Friday, January 2, 2009

ရုပ်ရှင်ပွဲတော် ပြိုင်ပွဲဝင်ခွင့် ဆင်ဆာဘုတ် ခွင့်ပြုချက်လို

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇန်နဝါရီလ 02 2009 16:50 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံတကာ ရုပ်ရှင်ပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်လိုသူများ အနေဖြင့် ဆင်ဆာဘုတ် ခွင့်ပြုချက် ရယူပြီးသော ရုပ်ရှင်နှင့် မှတ်တမ်းကားများကိုသာ ၀င်ပြိုင်ရမည်ဖြစ်ကြောင်း စည်းကမ်းသစ်တရပ်ကို ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန်လိုက်သည်ဟု ရုပ်ရှင် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

"ရုပ်ရှင်ဆင်ဆာအဖွဲ့က စည်းကမ်းအသစ်တခု ထုတ်လိုက်တယ်။ အဲသလိုပြိုင်ပွဲဝင်မယ်ဆိုရင် သူတို့ဆီမှာ ဆင်ဆာဘုတ် အဖွဲ့မှ ခွင့်ပြုချက်ရယူပြီးမှ ပြိုင်ရမယ် ဆိုပြီး လုပ်ထားတယ် " ဟု ရုပ်ရှင် ဒါရိုက်တာတဦးက ပြောသည်။

ရန်ကုန်ရှိ ရုပ်ရှင် လောကသားများ အဆိုအရ ဒါရိုက်တာ ကြည်ဖြူသျှင်၏ မှတ်တမ်းတင် ရုပ်ရှင်ကားတကား အမေရိကန်နိုင်ငံ အခြေစိုက် အဖွဲ့တခု၏ ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံး မှတ်တမ်းတင် ရိုက်ကူးချက် "2008 Best Short Award " ဆု ရရှိပြီးနောက် ယခု ကန့်သတ်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

အမျိုးသမီး ဒါရိုက်တာ ကြည်ဖြူသျှင်သည် National Geo-graphic အဖွဲ့မှ ပေးအပ်သော ဆုကို "ဝသုန်ရဲ့ ကောက်ကြောင်း" ဇာတ်လမ်းတိုဖြင့် ဆုရရှိခဲ့သည်။

No comments: