Saturday, January 17, 2009

ထိုင်း-မြန်မာနယ်စပ်တွင် တိုက်ပွဲဖြစ်

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇန်နဝါရီလ 09 2009 19:36 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ထိုင်း-မြန်မာနယ်စပ်တွင် ကရင်အမျိုးသား အစည်းအရုံးတပ်နှင့် စစ်အစိုးရနှင့် စစ်အစိုးရလိုလားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိကြောင်း နယ်စပ်မှ လာသော စစ်သတင်းများအရ သိရသည်။

ကေအင်ယူ ထိန်းချုပ်ထားသော နယ်မြေကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် စစ်အစိုးရနှင့် ပူးပေါင်းတပ်များက ကြံစည်နေသည်ဟု ယုံကြည်ရသော တိုက်ပွဲသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့၏ တောင်ဘက် အုန်းဖျန်ကျေးရွာ နယ်နမိတ်အတွင်း၌ ဖြစ်ပွားခဲ့သည်။

"တိုက်ပွဲကတော့ တောက်လျှောက်ဖြစ်နေတာပဲ။ သူတို့က ဒီဖက် အခြေကုတ် စခန်းတွေကို သိမ်းသွားပြီးတော့ ဒီခု မတ် ၂၇ မတိုင်ခင် နီးလာပြီ ဆိုတော့ ဒီဖက်မှာ ရှိတဲ့ အခြေကုတ်စခန်းတွေကို အပြီးသိမ်းဖို့ ရည်ရွယ်ချက် နဲ့ လာပြီးတော့ တိုက်နေတာ ဖြစ်တယ်။

စစ်အစိုးရတပ်များက ထိုင်းနိုင်ငံနယ်နမိတ်ထဲမှ ၀င်ရောက်ကာ တိုက်ခိုက်ရန် ကြိုးစားမှုများ ရှိသည်ဟု နယ်စပ် စစ်ရေး သတင်းရပ်ကွက်များက ပြောသည်။

No comments: