Monday, April 20, 2009

ယဉ်ကျေးမှုဓလေ့မတူလို့တဲ့လား (လီကွမ်ယုသို့ ချေပချက်)

ဘုန်းသက်ပိုင်

အာရှဟာ ဒီမိုကရေစီနဲ့ပတ်သက်ပြီး သင့်လျော်မှုရှိတယ်၊ အောင်မြင်မှု ရရှိနိုင်တယ် ဆိုတာအပေါ် မှိန်ဖျော့သွားပေမယ့် ကြွင်းကျန်ဆဲ သံသယတွေကတော့ ရှိနေဆဲပါ။ ဒီလို သံသယမျိုးတွေဟာ အဓိကအားဖြင့် အာရှရဲ့အာဏာပိုင်ခေါင်းဆောင်တွေဆီက ထွက်ပေါ်လာကြတာပါ။ အဲဒီအထဲမှာ စကာင်္ပူရဲ့ ခေါင်းဆောင်ကြီး လီကွမ်ယုဟာ အထင်ရှားဆုံးပါပဲ။ အဲဒီခေါင်းဆောင်တွေက ယဉ်ကျးမှုဓလေ့ထုံးတမ်းချင်း မတူတာတွေကြောင့် အနောက်ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အယူအဆတွေဟာ အရှေ့(အာရှ)နဲ့ သင့်လျော်မှုမရှိဘူးလို့ အခိုင်အမာ ကိုင်စွဲထားကြပါတယ်။ အာရှဟာ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ အတွေးအခေါ်နဲ့ သမိုင်းရေးနောက်ခံ ရှိသလား။ ဒီမိုကရေစီဟာ အာရှမှာ ထွန်းကားနိုင်သလား။

ကျွန်တော်လည်း ယဉ်ကျေးမှုဓလေ့ထုံးတမ်းရဲ့ အရေးကြီးမှုကို လက်ခံယုံကြည်ပါတယ်။ ဒါပေမယ့် ဒါတစ်ခုတည်းက လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ ကံကြမာကို အဆုံးအဖြတ်ပေးတယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဒါ့အပြင် လီ(ကွမ်ယု)ရဲ့ အာရှ ဓလေ့ထုံးတမ်းနဲ့ ပတ်သက်တဲ့ အမြင်ကို ထောက်ခံနိုင်ခြင်း မရှိသလို ကိုယ်တိုင်ကျင့်သုံးနိုင်မှာလည်း မဟုတ်ပါဘူး။ သူ(လီ)က အရှေ့လူ့အဖွဲ့အစည်းတွေဟာ အနောက်လို မဟုတ်ဘဲ တစ်သီးပုဂလလူသားတွေဟာ သူ့မိသားစုရဲ့ အစိတ်အပိုင်းတွေအဖြစ် တည်ရှိကြတယ်။ မိသားစုဆိုတာကလည်း လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်လို့ လက်ခံပါတယ်။ ဒါပေမယ့်လည်း ရှောင်လွှဲမရနိုင်တဲ့ စက်မှုထွန်းကားမှုရဲ့ အကျိုးဆက်အနေနဲ့ မိသားစုဗဟိုပြု အရှေ့အာရှ လူ့အဖွဲ့အစည်းတွေဟာ အတဗဟိုပြု တစ်သီးပုဂလ၀ါဒဆီ အလျင်အမြန်ရွေ့လျား နေခဲ့ကြပါတယ်။ လူသားသမိုင်းမှာ ထာဝရတည်တယ်၊ မြဲတယ်ဆိုတာ ဘာမှ မရှိပါဘူး။

လီ အလေးအနက်အခိုင်အမာပြောတာက အရှေ့မှာ လူတစ်ဦးအတွက် မိသားစုက အစွမ်းကုန်ဖြည့်ဆည်း ပေးထားတဲ့ အရာကို အုပ်ချုပ်သူ ဒါမှမဟုတ် အစိုးရက ၀င်ရောက်ဖြည့်ဆည်းပေးဖို့ မကြိုးစားဘူးဆိုတာပါပဲ။ သူက ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်မှုရဲ့ မိသားစု အဓိကထားဓလေ့ထုံးတမ်းဟာ အရှေ့အာရှ စီးပွားရေးအောင်မြင်မှုရဲ့ အဓိကအကြောင်းအဖြစ် ရှုမြင့်ပြီး လူ့အဖွဲ့အစည်းအတွင်းက ပြသနာရပ်တွေ အားလုံးကို ဖြေရှင်းဖို့ ကြိုးစားနေကြတဲ့အတွက် အနောက်တိုင်းအစိုးရတွေကို အပြစ်တင်သွားခဲ့ကြတယ်။ သူက အလွန်အကျွံ ဒီမိုကရေစီနဲ့ အလွန်အကျွံ တစ်သီးပုဂလရပိုင်ခွင့်တွေကြောင့် အနောက်လူ့အဖွဲ့အစည်းတွေ ကျင့်ဝတ်ပိုင်းအရ ပြိုကွဲပျက်စီးနေကြတယ်လို့ သတိတောင် ပေးခဲ့ပါတယ်။ လီရဲ့အဆိုအရ တစ်ဦးပုဂလအရေးကိစ တွေအပေါ် စစ်စီတတ်တဲ့ အစိုးရပုံစံဖြစ်တဲ့ အနောက်နိုင်ငံရေးစနစ်ဟာ မိသားစုအဓိကထားတဲ့ အရှေ့အာရှနဲ့ ကိုက်ညီမှု မရှိပါဘူး။ လီက ခေတ်မီရေးနှင့်အတူပါလာတဲ့ ဘ၀နေဟန် ပြောင်းလဲမှုကို လက်ခံနေစဉ်မှာပဲ westernizationကို သူက ငြင်းပယ်ပါတယ်။ ဒီမိုကရေစီဟာ အာရှမှာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ အကြောက်အကန် ပြောဆိုယူဆနေပါတယ်။

မိသားစုတန်ဖိုး

ဒါပေမယ့် တကယ်ဖြစ်ပျက်နေတာတွေက လုံးဝ ဆန့်ကျင်ဘက်ပါ။ လီ ထင်ခဲ့သလို အာရှအစိုးရတွေဟာ လူတစ်ဦးရဲ့ ပုဂလရေးကိစ တွေမှာ ၀င်စွက်တာမျိုး၊ လူ့အဖွဲ့အစည်းရဲ့ အသေးစိတ်ပြသနာရပ်တွေ အားလုံးကို ၀န်ပိုထမ်းနေခြင်း မရှိဘူးဆိုတာ မမှန်ပါဘူး။ တစ်သီးပုဂလတွေ မိသားစုတွေရဲ့ နေ့စဉ်အမှုကိစတွေမှာ အာရှအစိုးရတွေရဲ့ ၀င်စွက်မှုဟာ အနောက်ထက် အများကြီး ပိုပါတယ်။ ဥပမာ - ကိုရီးယားမှာဆို အိမ်ထောင်စုတိုင်းဟာ ဒေသနရရေးကိစတွေနဲ့ပတ်သက်ပြီး အစိုးရညွှန်ကြားချက်တွေ၊ ဆွေးနွေးမှုတွေကို ရယူဖို့ ရပ်ရေးရွာရေး ဆွေးနွေးပွဲတွေကို လစဉ်တက်ဖို့ လိုအပ်ပါတယ်။ ဂျပန်ရဲ့သြဇာကြီးမားတဲ့အစိုးရဟာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့ စီးပွားရေးလောကထဲကို ၀င်ရောက်စွက်ဖက်တာမျိုးတွေ ရှိပြီး အမေရိကန်နဲ့ အခြားကုန်သွယ်ဖက်တွေရဲ့ ငြိုငြင်မှုကို ခံနေခဲ့ရပါတယ်။ လီ ရဲ့ စကာင်္ပူမှာဆိုရင်လည်း ပီကေ၀ါးတာ၊ တံတွေးထွေးတာ၊ ဆေးလိပ်သောက်တာ၊ အမှိုက်ပစ်တာ စတာတွေလိုမျိုး လူတစ်ဦးရဲ့ ပုဂလဆောင်ရွက်မှုတွေကို အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။ ဒီအချက်တွေဟာ လီရဲ့ အာရှအစိုးရတွေဟာ ၀န်ပိုတွေ လျှော့ထားမှုတွေလို့ အခိုင်အမာပြောဆိုမှု မျက်နှာစာမှာ ၀ဲပျံနေပါတယ်။

လီလိုမျိုး အမြင်တွေဟာ အာရှမှာကော၊ အနောက်တိုင်းသား အချို့အကြားမှာပါ တိမ်းညွှတ်နေပါတယ်။ အဓိက အကြောင်းကတော့ ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း များအကြားမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြိုကွဲပျက်စီးနေမှုကြောင့်ပါပဲ။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံသား မိုက်ကယ်ဖေးရဲ့ လက်သရမ်း ဆောင်ရွက်မှုအတွက် စင်္ကာပူအစိုးရက ပေးတဲ့ကြိမ်ဒဏ်ဟာ ထိုက်တန်တယ်လို့ အမေရိကန်အများအပြားက တွေးထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေက အနောက်ယဉ်ကျေးမှု ဓလေ့တွေရဲ့ ပင်ကိုယ် ချို့ယွင်းချက်တွေကြောင့် မဟုတ်ပါဘူး။ စက်မှုထွန်းကားတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ချို့ယွင်းချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီလို အဖြစ်အပျက်မျိုးဟာ အခုအခါမှာ အာရှရဲ့ စက်မှုထွန်းသစ်တဲ့ လူ့အဖွဲ့အစည်းတွေမှာ ပျံ့နှံ့နေပါပြီ။ လီက သေးငယ်တဲ့ မြို့ပြနိုင်ငံလေးဖြစ်တဲ့ စင်္ကာပူဟာ နိုင်ငံသားတွေကို ထိန်းချုပ်ဖို့ အကြွင်းမဲ့အာဏာပိုင် (police state) (ရဲတပ်ဖွဲ့ကျောထောက်နောက်ခံပြု ထိန်းချုပ်ဆောင်ရွက်တဲ့ နိုင်ငံ) တစ်ခုနီးပါး ပါပဲ လိုအပ်တယ်လို့ ပြောတာနဲ့ အစိုးရတွေဟာ မိသားစုတွေရဲ့ ပုဂလိကအရေးကိစတွေမှာ ၀င်ရောက်စွက်ဖက်မှုကနေ လက်ရှောင်ထားမယ်ဆိုရင် အားလုံးဟာ ကောင်းကျိုးချမ်းသာ ဖြစ်စေတယ်လို့ သူ့ရဲ့ အခိုင်အမာ အလေးအနက် ပြောဆိုမှုတွေဟာ ရှေ့နောက်ကွဲနေပါတယ်။ စက်မှုထွန်းကားလူ့အဖွဲ့အစည်းတွေရဲ့ ဆိုးဝါးမှုတွေကို ကုသဖို့အတွက် တစ်ခုတည်းသောနည်းက police state ရဲ့ တင်းကျပ်တဲ့ ဆောင်ရွက်မှုတွေကို ဖော်ဆောင်ဖို့ မဟုတ်ပါဘူး။ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပညာပေးဆောင်ရွက်မှုကို အလေးပေး ဆောင်ရွက်ရမှာပါ။ စိတ်ယဉ်ကျေးမှုပိုင်းဆိုင်ရာ တန်ဖိုးတွေကို အထူးအလေးပေးရမယ်၊ ယဉ်ကျေးမှု ဓလေံထုံးတမ်းရဲ့ အနုပညာရပ်တွေမှာ နှုန်းစံတန်ဖိုးတွေ မြင့်တက်လာအောင် မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။

အားလုံးရဲ့ကဏ္ဍ

စီးပွားရေးအလျင်အမြန်ပြောင်းလဲမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေအတွက် အနောက်ယဉ်ကျေးမှုကို ပုံချနေမယ့်အစား အာရှလူ့အဖွဲ့အစည်းရဲ့ အစဉ်အလာကောင်းမှုတွေက ပိုမိုသာလွန်ကောင်းမွန်တဲ့ ဒီမိုကရေစီ ဖြစ်ထွန်းအောင် ဘယ်လို ဖြည့်ဆည်းပေးနိုင်သလဲဆိုတာကို ရှာဖွေကြည့်ရှု လေ့လာတာက ပိုပြီး လျော်ကန်မှု ရှိပါတယ်။ အာရှမှာ ဒီမိုကရေစီဟာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတန်ဘိုးတွေကို အလေးထားနေတာနဲ့ တစ်ချိန်တည်းမှာပဲ ကိုယ့်ခြေထောက်ပေး ကိုယ်ရပ်တည်ရေးကို ပိုမိုကြီးထွားလာအောင် အားပေးနိုင်ပါတယ်။ ဒီလို ဒီမိုကရေစီလူ့အဖွဲ့အစည်းမျိုးဟာ ပြည်သူတစ်ရပ်လုံးရဲ့ တစ်ခုတည်းသော စစ်မှန်တဲ့ ဆနသဘောထားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ လူ့အဖွဲ့အစည်းထဲက အစိတ်အပိုင်းအသီးသီးရဲ့ ပြည့်ဝတဲ့ ပူးပေါင်းမှု ၊ ဆောင်ရွက်မှုကို လိုအပ်ပါတယ်။ ဒါမှသာ ဒီမိုကရေစီဟာ သဘာဝကျပြီး တိုင်းပြည်တစ်ပြည်ရဲ့ လားရာအမြင်ကို ထင်ဟပ်နေမှာ ဖြစ်ပါတယ်။

အာရှအာဏာပိုင်တွေက - ထိရောက်တဲ့ အုပ်ချုပ်ရေးစည်းမျဉ်းတွေ - ဆိုတာနဲ့ - ဥပဒေနှင့်အညီ -ဆိုတဲ့ အယူအဆတွေကြား ဆက်စပ်မှုကို နားလည်မှု လွဲနေကြပါတယ်။ အများပြည်သူအကြား အခြေအတင် အကျေ အလည်ဆွေးနွေးပြီးမှ ရရှိလာတဲ့ ပေါ်လစီမျိုးတွေဟာ အာရှရဲ့ ဂုဏ်ယူစရာ ကောင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေကြတဲ့ ပြည်သူတွေအတွက် ခွန်အားဖြစ်လာစေပါလိမ့်မယ်။

ဂလိုဘယ်ဒီမိုကရေစီဆိုတာ - ကျနော်တို့ တစ်ဦးအပေါ် တစ်ဦး ဘယ်လိုပြုမူဆက်ဆံကြတယ် - ဆိုတာနဲ့ -ကျနော်တို့ သဘာဝတရားအပေါ် ဘယ်လိုပြုမူဆက်ဆံကြတယ် - ဆိုတာကြား ဆက်နွယ်နေမှုကို အသိအမှတ် ပြုရပါလိမ့်မယ်။ ပြီးတော့ အဲဒါက အနာဂတ်မျိုးဆက်တွေကို ကောင်းကျိုးဖြစ်ထွန်းစေတဲ့ မူဝါဒတွေကို ရရှိစေပါလိမ့်မယ်။ ဒီနေ့ ကျနော်တို့ဟာ မျိုးစိတ်အားလုံး လုံးဝမျိုးတုံး ပျက်သုဉ်းနေမှု အနရာယ်နဲ့ ရင်ဆိုင်နေရပြီး သဘာဝပတ်ဝန်းကျင်ရဲ့ တင်ကျန်မှုဟာ ခြိမ်းခြောက်ခံနေရပါတယ်။ ဒီမိုကရေစီကို ညီရင်းအစ်ကို ချစ်ကြည်မှုနဲ့ မိုအောက်မြေပြင် တစ်ခွင်လုံး ပျံ့နှံ့ကျယ်ဝန်းစေမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ကမာမှု ပြုကြရပါမယ်။

အာရှမှာ ဒီလို ပျံ့နှံ့အောင် ဆောင်ရွက်မှုတွေကို အဓိကအားဖြင့် အာရှရဲ့ သေးငယ်ပေမယ့် အစွမ်းထက်တဲ့ နိုင်ငံရေးလုပ်ကိုင်ဆောင်ရွက်တဲ့ အုပ်စုတွေက အဓိက မောင်းနှင်နေကြပါတယ်။ ပြီးတော့ ကမာတလွှား ဒီမိုကရေစီထွန်းကားေ၇းအတွက် ဆောင်ရွက်နေကြတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အစိုးရအပိုင်း အုပ်စုတွေကလည်း အားပေးထောက်ခံနကြပါတယ်။ ဒါတွေဟာ အာရှရဲ့ ဒီမိုကရေစီအနာဂတ်အတွက် မျှော်လင့်စရာ သင်္ကေတတွေပါပဲ။ ဒီလိုအင်အားစုတွေဟာ သူတို့ ပြည်သူပြည်သား အရေးကိစ တွေနဲ့ ပတ်သက်ပြီး သူတို့အစိုးရတွေက နားထောင်လာအောင် လုပ်နိုင်စွမ်းရှိကြသူတွေပါ။ သူတို့ကို ထောက်ခံသင့်ကြပါတယ်။

အာရှမှာ ကမာကြီးအတွက် ဖြည့်ဆည်းပေးနိုင်စရာတွေ အများကြီး ရှိပါတယ်။ အာရှဒေသရဲ့ ကြွယ်ဝတဲ့ ဒီမိုကရေစီဆန်တဲ့ အတွေးအခေါ်တွေရဲ့အစဉ်အလာတွေဟာ ဂလိုဘယ်ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုအတွက် အထူးတလည် ဖြည့်ဆည်းပေးနိုင်ပါတယ်။ ကျနော်တို့ရဲ့ ကံကြမာအတွက် မရှိမဖြစ်လိုအပ်တာက ဓလေ့ထုံးတမ်းတွေ မဟုတ်ပါဘူး။ ဒီမိုကရေစီပါ။

(ပါဋိ၊ ပါတ်ဆင့် ရိုက်မရသော နည်းပညာအခက်အခဲကြောင့် ဖြည့်စွက်ဖတ်ရှုပေးပါရန်)

Ref; Is Culture Destiny? The Myth of Asia's Anti-Democratic Values by Kim Dae-June

No comments: