ၀န်ထမ်းများ အံ့သြနေကြသည်ဟု စုံစမ်းသိရသည်။

မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းကြေးငွေများကို လစဉ် ကျပ် (၃၀၀) ပေးရမည်ဆိုပြီး အဓမ္မကောက်ခံခဲ့သည့်အပြင် မှန်မှန်ပေးပါမည်ဆိုပြီး ၀န်ထမ်းများက လက်မှတ်ထိုးပေးခဲ့ရသဖြင့် ၀န်ထမ်းအများစု မကျေမနပ်ဖြစ်ခဲ့သည်ဟု ၀န်ထမ်းတဦးက ပြောသည်။

ဒီဇင်ဘာလဆန်းပိုင်းက အဆိုပါ ကောက်ခံငွေများကို ၀န်ကြီး ဦးအောင်သောင်းက ရုတ်တရက် အားလုံး ပြန်ပေးသဖြင့် ရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်သည့်သဘောလားဟု ၀န်ထမ်းများအကြား ပြောဆိုနေ ကြသည်။

No comments: