မဇ္ဈိမသတင်းဌာန |
တနင်္လာနေ့၊ နိုဝင်ဘာလ 03 2008 12:24 - မြန်မာစံတော်ချိန် |
ဒါကာ။ ။ မြန်မာပိုင် ရေယာဉ်များ သူ၏ ပင်လယ်ရေပိုင်နက်အတွင်း ၀င်ရောက်ကျူးကျော်မှုကို ဘင်္ဂလားဒေ့ရှ်က တနင်္ဂနွေနေ့တွင် ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အကွက် 08-13 တွင် မြန်မာပိုင်ရေယာဉ်များ ကျူးကျော် ၀င်ရောက်နေသည်ကို ဆန့်ကျင်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဖေသန်းဦးကို မြို့တော်ဒါကာရှိ နိုင်ငံခြားရေးရုံးသို့ ခေါ်ယူတွေ့ဆုံပြီး ပြောဆိုလိုက်ခြင်း ဖြစ်သည်။ နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းရေးမှူး တော်ဟဒ် ဟိုစိန်က ဆန့်ကျင်ကြောင်း သဘောထား မှတ်တမ်းလွှာကို မြန်မာ သံအမတ်ကို ပေးအပ်ပြီး ဘင်္ဂလားဒေ့ရှ်၏ ၁၉၇၄ ခုနှစ် ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များ အက်ဥပဒေအရ မြန်မာအစိုးရမှ အဆိုပါ ကျူးကျော်မှုများကို ချက်ချင်း ရပ်တန့်ပေးရန် တောင်းဆိုသည်။ ထိုမှတ်တမ်းလွှာတွင် ဘင်္ဂလားဒေ့ရှ် အစိုးရမှ သူ၏ ပိုင်နက်များကို ကာကွယ်ရန် အခွင့်အာဏာ ရှိသည်နှင့်အညီ၊ မြန်မာအစိုးရပိုင် ရေယာဉ်များက ပိုင်နက် ကျူးကျော်သဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ပြဿနာများ ဖြစ်ပေါ်နေမှုကို မြန်မာအစိုးရမှ ဖြေရှင်းပေးရန် တိုက်တွန်းကြောင်း ပါရှိသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး၏ သတင်းစာရှင်းလင်းချက်တွင် ဖော်ပြထားသည်။ |
Monday, November 3, 2008
ရေပိုင်နက် ကျူးကျော်မှုဖြင့် ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရကို ကန့်ကွက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment