ဖေဖော်ဝါရီလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် “စစ်အစိုးရဆန့်ကျင်ဖို့ မဲခွဲဆုံးဖြတ်တာ သင့်တော်ပါရဲ့လား” “ရှင်းပြဖို့လိုအပ်သည်”ဟု ဆိုထားသဖြင့် ရှင်းပါမည်။ ရှင်းလည်း ရှင်းပြီးသားပါ။ ခက်သည်က ရှင်းထားပြီးအချက်ကိုလည်း ရှင်းပုံမပေါ်ဖြစ်နေလို့၊ ထပ်ပြီး ရှင်းရှင်းလင်းလင်းကြီး ရှင်းပြရပါတော့မည်။
(၁) မဲဆွယ် မဲဝယ် ဇာတ်လမ်းဆိုတာ မရှိပါကြောင်း၊ တာဝန်ရှိအဖွဲ့အစည်းကြီးနှစ်ခုမှ ပူးတွဲအစည်းအဝေး ပြုလုပ်ပြီးသကာလ၊ ၂-၂-၀၉ နေ့က ကြေညာချက် ထုတ်ခဲ့ပြီးပါပြီ။ ထပ်ကွန့်လာခြင်းမှာ မဟုတ်တမ်းတရား စွပ်စွဲခံရသူများ၏ ဂုဏ်သိက္ခာကို ထပ်ခါထပ်ခါ စော်ကားရာကျနေပါသည်။ အလုပ်တွေက တလှေကြီးရှိနေသောကြောင့် သူတို့ မရှင်းအားကြပါ။
(၂) ယခင်က ကုလနေရာအရေးကို (ဒပ်ဗလင်)မရောက်မီအထိ (မဲဆောက်)အခြေစိုက်နှင့် (၀ါရှင်တန်) အခြေစိုက် ကိုယ်စားလှယ်များသာ ထဲထဲဝင်ဝင်၊ လေးလေးနက်နက် လေ့လာ၊ ဆွေးနွေး၊ ဆောင်ရွက်နေခဲ့ကြပါသည်။ ညီလာခံရောက်သောအခါ အားလုံးသောကိုယ်စားလှယ်များသည် ယင်းပုဂ္ဂိုလ်တို့၏ အပြန်အလှန် တင်ပြချက်များကိုလည်းကောင်း၊ အမျိုးမျိုးသော အခြားအဖွဲ့အစည်းများ၏ တလေးတစား၊ ရင်တမမ ပေးပို့လာကြသည့် အကြံပြုစာများကိုလည်းကောင်း၊ အလေးအနက်၊ အပြန်အလှန်၊ သုံးသပ်ဆွေးနွေးနိုင်သည့် အခွင့်အရေးရရှိကြကာ ပိုမိုသင့်မြတ်သော အဆုံးအဖြတ်ကို ရရှိစေခဲ့ခြင်းဖြစ်သွားပါသည်။ သဘာဝကျကျ ဖြစ်ရသည့် အဖြစ်ပါ။ (ပရီဂျူးဒစ်)မရှိပဲ ဆုံးဖြတ်ကြသူက အများဆုံးဖြစ်၍ အဖြေက အဲလိုသာဖြစ်လာပါသည်။ အဆုံးမှာတော့ အားလုံးကနေ လွတ်လပ်သောဆန္ဒနဲ့မဲပေးခဲ့ကြသည်
(၃) “(ကမ်ပိန်း)တခုအတွက် ညီလာခံကြီးကျင်းပပြီး မဲခွဲရသည်”မှာ မဟုတ်ရေးချပါ ခင်ဗျား။ ယင်းကိစ္စမှာ (အာဂျင်ဒါ) တခုမျှသာဖြစ်ပါသည်။ ညီလာခံသည် လေးနှစ်တကြိမ် ကျင်းပမြဲဖြစ်ရာ၊ ညီလာခံတိုင်းဆိုသလို (ဟော့တ်-အစ်ရှူး) ရှိတတ်ပါသည်။ လေးနှစ်အတွင်း အထူးအစည်းအဝေးများမှာလည်း ထို့အတူရှိပါသည်။
· ၁၉၉၅ ညီလာခံသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ဦးစွာပဌမ လွတ်လာရသည့် အချိန်နှင့် တိုက်ဆိုင်ခဲ့သည်။
· ၁၉၉၈ (ဆစ်ဒနီ)မှာ (ဆန်ရှင်)အရေးက (ဟော့)ဖြစ်ပါသည်။
· ၁၉၉၉ (ဘာလင်)တွင် (ဒိုနာ-ဒရွတ်ဗင်း)မှသည် ကိုယ်ပိုင် လေးချောင်းထောက်ဗျူဟာကို စတင်သည်၊ (အင်-အာရ်-ပီ)အား အစပျိုးစေသည်၊
· ၂၀၀၀ ဒပ်ဗလင်တွင် (စီအာပီပီ)နှင့် (ရာဇာလီ)တို့အား အာရုံစိုက်ခဲ့သည်။
· ၂၀၀၁ (ဘရပ်ဆဲလ်)တွင် (အင်ပီ)များ အရည်အသွေးမြှင့်တင်ရေး၊ (အီး-ဘီ-အို)ရုံး၊ (ဒီ-ဗွီ-ဘီ)၊
· ၂၀၀၃ (ဗွန်မားစဗစ်)မှာ တိုင်းရင်းသားလူမျိုးစုတို့၏ ပင်လုံစိတ်ဓါတ်အား အလေးအနက်ပြုခြင်း၊ နိုင်ငံတကာရောက် (စီဗယ်လ်-ဆိုဆိုင်ရ်တီ)တို့၏ (ကင့်ပိန်း)များ၊
· ၂၀၀၃ (ဆစ်ဒနီ)မှာ (ဒီပဲယင်း)အရေးက လွှမ်းမိုးခဲ့သည်။
· ၂၀၀၄ ၀ါရှင်တန်၊ (ကေ-အင်-ယူ)အပစ်ရပ်စကားပြောခြင်
· ၂၀၀၆ အီတလီ၊ (တူရိန်)တွင် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရေးကျခဲ့ပါသည်။
(၄) ဒေါ်အောင်ဆန်းစုကြည်အကြောင်းမပါ
(၅) “စစ်အစိုးရတိုက်သည့်ကိစ္စကို တိုက်မည့်သူနှင့် မတိုက်မည့်သူဟူ၍ မဲခွဲဆုံးဖြတ်ကြသည်” မဟုတ်ပါ။ “ဟုတ်သည်ဟု ထင်ခြင်း”အား အံ့သြရပါတော့သည်။ Credentials Challenge အရေးကို အပေါ်ယံကလေး ကြည့်ပါက ယင်းသို့သာမြင်နိုင်သည်က မဆန်းပါ။ ကိုယ်စားလှယ်များ လေ့လာဆန်းစစ်ကြသည်မှာ အတိမ်-အနက်၊ အလေး-အပေါ့၊ အကျဉ်း-အကျယ်၊ အလား-အလာ၊ များစွာများစွာ ပြည့်စုံသလောက်ရှိပြီးမှ ဆုံးဖြတ်ကြခဲ့ခြင်းဖြစ်ပါသည်။ မဲခွဲလိုသူများရှိသကဲ့သို့ (ကွန်ဆင်းဇပ်စ်) ရှာလိုသူများလည်း ရှိပါသည်။ “ဒီလက်နက်ဟာ ဒီနေရာနဲ့တော်မလာ၊ မတော်လား”ဟု အချင်များခြင်းထက် တပြားမှမပိုပါ။ မဲသည် အဆိုတခုကိုသာခွဲပြီး လူကိုမခွဲပါ။ လက်တွဲလုပ်ချင်စိတ်ကို ဖျက်မပြစ်ပါ။ ကျွန်တော်တို့မှာ မဲခွဲခြင်းအလုပ်တွေ များစွာရှိခဲ့ပြီး၊ များစွာလည်းရှိပါဦးမည်။ ဒီမိုကရေစီ မဟုတ်ပါလားခင်ဗျား။
မကောင်းသည့်စနစ်အား အမတ်တွေက မတိုက်ချင်ကြဟု ရိုးစွပ်မှုသည် ရိုးသားပါ၏လော။ ထို့ကြောင့် “ရန်သူလည်းအားရ၊ ကိုယ့်ကုန်လည်းရောင်းရအောင်” အမတ်တွေအပါအ၀င် စစ်အာဏာရှင်စနစ်ကို တိုက်နေသူများအား ဟိုဖက်ကလှည့် အပုတ်ချ၊ ဒီဘက်က လှည့်သရော်နေခြင်းများအား ပြန်လည် ဆန်းစစ်ကြရန် အနူးအညွှတ်မေတ္တာရပ်ခံပါသည်။
၎-၂-၀၉
No comments:
Post a Comment