Sunday, November 9, 2008

မြန်မာဘင်္ဂလားဒေ့ရှ် နယ်ခြားတင်းမာမှု

နိုဝင်ဘာ ၉။ (အေပီ)။ ညိုသောင်း


အငြင်းပွါးနေသော ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာရေပိုင်နက်ကြားရှိ ရေနံနှင့်သဘာဝဓါတ်ငွေ့ စူးစမ်းရှာဖွေရေး ဇုန်နေရာသို့ နှစ်ဖက်မှ ညှိနှိုင်းမရ ဖြစ်ပြီးသောအခါ မြန်မာဘက်က စစ်တပ် ထပ်ချထားသဖြင့် ဘင်္ဂလားဒေ့ရှ်က မိမိ၏ နယ်ခြားစောင့်တပ်ကို အရေးပေါ်တပ်လှန့်ထားသည်ဟု ဒက်ကာမှလာသော သတင်းရပ်ကွက်က ဆို၏။

နှစ်နိုင်ငံစလုံးတို့က ရေနံနှင့်သဘာဝဓါတ်ငွေ့သိုက်ရှိမည်ဟုယူဆရသော အဆိုပါ ဘင်္ဂလားပင်လယ်အော်ဒေသကို သူပိုင်ငါပိုင် တောင်းဆိုနေကြသည်။ ဘင်္ဂလားဒေ့ရှ်က အဆိုပါနေရာ ဒေသ အချို့သို့ မြန်မာဘက်က စူးစမ်းရှာဖွေရေး အပြုအမူကြောင့်အမျက်ထွက်နေခဲ့သည်။

ဓါတ်ပုံ-မြန်မာရေပိုင်နက်အနီး အပြည်ပြည်ဆိုင်ရာ ရေပြင်တွင် နေရာယူထားသော ဘင်္ဂလားဒေ့်ရှ် ရေတပ်သင်္ဘောတစ်စီး (အေအက်ဖ်ပီ)

“ကျနော်တို့က ပုံမှန် နိုးနိုးကြားကြား ရှိဖို့ တပ်ဖြည့်တာပါပဲ။ စိုးရိမ်စရာသိပ်မရှိပါဘူး”ဟု အေ ကေ အမ်နုရူးဘာဟာ အမည်ရှိ ထိပ်တန်းနယ်ခြားစောင့် အရာရှိက ပြောသည်။ “မြန်မာက ကျနော်တို့ရဲ့နယ်ခြားတလျှောက်မှာ တပ်တွေတိုးချနေတယ်လို့သတင်းရရှိထားတယ်”ဟု သူက ဆို၏။ သို့သော် အကျယ်အ၀င့် ပြောကြားခြင်းမရှိပါ။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သည် မိုင်ပေါင်း၁၇၀ ခန့် နယ်ခြားချင်းထိစပ်နေသည်။

ဘင်္ဂလားဒေ့ရှ်သည်ပဋိပက္ခကို ငြိမ်းချမ်းစွာအဖြေရှာလိုကြောင်းနှင့်မိမိ၏ အချုပ်အချာအာဏာကို ဖြစ်သလို ကာကွယ်ရန် အဆင့်သင့်အနေအထား ရှိကြောင်း နိုင်ငံခြားရေးအကြံပေး အစ်ဖ်တီခါ အာမက် ချောင်ဒူရီက သတင်းထောက်များအား စနေနေ့ကပြောကြားခဲ့သည်။

တနင်္လာနေ့တွင် ဘင်္ဂလားဒေ့ရှ်က မြန်မာအား စစ်သင်္ဘောများ မီသိန်းကဲ့သို့သော သဘာဝဓါငွေ့သိုက်ရှိနိုင်သည့်အဆိုပါအငြင်းပွါးဒေသသို့စေလွတ်ခဲ့ကြောင်း စွပ်စွဲထားသည်။ ပြဿနာ ဖြစ်ရခြင်းမှာ မြန်မာက ငှားရန်းထားသော တောင်ကိုးရီးယားမှ ဒေ၀ူး ကော်ပိုရေးရှင်းက စက်တင်ဘာလတွင်စတင်ရေနံရှာဖွေရေး လုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်က ငုင်းလုပ်ရပ်ကို မိမိ၏ ရေပိုင်နက်သို့ ကျူးကျော်သည်ဟုဆိုကာ ကန့်ကွက်ခဲ့သည်။မြန်မာ ဘက်ကမူ ဘင်္ဂလားဒေ့၏ တင်ပြချက်သည် တရားမ၀င်ဘဲမှားယွင်းကြောင်း တုံ့ပြန်သည်။

ဘင်္ဂလားဒေ့ရှ်က တင်းမာနေသော ပြသနာ ကို သံတမန်နည်းဖြင့်သာ အဖြေရှာလိုသည်ဟု ဆိုကာ ငုင်း၏ရေတပ် သင်္ဘောများကို အဆိုပါဒေသ သို့ စေလွှတ်နေသည်။ မြန်မာ စစ်အစိုးရ၏ နေပြည်တော်တွင် စကားပြောခဲ့သော်လည်း သောကြာနေ့တွင် အဆုံးမသတ်နိုင်ဘဲ ပြီးဆုံးခဲ့သည်။ လာမည့်နိုဝင်ဘာလ ၁၆-၁၇ ၇က်နေ့တွင် ဒက်ကာမြို့တွင် ဆက်လက်ဆွေးနွေးရန်ရှိသေးသည်ဟု သိရသည်။

(ညိုသောင်း တင်ပြသည်)

No comments: