Thursday, September 25, 2008

မြန်မာ့စီးပွားကမ္ဘာကိုလွမ်းစေရမည်

အရက်ချက်လုပ်ငန်းလုပ်မည်ဆိုလျှင်

အရက်ချက်လုပ်ရာတွင် ကာဘိုဟိုက်ဒရိတ်ပါဝင်မှုမြင့်သော သီးနှံများဖြစ်သည့် ဂျုံ၊ ဘာလီ၊ စပါး၊ မုယော စသည့် ကုန်ကြမ်းများကို အသုံးပြုရသည်။ ကျေးလက်ဒေသများတွင် ဆန်၊ ကောက်ညှင်း၊ ထန်းညက်၊ ကြံသကာ၊ ပြောင်း၊ နှံစားပြောင်း များကို အသုံးပြုရကြောင်း၊ ယခုနောက်ပိုင်း ဈေးနှုန်းကြီးမြင့်သည့် ကောက်ညှင်း၊ ထန်းညက်၊ ကြံသကာတို့ဖြင့် အရက်ချက်လျှင် စီးပွားရေးအရ တွက်ချေမကိုက်ပေ။ ကျေးလက်ဒေသများ၊ တောင်တန်းဒေသများမှ တပိုင်တနိုင် အရက်ချက်သူများမှာ ဆန်ဈေးနှုန်း၊ ထင်းဈေးနှုန်း၊ အခွန်အခ(ယစ်မျိုးခွန်)များကြောင်း၊ စီးပွားရေးအရ တွက်ချေကိုက်စေရန် တဖက်တလမ်းမှ ၀က်မွေးကြသည်ဟု ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ လိုင်စင်ရ အရက်ချက်သူတဦးက ပြောကြားပါသည်။

ဆန်တစ်ပုံးကို အရက်ချက်လုပ်မည်ဆိုပါက အရက်ငှက်ပျောဖူးပုလင်း (၁၈) ပုလင်းမှ (၂၀) ပုလင်းအထိရကြောင်း၊ တစ်ပုလင်းကို (၆၀၀)ကျပ်နှင့်တွက်လျှင် (၁၂၀၀၀)ကျပ်ခန့် ရကြောင်း၊ ဆန်တစ်ပုံးလျှင် (၇၀၀၀)ကျပ်ခန့်ရှိ၍ ထင်းဖိုး၊ လုပ်အားခနှင့် တွက်လျှင် တွက်ခြေမကိုက်ကြောင်း၊ အရက်ချက်လိုင်စင်သည် တနှစ်စာအတွက် သိန်းဂဏန်းခန့်ရှိကြောင်း၊ ထို့ကြောင့် ခေါင်ဖတ်များကို ၀က်စာလုပ်၍ ၀က်ကိုကျွေးရာ ၀က်မွေးမြူမှု တွက်ချေကိုက်ကြောင်း ကယားတိုင်းရင်းသူ တစ်ဦးမှ ရှင်းပြပါသည်။

သြော်......ကမ္ဘာက လွမ်းသွားရမယ့် ခုတ်ရာတခြား၊ ရှရာတခြား မြန်မာ့စီးပွားရေးပါလား။

No comments: