သဲသဲ |
အင်္ဂါနေ့၊ ဇန်နဝါရီလ 06 2009 17:23 - မြန်မာစံတော်ချိန် |
နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်တွေတက္ကသိုလ်နှင့် အစိုးရနည်းပညာကောလိပ် ကျောင်းကြိုပို့ ကားခနှုန်းထား တိုးတောင်းခြင်းအပေါ် သဘောတူညီမှုမရ၍ ကျောင်းကားမထွက်မှု ယမန်နေ့က ဖြစ်သွားခဲ့သည်။ ကားလိုင်းများက စက်သုံးဆီခွဲတမ်း တိုးပေးရန် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီထံ တောင်းဆိုရာ မရရှိသောကြောင့်၊ ကားခကို ကျပ် ၅၀ မှ ကျပ် ၁၀၀ သို့ တိုးမြှင့်တောင်းရာ သဘောတူညီမှု မရသဖြင့် ကျောင်းကားများ မပြေးဆွဲဘဲ နေခဲ့ကြသည်။ ကျောင်းကားမလာ၍ ကျောင်းသားများ လမ်းလျှောက်ပြန်ကြသောအခါ ဆန္ဒပြမှုကဲ့သို့ ဖြစ်မည်ကို အာဏာပိုင်များ စိုးရိမ်လာခဲ့ကြသည်။ "ကားသမားတွေက ကျောင်းသားတွေဆီက ၁၀၀ တောင်းတာ။ ကလေးတွေက မပေးနိုင်တော့ မနေ့က မနက်မှာ ကားတစီးမှ မထွက်ဘူး။ အဲဒီတော့ ကလေးတွေက လမ်းလျှောက်သွားတော့တာပဲ" ဟု ကျောင်းသားမိဘ တဦးက မဇ္ဈိမကို ပြောသည်။ ကျောင်းသား ဦးရေ ရာနှင့်ချီ၍ စစ်တွေလမ်းမအတိုင်း မြို့ပြင်ရှိ ကျောင်းများသို့ လမ်းလျှောက်နေစဉ် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်၊ ဒေသအာဏာပိုင်များနှင့် ရဲများက အရေးပေါ်ကားများ စီစဉ်ပေးခဲ့သည်။ အစိုးရ ရုံးကားများအပြင် အဝေးပြေး ခရီးသည်တင် ဘတ်(စ်)ကားများ၊ ဆိုင်ကယ်ကယ်ရီများနှင့် လမ်းကြုံသည့် သုံးဘီး ဆိုင်ကယ်များကိုပါ အရေးပေါ် ခေါ်ယူချောဆွဲ ပေးခဲ့ရကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးမှ အရာရှိတဦးကလည်း မဇ္ဈိမကို ပြောသည်။ ယမန်နေ့ညက မြို့နယ်နှင့် ကျောင်း အာဏာပိုင်အများအကြား အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက်၊ ကားခဈေးနှုန်းကို ၇၅ ကျပ်အဖြစ် သတ်မှတ်လိုက်သည်။ |
Tuesday, January 6, 2009
စစ်တွေတက္ကသိုလ် ကျောင်းကားခတက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment