Friday, March 13, 2009

သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင်လည်း မြန်မာ့နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအတွက် ဆန္ဒပြုတောင်းဆိုခြင်းလှုပ်ရှားမှု စတင်ပြီ

၁၃ မတ်လ ၂၀၀၉

မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ဖြစ်သော ၁၃၊ ၃၊ ၂၀၀၉ ရက်နေ့တွင် သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ နအဖစစ်အစိုးရ၏ မတရားဖမ်းဆီးအကျဉ်းချထားခြင်း ခံနေရသော ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် ဦးမညွတ်တိုက်ပွဲဝင်လျက်ရှိကြသည့် နိုင်ငံရေးအကျဉ်းသားများအား စစ်အစိုးရမှ ပြန်လည်လွှတ်ပေးရန်အတွက် လှုပ်ရှားမှုတစ်ရပ်ကို စတင်ပြီဖြစ်ကြောင်း သိရှိရသည်။

ယင်းအခန်းအနားသို့ သြစတေးလျ နိုင်ငံရေးပါတီများ၊ သြစတေးလျရောက် မျိုးချစ်မြန်မာများနှင့် စိတ်ပါဝင်စားသူ သြစတေးလျနိုင်ငံသားများ တက်ရောက်ခဲ့ပါသည်။

ယင်းအခန်းအနားတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကမ်ပိန်း စတင်ဖွင့်လှစ်ခြင်း၊ မြန်မာပြည်၏ နိုင်ငံရေးအကျဉ်းသားများ လက်ရှိ ဖြစ်ပွားခံစားနေရသောအခြေအနေများကို (ဓါတ်ပုံဗီဒီယိုမှတ်တမ်း သတင်းအချက်အလက်များနှင့်တကွ) နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ကိုတင်လှိုင်(ခ)ကိုအီးဗား (AAPPB)မှ တင်ပြရှင်းလင်းမှုများ ပြုလုပ်ခြင်း၊ ၎င်းကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသော စစ်ကြောရေးနှင့် ထောင်တွင်းအတွေ့အကြုံများကို ဖေါ်ထုတ်ရှင်းလင်းပြောပြခြင်း၊ ပိုစတာ၊ ပို့စကဒ်၊ ရင်ထိုး၊ ဗီစီဒီနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPPB) မှ ပြုစုထုတ်ဝေသော အကျဉ်းထောင်တွင်း သေဆုံးခဲ့ရသော နိုင်ငံရေးအကျဉ်းသားများစာရင်းနှင့် ကိုယ်ရေးအချက်အလက်စာအုပ်၊ စတင်ဖမ်းဆီးစဉ်မှစ၍ ထောင်မှ ပြန်လည်လွတ်မြောက်လာချိန်အထိ နအဖ၏ညှင်းပမ်းနှိပ်စက်မှု အမျိုးမျိုးအား စုဆောင်းထုတ်ဝေထားသည့် စာအုပ်နှင့် လက်ရှိထောင်ထဲတွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ၏ နောက်ဆုံးအခြေအနေ စာအုပ်များအား ဖြန့်ဝေခြင်းတို့နှင့် မြန်မာ့နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကမ်ပိန်းအတွက် လက်မှတ်များ သြစတေးလျနိုင်ငံတွင် စတင် စုဆောင်းခြင်းများကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။










No comments: